iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားစာေတြေတာ္ေတာ္မ်ားမ်ားက သင့္ခႏၶာကိုယ္ကို အင္အားေတြျပည့္ေစၿပီး အဆီေတြမျဖစ္ေအာင္လည္း တားဆီးေပးႏိုင္ပါတယ္။ မိန္းကေလးေတြအေၾကာက္ဆံုးအရာကေတာ့ အစားစားမ်ားမ်ားစားမိၿပီးသြားတဲ့အခ်ိန္မွာ ဗိုက္မွာအဆီေတြစုၿပီး ဗိုက္ေခါက္ထြက္လာမွာကို အေၾကာက္ဆံုးပါ။

ဒါေပမယ့္ က်န္းမာတဲ့အစားစာေတြကို မ်ားမ်ားစားေပးမယ္ဆိုရင္ေတာ့ က်န္းမာေရးကိုလည္း ေကာင္းမြန္ေစၿပီး ဗိုက္မွာရွိေနတဲ့အဆီေတြကိုပါ ေလ်ာ့နည္းေစမယ့္နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ငွက္ေပ်ာသီး

ေတာ္ေတာ္မ်ားမ်ားကေတာ့ ငွက္ေပ်ာသီးကို အခ်ိဳဓာတ္လြန္ကဲၿပီး ကယ္လိုရီေတြလည္း အမ်ားႀကီးပါဝင္ေနတာေၾကာင့္ ဗိုက္ေခါက္ထြက္ၿပီးဝမယ္လို႔ထင္ေနၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာေတာ့ ငွက္ေပ်ာသီးမွာပါဝင္ေနတဲ့ ပိုတက္ဆီယမ္ဓာတ္ေတြက က်န္းမာေရးနဲ႔သင့္ေတာ္ေနၿပီး ဗိုက္မွာရွိတဲ့အဆီေတြကိုလည္း ေလ်ာ့နည္းလာေစပါတယ္။

ေထာပတ္သီး

ေထာပတ္သီးကလည္း ၾကည့္လိုက္ရင္အဆီေတြအရမ္းမ်ားၿပီး ဝိတ္တက္ေစမယ္လို႔ထင္ရပါတယ္။ ဒါေပမယ့္ ေထာပတ္သီးကိုစားလိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕အီတဲ့အရသာေၾကာင့္ပဲ ေနာက္ထပ္ဘာမွမစားႏိုင္ေတာ့ဘူးေပါ႔။ အာဟာရဓာတ္လည္းျပည့္ဝၿပီး ဗိုက္မွာအဆီျဖစ္တာေတြလည္း မရွိေစပါဘူး။

ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ကိုေသာက္ေပးတာက သင့္အသားအေရအတြက္လည္း ေကာင္းက်ိဳးေတြကိုပါရရွိေစႏိုင္ပါတယ္ေနာ္။ ဒိန္ခ်ဥ္မွာပါဝင္ေနတဲ့ အာဟာရဓာတ္ေတြက သင့္ခႏၶာကိုယ္ကို အဆီပိုေတြမျဖစ္ေစေအာင္လည္း ကူညီေပးႏိုင္ပါတယ္။

ပန္းသီး

ပန္းသီးတစ္ေန႔တစ္လံုးစားေပးရင္ ဆရာဝန္နဲ႔ေတာင္ ေဝးတယ္ဆိုသလိုပဲ က်န္းမာေရးအတြက္ကေတာ့ အရမ္းကိုအေထာက္အကူျပဳေနတဲ့အရာပါေနာ္။ ကိုယ္ခံအားစနစ္နဲ႔ ဗီတာမင္ဓာတ္ေတြကို ျပည့္ဝေစတာၿပီး ဗိုက္မွာလည္းအဆီမျဖစ္ေစဘူးေလ။

ျပားျပားခ်ပ္ခ်ပ္ေလးနဲ႔ ဝမ္းဗိုက္ေလးကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ဒီအစားစာေတြကို စားသံုးေပးၿပီး က်န္းက်န္းမာမာေနထိုင္သြားလို႔ရၿပီေပါ႔။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားစာတွေတော်တော်များများက သင့်ခန္ဓာကိုယ်ကို အင်အားတွေပြည့်စေပြီး အဆီတွေမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ မိန်းကလေးတွေအကြောက်ဆုံးအရာကတော့ အစားစားများများစားမိပြီးသွားတဲ့အချိန်မှာ ဗိုက်မှာအဆီတွေစုပြီး ဗိုက်ခေါက်ထွက်လာမှာကို အကြောက်ဆုံးပါ။

ဒါပေမယ့် ကျန်းမာတဲ့အစားစာတွေကို များများစားပေးမယ်ဆိုရင်တော့ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး ဗိုက်မှာရှိနေတဲ့အဆီတွေကိုပါ လျော့နည်းစေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီး

တော်တော်များများကတော့ ငှက်ပျောသီးကို အချိုဓာတ်လွန်ကဲပြီး ကယ်လိုရီတွေလည်း အများကြီးပါဝင်နေတာကြောင့် ဗိုက်ခေါက်ထွက်ပြီးဝမယ်လို့ထင်နေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ငှက်ပျောသီးမှာပါဝင်နေတဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ကျန်းမာရေးနဲ့သင့်တော်နေပြီး ဗိုက်မှာရှိတဲ့အဆီတွေကိုလည်း လျော့နည်းလာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးကလည်း ကြည့်လိုက်ရင်အဆီတွေအရမ်းများပြီး ဝိတ်တက်စေမယ်လို့ထင်ရပါတယ်။ ဒါပေမယ့် ထောပတ်သီးကိုစားလိုက်တဲ့အချိန်မှာ သူ့ရဲ့အီတဲ့အရသာကြောင့်ပဲ နောက်ထပ်ဘာမှမစားနိုင်တော့ဘူးပေါ့။ အာဟာရဓာတ်လည်းပြည့်ဝပြီး ဗိုက်မှာအဆီဖြစ်တာတွေလည်း မရှိစေပါဘူး။

ဒိန်ချဉ်

ဒိန်ချဉ်ကိုသောက်ပေးတာက သင့်အသားအရေအတွက်လည်း ကောင်းကျိုးတွေကိုပါရရှိစေနိုင်ပါတယ်နော်။ ဒိန်ချဉ်မှာပါဝင်နေတဲ့ အာဟာရဓာတ်တွေက သင့်ခန္ဓာကိုယ်ကို အဆီပိုတွေမဖြစ်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။

ပန်းသီး

ပန်းသီးတစ်နေ့တစ်လုံးစားပေးရင် ဆရာဝန်နဲ့တောင် ဝေးတယ်ဆိုသလိုပဲ ကျန်းမာရေးအတွက်ကတော့ အရမ်းကိုအထောက်အကူပြုနေတဲ့အရာပါနော်။ ကိုယ်ခံအားစနစ်နဲ့ ဗီတာမင်ဓာတ်တွေကို ပြည့်ဝစေတာပြီး ဗိုက်မှာလည်းအဆီမဖြစ်စေဘူးလေ။

ပြားပြားချပ်ချပ်လေးနဲ့ ဝမ်းဗိုက်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအစားစာတွေကို စားသုံးပေးပြီး ကျန်းကျန်းမာမာနေထိုင်သွားလို့ရပြီပေါ့။

Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top