iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးျဖဴသီးရဲ႕ေကာင္းက်ိဳးမ်ား

●      အေအးမိ၊ လည္ေခ်ာင္းနာျခင္းကို သက္သာေစျခင္း

          ဆီးျဖဴသီးမွာ ဗီတာမင္စီေတြ ျပည့္ဝစြာ ပါဝင္တဲ့အတြက္ ဆီးျဖဴမႈန္႔ 2 ဇြန္းနဲ႔ ပ်ားရည္ 2 ဇြန္းကို ေရာကာ တစ္ေန႔ 4 ႀကိမ္ စားေပးျခင္းက အေအးမိ၊ လည္ေခ်ာင္းနာျခင္းအတြက္ အထူးပင္ ေကာင္းမြန္ပါတယ္။

●      ဝမ္းခ်ဳပ္ျခင္းကို သက္သာေစျခင္း

          အမွ်င္ဓာတ္ ႂကြယ္ဝတဲ့အတြက္ ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးပါတယ္။

●      ပါးစပ္အပူနာမ်ားကို သက္သာေစျခင္း

          ဆီးျဖဴသီးရည္ကို ေရခြက္ တစ္ဝက္နဲ႔ေရာၿပီ ပလုတ္က်င္းေပးပါက ပါးစပ္အပူနာမ်ားကို သက္သာေစႏိုင္ပါတယ္။

●      အေရာင္ သက္သာေစျခင္း

          ဆီးျဖဴသီးကို အေျခာက္ပံုစံျဖစ္ေစ၊ အသီးအတိုင္းျဖစ္ေစ စားေပးပါက အဆစ္အျမစ္ ကိုက္ခဲေရာင္ရမ္းမႈကို သက္သာေစႏိုင္ပါတယ္။

●      ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစႏိုင္ျခင္း

          ဝိတ္ေလွ်ာ့ဖို႔ ႀကိဳးစားေနပါသလား? ဆိီးျဖဴသီး စားေပးျခင္းက အစာေခ်စနစ္ကို ျမန္ဆန္ေစၿပီး ဇီဝကမၼျဖစ္စဥ္ကို အေထာက္အကူျပဳပါတယ္။

>>    ဆီးျဖဴသီးကို အသံုးျပဳပံု

●      အဆာေျပ ဆီးျဖဴသီးေျခာက္

          အရည္ရႊန္းၿပီး ခ်ဳိၿမိန္လွတဲ့ ဆီးျဖဴသီးဟာ   အသင့္ေတာ္ဆံုး သေရစာျဖစ္မွာပါ။ သူ႔မွာပါတဲ့ ဗီတာမင္စီဟာ ဗီတာမင္စီ ျဖည့္စြက္စာေတြလို မဟုတ္ဘဲ ခႏၶာကိုယ္က စုပ္ယူမႈ ျမန္ဆန္ပါတယ္။ ပိုအရသာရွိေအာင္ ဆီးျဖဴသီးေျခာက္ကို ပ်ားရည္နဲ႔ေရာၿပီး စားႏိုင္ပါေသးတယ္။

●      ဆံပင္အတြက္ ဆီးျဖဴသီးမႈန္႔

          ဆီးျဖဴသီးဟာ အာဟာရဓာတ္ ျပည့္ဝတဲ့အတြက္ ဆံေကသာေတြကိူ ႏူးညံ့ေတာက္ေျပာင္ေစႏိုင္ပါတယ္။ ဆံပင္အရင္းထိကို အားျဖည့္ေပးၿပီး ဦးေရျပား ေသြးလွည႔္ပတ္မႈကို ေကာင္းေစႏိုင္တဲ့အတြက္ ဆံပင္ အရွည္ျမန္ေစပါတယ္။ ဆီးျဖဴဆီ ဒါမွမဟုတ္ ဆီးျဖဴမႈန္႔ကို အုန္းဆီနဲ႔ေရာၿပီး ဆံပင္မွာ လိမ္းေပးႏိုင္ပါတယ္။

●      ဝင္းပတဲ့ အသားအေရအတြက္ ဆီးျဖဴသီး

          ဒီထူးျခားတဲ့အသီးဟာ အေကာင္းဆံုးေသာ ႏုပ်ိဳေဆးမွာ ပါ,ပါတယ္။ ဆီးျဖဴသီးကို ပံုမွန္စားသံုးေပးျခင္းျဖင့္ ေခ်ာေမြ႕ေတာက္ေျပာင္တဲ့ အသားအေရကို ရရွိေစႏိုင္တဲ့အျပင္ အျမင္အာ႐ံုကို ၾကည္လင္ေစျခင္း၊ ကိုယ္ခံစြမ္းအားကို ေကာင္းေစျခင္း၊ ေသြးတြင္း အခ်ိဳဓာတ္နဲ႔ အဆီဓာတ္တို႔ကို ထိန္းညႇိေပးျခင္း စတဲ့ အက်ိဳးေတြကို ရရွိေစႏိုင္ပါတယ္။

