iMyanmarHouse.com - Best Property Website for Myanmar
×

သ႐ုပ္ေဆာင္ေဘဘီေမာင္ဟာ တစ္ခ်ိန္က သူနဲ႔ အတြဲညီညီသ႐ုပ္ေဆာင္ခဲ့တဲ့ မိုးေအာင္ရင္ကို သ႐ုပ္ေဆာင္ေကာင္းတဲ့ မင္းသား တစ္ေယာက္အေနနဲ႔ ျပန္ေတြ႕ခ်င္ေသးတယ္လို႔ ေျပာျပခဲ့ပါတယ္။ အျပစ္ေတြ ခံယူၿပီးလို႔ သ႐ုပ္ေဆာင္အလုပ္ ျပန္လုပ္ရင္လည္း ပရိသတ္ေတြက အားေပးပါလို႔ သူကအခုလိုေျပာျပခဲ့ပါတယ္။

” ျဖစ္ႏိုင္ရင္ေတာ့ သူ႔ကိုလိမ္လိမ္မာမာေလးနဲ႔ အရင္လိုမ်ိဳးသ႐ုပ္ေဆာင္ေကာင္းတဲ့ မင္းသားတစ္ေယာက္အေနနဲ႔ ျပန္ေတြ႕ခ်င္ပါတယ္။ ဒါကေတာ့ ကိုယ္ျပဳတဲ့ကံ ျပန္ခံရတာလည္းရွိတယ္ မလိမၼာတစ္ခါမိုက္ေပါ့ေနာ္၊ သူလည္း သူ႔အမွားကို သိလို႔ ျပန္ျပင္ေနေလာက္ပါၿပီ။ သူ႔ရဲ႕ အျပစ္ကို ခံၿပီးလို႔ ျပန္ထြက္လာရင္လည္း အားေပးၾကပါလို႔ေျပာခ်င္ပါတယ္” ဆိုၿပီးေတော့ ေဘဘီေမာင္က ေျပာပါတယ္။

ေဘဘီေမာင္နဲ႔အတူ အတြဲညီညီသ႐ုပ္ေဆာင္ခဲ့တဲ့ မိုးေအာင္ရင္နဲ႔ အမွတ္တရအေၾကာင္းကိုလည္း အခုလိုေျပာျပခဲ့ပါတယ္။

” မိုးေအာင္ရင္က အသက္သာႀကီးတာ သူကႏုတယ္ေလ ကေလးလိုျဖစ္ေနတဲ့အခါက်ေတာ့ကိုယ္ကလည္း ငယ္ေသးေတာ့လိုက္လည္း လိုက္ဖက္တယ္၊ အတြဲညီတယ္၊ သူကအသြက္၊ ကိုယ္ကလည္းအသြက္ ဆိုေတာ့ ႏွစ္ေယာက္ေပါင္းၿပီးေတာ့ ေလာင္းေက်ာ္ခဲ့ၾက တာေပါ့” လို႔ သူကဆိုပါတယ္။

သ႐ုပ္ေဆာင္မိုးေအာင္ရင္နဲ႔ ေဘဘီေမာင္တို႔ဟာ ႐ုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ အတြဲညီညီသ႐ုပ္ေဆာင္ခဲ့ၾကတာပါ။ သူတို႔ ႏွစ္ေယာက္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အာၿဖီးတဲ့ ကိုကို ဗီဒီယို ဇာတ္ကားေလးကလည္း ပရိသတ္ေတာ္ေတာ္မ်ားမ်ား အားေပးခဲ့ၾက ပါတယ္။ အခုလည္း မၾကာခင္႐ုံတင္ေတာ့မယ့္ ဝုန္းပစ္လိုက္မယ္ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း အတူတြဲၿပီးပါဝင္ သ႐ုပ္ေဆာင္ ထားပါေသးတယ္။

Photo: ေဘဘီေမာင္ေဖ့စ္ဘြတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်ဘေဘီမောင်ဟာ တစ်ချိန်က သူနဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ မိုးအောင်ရင်ကို သရုပ်ဆောင်ကောင်းတဲ့ မင်းသား တစ်ယောက်အနေနဲ့ ပြန်တွေ့ချင်သေးတယ်လို့ ပြောပြခဲ့ပါတယ်။ အပြစ်တွေ ခံယူပြီးလို့ သရုပ်ဆောင်အလုပ် ပြန်လုပ်ရင်လည်း ပရိသတ်တွေက အားပေးပါလို့ သူကအခုလိုပြောပြခဲ့ပါတယ်။

” ဖြစ်နိုင်ရင်တော့ သူ့ကိုလိမ်လိမ်မာမာလေးနဲ့ အရင်လိုမျိုးသရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်အနေနဲ့ ပြန်တွေ့ချင်ပါတယ်။ ဒါကတော့ ကိုယ်ပြုတဲ့ကံ ပြန်ခံရတာလည်းရှိတယ် မလိမ္မာတစ်ခါမိုက်ပေါ့နော်၊ သူလည်း သူ့အမှားကို သိလို့ ပြန်ပြင်နေလောက်ပါပြီ။ သူ့ရဲ့ အပြစ်ကို ခံပြီးလို့ ပြန်ထွက်လာရင်လည်း အားပေးကြပါလို့ပြောချင်ပါတယ်” ဆိုပြီးတေော့ ဘေဘီမောင်က ပြောပါတယ်။

ဘေဘီမောင်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ မိုးအောင်ရင်နဲ့ အမှတ်တရအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

” မိုးအောင်ရင်က အသက်သာကြီးတာ သူကနုတယ်လေ ကလေးလိုဖြစ်နေတဲ့အခါကျတော့ကိုယ်ကလည်း ငယ်သေးတော့လိုက်လည်း လိုက်ဖက်တယ်၊ အတွဲညီတယ်၊ သူကအသွက်၊ ကိုယ်ကလည်းအသွက် ဆိုတော့ နှစ်ယောက်ပေါင်းပြီးတော့ လောင်းကျော်ခဲ့ကြ တာပေါ့” လို့ သူကဆိုပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်နဲ့ ဘေဘီမောင်တို့ဟာ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတာပါ။ သူတို့ နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ အာဖြီးတဲ့ ကိုကို ဗီဒီယို ဇာတ်ကားလေးကလည်း ပရိသတ်တော်တော်များများ အားပေးခဲ့ကြ ပါတယ်။ အခုလည်း မကြာခင်ရုံတင်တော့မယ့် ဝုန်းပစ်လိုက်မယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း အတူတွဲပြီးပါဝင် သရုပ်ဆောင် ထားပါသေးတယ်။

Photo: ဘေဘီမောင်ဖေ့စ်ဘွတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top