iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ကုိကုိယ္ အစားနည္းတယ္လို႔ ထင္ရေပမယ့္ အေလးခ်ိန္ တက္ျမဲတက္ေနပါသလား။ ဒါဆန္းေတာ့ မဆန္းပါဘူး။ သင္ဘယ္လို ကယ္လိုရီးမ်ဳိးေတြ စားသုံးေနသလဲဆိုတဲ့ ကိစၥနဲ႔ပဲ သက္ဆုိင္ပါတယ္။ အေလးခ်ိန္ေလ်ာ့က်ေအာင္ ထိန္းသိမ္းတဲ့ လ်ဳိ႕ဝွက္ခ်က္က အထူးသျဖင့္ ဝမ္းဗိုက္ပိုင္းဆုိင္ရာမွာ ခႏၶာကုိယ္ ပုံမွန္လႈပ္ရွားေပးျခင္း၊ ပုံမွန္ အိပ္စက္စားေသာက္ျခင္းနဲ႔ မွန္ကန္တဲ့ အစားအစာေရြးခ်ယ္စားသုံးမႈတို႔နဲ႔ သက္ဆုိင္ပါတယ္။

အိပ္ခ်ိန္ကို ထိန္းသိမ္းတတ္ျခင္းက ဗိုက္သားအဆီတက္ျခင္းနဲ႔ ကင္းေဝးေစႏုိင္ပါတယ္။ ေနာက္ျပီး ပိုမိုေကာင္းမြန္စြာ အိပ္စက္ႏုိင္ဖို႔နဲ႔ တစ္ခ်ိန္တည္း အဆီပိုမ်ားက်ေစဖို႔ ဒီအစားအစာမ်ား စားသုံးေပးပါ။

ငါး

အိုမီဂါ-၃ အဆီအက္ဆစ္နဲ႔ အသားဓာတ္ ေပါၾကြယ္ဝပါတယ္။ အိုမီဂါ-၃အဆီအက္ဆစ္ ခ်ဳိ႕တဲ့သူေတြဟာ ညအခ်ိန္မွာ ေကာင္းစြာ အိပ္မရျဖစ္တတ္ျပီး က်န္းမာေရးနဲ႔ မညီညြတ္တဲ့ စားေသာက္မႈမ်ား ျဖစ္ေစပါတယ္။

သစ္ၾကားသီး

သစ္ၾကားသီးက မက္ဂနီစီယမ္ပမာဏကို တိုးျမင့္ေပးပါတယ္။ အိုမီဂါ-၃ အဆီ အက္ဆစ္လည္း ၾကြယ္ဝစြာပါတယ္။ ေကာင္းမြန္စြာ အိပ္စက္ေစမွာျဖစ္ျပီး ႏွလုံးေရာဂါ၊ ကင္ဆာနဲ႔ ဆီးခ်ဳိေရာဂါအႏၱရာယ္ေလ်ာ့က်ေစမွာလည္းျဖစ္ပါတယ္။

ႏုိ႔

ႏုိ႔မွာ ကယ္လ္စီယမ္ဓာတ္ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ကယ္လ္စီယမ္ၾကြယ္ဝစြာပါတဲ့ အစားအစာေတြ စားသုံးတဲ့ ေသြးမဆုံးေသးတဲ့ အမ်ဳိးသမီးေတြရဲ႕ ခႏၶာကိုယ္အဆီ သိသိသာသာက်ဆင္းေနေၾကာင္း ၂၀၁၀မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနက ေဖာ္ျပထားပါတယ္။ ဒီ့အျပင္ အဆီအႏွစ္ေတြ ေလ်ာ့ခ်ရာမွာ အကူအညီျဖစ္ေစကာ ကယ္လ္စီယမ္ေၾကာင့္ ႏွစ္ျခဳိက္စြာ အိပ္ေပ်ာ္ေစပါတယ္။

