iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ဦး တစ္ေယာက္စီတိုင္းရဲ႕ ဘဝမွာ အခ်စ္ဦး ဆိုတဲ့သူ တစ္ေယာက္ေတာ့ ရွိၾကပါတယ္။ မိဘ ေဆြမ်ိဳးသားခ်င္းေတြ ၿပီးလွ်င္ ဘဝမွာ ပထမဆုံး ခ်စ္ခဲ့ရတဲ့သူကေတာ့ အခ်စ္ဦးပဲ ျဖစ္ပါတယ္။ အခ်စ္ဦးမို႔ ႐ူးေတာင္ မေမ့ဘူး ဆိုတဲ့ ေရွးကတည္းက ဆိုခဲ့တဲ့ စာဆိုမ်ားအတိုင္း အခ်စ္ဦးကို လူတိုင္း ဘယ္သူမွ ေမ့လို႔ရမယ္ မထင္ပါဘူး။

ဆယ္ေက်ာ္သက္ အရြယ္ (သို႔) ႏွစ္ဆယ္ေက်ာ္သက္အရြယ္ အမ်ားအားျဖင့္ ဆယ္ေက်ာ္သက္ အရြယ္မွာ အခ်စ္ဦးကို ေတြ႕ရွိပီး ခ်စ္ခဲ့ၾကတာ မ်ားပါတယ္။ အခ်စ္ဦးကို မေမ့ႏိုင္ရတဲ့ အေၾကာင္းမ်ားကေတာ့…

1) ရင္ခုန္ စိတ္လႈပ္ရွားၿပီး ပထမဆုံး ခ်စ္ခဲ့ရတဲ့သူ ျဖစ္လို႔ပါ။

2) မ်က္ႏွာေလးျမင္႐ုံ၊ အေဝးက လွမ္းေတြ႕႐ုံနဲ႔ ေပ်ာ္ရႊင္ေစႏိုင္တဲ့သူ ျဖစ္လို႔ပါ။

3) ပထမဆုံး ခ်စ္ခင္ရတဲ့ သူစိမ္းတစ္ေယာက္ ျဖစ္လို႔ပါ။

တစ္ျခားေသာ အေၾကာင္းအရာ မ်ားစြာေၾကာင့္ အခ်စ္ဦးကို ေမ့လို႔ မရတတ္ၾကပါဘူး။ အခ်စ္ဦး ဆိုသူနဲ႔ အခုအခ်ိန္ထိ ေပါင္းဖက္ၾကတဲ့ သူေတြ ရွိသလို အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အခ်စ္ဦးႏွင့္ လြဲခဲ့ရသူေတြလည္း ရွိပါတယ္။

အခ်စ္ဦးကို အရင္ အခ်ိန္ေတြက မုန္းခဲ့၊ နာက်ည္းခဲ့တာေတြ ရွိခ်င္ရွိမယ္။ အခ်ိန္ၾကာလာၿပီ ဆိုရင္ေတာ့ အခ်စ္ဦး ဆိုသူကို မမုန္းဘဲ ရင္ထဲက သံေယာဇဥ္ရွိတဲ့သူ တစ္ဦးအျဖစ္ သတိရေနအုံးမွာပါ။

လက္ရွိမွာ ခ်စ္ရတဲ့သူ ရွိေနရင္ေတာ့ တစ္ခါတစ္ရံ အခ်စ္ဦး ဆိုတာကို သတိရတတ္တာမ်ိဳး၊ Facebook သုံးရင္ People you may know မွာ သူ႔အေကာင့္ ေပၚလာရင္ ဝင္ၾကည့္တတ္တာမ်ိဳး၊ သူေအာင္ျမင္တာေတြ႕ရင္ ဝမ္းသာတတ္ၿပီး ရႈံးနိမ့္တာမ်ိဳးေတြ႕ရင္ စိတ္မေကာင္း ျဖစ္တတ္တာမ်ိဳးေတြ ရွိတတ္ပါတယ္။

အဲ့တာက အခ်စ္ဦးကို ျပန္လိုခ်င္တာေၾကာင့္၊ လက္ရွိ ခ်စ္သူကို ေဖာက္ျပန္ခ်င္တာေၾကာင့္ မဟုတ္ပါဘူး။ သူလည္း သူ႔ဘဝ ကိုယ္လည္း ကိုယ့္ဘဝ ျဖစ္သြားခဲ့ေပမယ့္ သူက ကိုယ့္ရဲ႕ အခ်စ္ဦး ျဖစ္ေနလို႔ပါ။ အခ်စ္ဦး ဆိုတာ ဘဝမွာ ဘယ္အခ်ိန္ျဖစ္ျဖစ္ သံေယာဇဥ္ မျပတ္ႏိုင္သလို ဘယ္ေတာ့မွလည္း ျပန္မလိုခ်င္ေတာ့တဲ့ သူ တစ္ေယာက္ပါ။

