iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြက တစ္ခါတစ္ေလမွာ ႀကံဳေတြ႔ရတဲ့စိတ္ဖိစီးမႈေတြ၊ ျပႆနာေတြအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ညစ္ေနရတတ္ပါတယ္။ စိတ္ညစ္စရာေတြမ်ားေလ အိပ္ေပ်ာ္မႈကိုအေႏွာက္ယွက္ျဖစ္ေလဆိုေတာ့ ေနာက္ပိုင္းအခ်ိန္ေတြၾကာလာတဲ့အခါမွာေတာ့ အိပ္မေပ်ာ္တတ္တဲ့ေဝဒနာကို ခံစားသြားရေစတာေပါ႔။ ဒါေၾကာင့္ အိပ္ေရးေကာင္းေကာင္းဝၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစဖို႔ ေသာက္သံုးရမယ့္အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အုန္းေရ

အုန္းေရကို ေသာက္လိုက္တဲ့အခ်ိန္မွာ လန္းဆန္းေပါ႔ပါးသြားသလိုခံစားရၿပီး အားျဖည့္အခ်ိဳရည္ တစ္မ်ိဳးလို႔ေတာင္ သတ္မွတ္လို႔ရပါတယ္။ ဒါအျပင္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔လည္း အေထာက္အကူျပဳေနတာဆိုေတာ့ အိပ္မေပ်ာ္တတ္တဲ့သင့္အတြက္ေတာ့ အေထာက္အကူျဖစ္ေစမွာပါ။

Ovaltine

ငယ္ငယ္တုန္းကအရမ္းႀကိဳက္ခဲ့ရတဲ့ Ovaltine ကအခုခ်ိန္ထိလည္း အသံုးဝင္ေနေသးတယ္ေနာ္။ Ovaltine ကိုညအိပ္ခါနီးတိုင္း ေဖ်ာ္ေသာက္မယ္ဆိုရင္ သင့္ခႏၶာကုိယ္မွာရွိေနတဲ့ ႂကြက္သားေတြကို ေျပေလ်ာ့ေစတာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတာေပါ႔။

ေရ

ညအိပ္ရာမဝင္ခင္အခ်ိန္မွာ ေရတစ္ခြက္ေသာက္ေပးတာက က်န္းမာေရးအတြက္ အေထာက္အကူျပဳေနတယ္ဆိုတာေတာ့ အားလံုးပဲသိထားၿပီးသားျဖစ္မွာပါ။ ဒါမွလည္း သင့္ခႏၶာကိုယ္မွာ ေရဓာတ္ေကာင္းေကာင္းျပည့္ဝေနၿပီး အိပ္ေပ်ာ္မႈကိုလည္း အေထာက္အပံ႔ျဖစ္ေစမွာေပါ႔။

ႏြားႏို႔

ႏြားႏို႔ပူပူေလးတစ္ခြက္ကို အိပ္ရာဝင္ခါနီးအခ်ိန္မွာ ေကာင္းေကာင္းေသာက္ေပးလိုက္မယ္ဆိုရင္ ဦးေႏွာက္ကိုအနားယူေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ဖို႔ ကူညီေပးႏိုင္ပါတယ္။

အိပ္မေပ်ာ္တတ္တဲ့သူေတြအတြက္ အိပ္ေဆးအစား ဒီလိုမ်ိဳးက်န္းမာေရးနဲ႔ကိုက္ညီတဲ့ အရာမ်ိဳးေတြကို ေသာက္သံုးေပးတာက ပိုထိေရာက္ၿပီး ေဘးထြက္ဆိုးက်ိဳးေတြလည္းမရွိေစပါဘူး။

Photo Source: Pexels

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတွေက တစ်ခါတစ်လေမှာ ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအမျိုးမျိုးကြောင့် စိတ်ညစ်နေရတတ်ပါတယ်။ စိတ်ညစ်စရာတွေများလေ အိပ်ပျော်မှုကိုအနှောက်ယှက်ဖြစ်လေဆိုတော့ နောက်ပိုင်းအချိန်တွေကြာလာတဲ့အခါမှာတော့ အိပ်မပျော်တတ်တဲ့ဝေဒနာကို ခံစားသွားရစေတာပေါ့။ ဒါကြောင့် အိပ်ရေးကောင်းကောင်းဝပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ သောက်သုံးရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အုန်းရေ

အုန်းရေကို သောက်လိုက်တဲ့အချိန်မှာ လန်းဆန်းပေါ့ပါးသွားသလိုခံစားရပြီး အားဖြည့်အချိုရည် တစ်မျိုးလို့တောင် သတ်မှတ်လို့ရပါတယ်။ ဒါအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အထောက်အကူပြုနေတာဆိုတော့ အိပ်မပျော်တတ်တဲ့သင့်အတွက်တော့ အထောက်အကူဖြစ်စေမှာပါ။

Ovaltine

ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့ရတဲ့ Ovaltine ကအခုချိန်ထိလည်း အသုံးဝင်နေသေးတယ်နော်။ Ovaltine ကိုညအိပ်ခါနီးတိုင်း ဖျော်သောက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာရှိနေတဲ့ ကြွက်သားတွေကို ပြေလျော့စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာပေါ့။

ရေ

ညအိပ်ရာမဝင်ခင်အချိန်မှာ ရေတစ်ခွက်သောက်ပေးတာက ကျန်းမာရေးအတွက် အထောက်အကူပြုနေတယ်ဆိုတာတော့ အားလုံးပဲသိထားပြီးသားဖြစ်မှာပါ။ ဒါမှလည်း သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေပြီး အိပ်ပျော်မှုကိုလည်း အထောက်အပံ့ဖြစ်စေမှာပေါ့။

နွားနို့

နွားနို့ပူပူလေးတစ်ခွက်ကို အိပ်ရာဝင်ခါနီးအချိန်မှာ ကောင်းကောင်းသောက်ပေးလိုက်မယ်ဆိုရင် ဦးနှောက်ကိုအနားယူစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးနိုင်ပါတယ်။

အိပ်မပျော်တတ်တဲ့သူတွေအတွက် အိပ်ဆေးအစား ဒီလိုမျိုးကျန်းမာရေးနဲ့ကိုက်ညီတဲ့ အရာမျိုးတွေကို သောက်သုံးပေးတာက ပိုထိရောက်ပြီး ဘေးထွက်ဆိုးကျိုးတွေလည်းမရှိစေပါဘူး။

Photo Source: Pexels

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top