ခ်ယ္ရီသီးမ်ား

ခ်ယ္ရီးသီးေတြ စားေပးပါ။ အထူးသျဖင့္ ထမင္းမစားမီ တစ္နာရီၾကိဳစားပါ။ ဘာလို႔လဲဆိုေတာ့ အိပ္ေပ်ာ္ေစတဲ့ေဟာ္မုန္း(melatonin)ရဲ႕ မူလအရင္းအျမစ္တစ္ခုျဖစ္လို႔ပါပဲ။ ေနာက္ျပီး ကိုယ္အေလးခ်ိန္က်ေစတဲ့ အင္တီေအာက္ဆီဒင္း ပမာဏၾကြယ္ဝပါတယ္။

Credit : Healthyfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ကိုကိုယ် အစားနည်းတယ်လို့ ထင်ရပေမယ့် အလေးချိန် တက်မြဲတက်နေပါသလား။ ဒါဆန်းတော့ မဆန်းပါဘူး။ သင်ဘယ်လို ကယ်လိုရီးမျိုးတွေ စားသုံးနေသလဲဆိုတဲ့ ကိစ္စနဲ့ပဲ သက်ဆိုင်ပါတယ်။ အလေးချိန်လျော့ကျအောင် ထိန်းသိမ်းတဲ့ လျို့ဝှက်ချက်က အထူးသဖြင့် ဝမ်းဗိုက်ပိုင်းဆိုင်ရာမှာ ခန္ဓာကိုယ် ပုံမှန်လှုပ်ရှားပေးခြင်း၊ ပုံမှန် အိပ်စက်စားသောက်ခြင်းနဲ့ မှန်ကန်တဲ့ အစားအစာရွေးချယ်စားသုံးမှုတို့နဲ့ သက်ဆိုင်ပါတယ်။

အိပ်ချိန်ကို ထိန်းသိမ်းတတ်ခြင်းက ဗိုက်သားအဆီတက်ခြင်းနဲ့ ကင်းဝေးစေနိုင်ပါတယ်။ နောက်ပြီး ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့နဲ့ တစ်ချိန်တည်း အဆီပိုများကျစေဖို့ ဒီအစားအစာများ စားသုံးပေးပါ။

ငါး

အိုမီဂါ-၃ အဆီအက်ဆစ်နဲ့ အသားဓာတ် ပေါကြွယ်ဝပါတယ်။ အိုမီဂါ-၃အဆီအက်ဆစ် ချို့တဲ့သူတွေဟာ ညအချိန်မှာ ကောင်းစွာ အိပ်မရဖြစ်တတ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုများ ဖြစ်စေပါတယ်။

သစ်ကြားသီး

သစ်ကြားသီးက မက်ဂနီစီယမ်ပမာဏကို တိုးမြင့်ပေးပါတယ်။ အိုမီဂါ-၃ အဆီ အက်ဆစ်လည်း ကြွယ်ဝစွာပါတယ်။ ကောင်းမွန်စွာ အိပ်စက်စေမှာဖြစ်ပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါအန္တရာယ်လျော့ကျစေမှာလည်းဖြစ်ပါတယ်။

နို့

နို့မှာ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေ စားသုံးတဲ့ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အဆီ သိသိသာသာကျဆင်းနေကြောင်း ၂၀၁၀မှာ ပြုလုပ်ခဲ့တဲ့ သုတေသနက ဖော်ပြထားပါတယ်။ ဒီ့အပြင် အဆီအနှစ်တွေ လျော့ချရာမှာ အကူအညီဖြစ်စေကာ ကယ်လ်စီယမ်ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

ချယ်ရီသီးများ

ချယ်ရီးသီးတွေ စားပေးပါ။ အထူးသဖြင့် ထမင်းမစားမီ တစ်နာရီကြိုစားပါ။ ဘာလို့လဲဆိုတော့ အိပ်ပျော်စေတဲ့ဟော်မုန်း(melatonin)ရဲ့ မူလအရင်းအမြစ်တစ်ခုဖြစ်လို့ပါပဲ။ နောက်ပြီး ကိုယ်အလေးချိန်ကျစေတဲ့ အင်တီအောက်ဆီဒင်း ပမာဏကြွယ်ဝပါတယ်။

Credit : Healthyfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top