Credit : ပစ္တိုင္းေထာင္
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတစ်ဦး တစ်ယောက်စီတိုင်းရဲ့ ဘဝမှာ အချစ်ဦး ဆိုတဲ့သူ တစ်ယောက်တော့ ရှိကြပါတယ်။ မိဘ ဆွေမျိုးသားချင်းတွေ ပြီးလျှင် ဘဝမှာ ပထမဆုံး ချစ်ခဲ့ရတဲ့သူကတော့ အချစ်ဦးပဲ ဖြစ်ပါတယ်။ အချစ်ဦးမို့ ရူးတောင် မမေ့ဘူး ဆိုတဲ့ ရှေးကတည်းက ဆိုခဲ့တဲ့ စာဆိုများအတိုင်း အချစ်ဦးကို လူတိုင်း ဘယ်သူမှ မေ့လို့ရမယ် မထင်ပါဘူး။

ဆယ်ကျော်သက် အရွယ် (သို့) နှစ်ဆယ်ကျော်သက်အရွယ် အများအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အချစ်ဦးကို တွေ့ရှိပီး ချစ်ခဲ့ကြတာ များပါတယ်။ အချစ်ဦးကို မမေ့နိုင်ရတဲ့ အကြောင်းများကတော့…

1) ရင်ခုန် စိတ်လှုပ်ရှားပြီး ပထမဆုံး ချစ်ခဲ့ရတဲ့သူ ဖြစ်လို့ပါ။

2) မျက်နှာလေးမြင်ရုံ၊ အဝေးက လှမ်းတွေ့ရုံနဲ့ ပျော်ရွှင်စေနိုင်တဲ့သူ ဖြစ်လို့ပါ။

3) ပထမဆုံး ချစ်ခင်ရတဲ့ သူစိမ်းတစ်ယောက် ဖြစ်လို့ပါ။

တစ်ခြားသော အကြောင်းအရာ များစွာကြောင့် အချစ်ဦးကို မေ့လို့ မရတတ်ကြပါဘူး။ အချစ်ဦး ဆိုသူနဲ့ အခုအချိန်ထိ ပေါင်းဖက်ကြတဲ့ သူတွေ ရှိသလို အကြောင်း အမျိုးမျိုးကြောင့် အချစ်ဦးနှင့် လွဲခဲ့ရသူတွေလည်း ရှိပါတယ်။

အချစ်ဦးကို အရင် အချိန်တွေက မုန်းခဲ့၊ နာကျည်းခဲ့တာတွေ ရှိချင်ရှိမယ်။ အချိန်ကြာလာပြီ ဆိုရင်တော့ အချစ်ဦး ဆိုသူကို မမုန်းဘဲ ရင်ထဲက သံယောဇဉ်ရှိတဲ့သူ တစ်ဦးအဖြစ် သတိရနေအုံးမှာပါ။

လက်ရှိမှာ ချစ်ရတဲ့သူ ရှိနေရင်တော့ တစ်ခါတစ်ရံ အချစ်ဦး ဆိုတာကို သတိရတတ်တာမျိုး၊ Facebook သုံးရင် People you may know မှာ သူ့အကောင့် ပေါ်လာရင် ဝင်ကြည့်တတ်တာမျိုး၊ သူအောင်မြင်တာတွေ့ရင် ဝမ်းသာတတ်ပြီး ရှုံးနိမ့်တာမျိုးတွေ့ရင် စိတ်မကောင်း ဖြစ်တတ်တာမျိုးတွေ ရှိတတ်ပါတယ်။

အဲ့တာက အချစ်ဦးကို ပြန်လိုချင်တာကြောင့်၊ လက်ရှိ ချစ်သူကို ဖောက်ပြန်ချင်တာကြောင့် မဟုတ်ပါဘူး။ သူလည်း သူ့ဘဝ ကိုယ်လည်း ကိုယ့်ဘဝ ဖြစ်သွားခဲ့ပေမယ့် သူက ကိုယ့်ရဲ့ အချစ်ဦး ဖြစ်နေလို့ပါ။ အချစ်ဦး ဆိုတာ ဘဝမှာ ဘယ်အချိန်ဖြစ်ဖြစ် သံယောဇဉ် မပြတ်နိုင်သလို ဘယ်တော့မှလည်း ပြန်မလိုချင်တော့တဲ့ သူ တစ်ယောက်ပါ။

Credit : ပစ်တိုင်းထောင်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top