          ဆီးျဖဴသီးကို အစိမ္းတိုင္း အလြယ္တကူ စားေပးႏိုင္သလို အေျခာက္ခံၿပီး ဗိုက္ဆာတိုင္း အဆာေျပ စားေပးႏိုင္ပါတယ္။

Credit : Dr. Mya Phoo Ngon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆီးဖြူသီးရဲ့ကောင်းကျိုးများ

●      အအေးမိ၊ လည်ချောင်းနာခြင်းကို သက်သာစေခြင်း

          ဆီးဖြူသီးမှာ ဗီတာမင်စီတွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ဆီးဖြူမှုန့် 2 ဇွန်းနဲ့ ပျားရည် 2 ဇွန်းကို ရောကာ တစ်နေ့ 4 ကြိမ် စားပေးခြင်းက အအေးမိ၊ လည်ချောင်းနာခြင်းအတွက် အထူးပင် ကောင်းမွန်ပါတယ်။

●      ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

          အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

●      ပါးစပ်အပူနာများကို သက်သာစေခြင်း

          ဆီးဖြူသီးရည်ကို ရေခွက် တစ်ဝက်နဲ့ရောပြီ ပလုတ်ကျင်းပေးပါက ပါးစပ်အပူနာများကို သက်သာစေနိုင်ပါတယ်။

●      အရောင် သက်သာစေခြင်း

          ဆီးဖြူသီးကို အခြောက်ပုံစံဖြစ်စေ၊ အသီးအတိုင်းဖြစ်စေ စားပေးပါက အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

●      ကိုယ်အလေးချိန် လျော့ကျစေနိုင်ခြင်း

          ဝိတ်လျှော့ဖို့ ကြိုးစားနေပါသလား? ဆီးဖြူသီး စားပေးခြင်းက အစာချေစနစ်ကို မြန်ဆန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုပါတယ်။

>>    ဆီးဖြူသီးကို အသုံးပြုပုံ

●      အဆာပြေ ဆီးဖြူသီးခြောက်

          အရည်ရွှန်းပြီး ချိုမြိန်လှတဲ့ ဆီးဖြူသီးဟာ   အသင့်တော်ဆုံး သရေစာဖြစ်မှာပါ။ သူ့မှာပါတဲ့ ဗီတာမင်စီဟာ ဗီတာမင်စီ ဖြည့်စွက်စာတွေလို မဟုတ်ဘဲ ခန္ဓာကိုယ်က စုပ်ယူမှု မြန်ဆန်ပါတယ်။ ပိုအရသာရှိအောင် ဆီးဖြူသီးခြောက်ကို ပျားရည်နဲ့ရောပြီး စားနိုင်ပါသေးတယ်။

●      ဆံပင်အတွက် ဆီးဖြူသီးမှုန့်

          ဆီးဖြူသီးဟာ အာဟာရဓာတ် ပြည့်ဝတဲ့အတွက် ဆံကေသာတွေကိူ နူးညံ့တောက်ပြောင်စေနိုင်ပါတယ်။ ဆံပင်အရင်းထိကို အားဖြည့်ပေးပြီး ဦးရေပြား သွေးလှည့်ပတ်မှုကို ကောင်းစေနိုင်တဲ့အတွက် ဆံပင် အရှည်မြန်စေပါတယ်။ ဆီးဖြူဆီ ဒါမှမဟုတ် ဆီးဖြူမှုန့်ကို အုန်းဆီနဲ့ရောပြီး ဆံပင်မှာ လိမ်းပေးနိုင်ပါတယ်။

●      ဝင်းပတဲ့ အသားအရေအတွက် ဆီးဖြူသီး

          ဒီထူးခြားတဲ့အသီးဟာ အကောင်းဆုံးသော နုပျိုဆေးမှာ ပါ,ပါတယ်။ ဆီးဖြူသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ချောမွေ့တောက်ပြောင်တဲ့ အသားအရေကို ရရှိစေနိုင်တဲ့အပြင် အမြင်အာရုံကို ကြည်လင်စေခြင်း၊ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း၊ သွေးတွင်း အချိုဓာတ်နဲ့ အဆီဓာတ်တို့ကို ထိန်းညှိပေးခြင်း စတဲ့ အကျိုးတွေကို ရရှိစေနိုင်ပါတယ်။

          ဆီးဖြူသီးကို အစိမ်းတိုင်း အလွယ်တကူ စားပေးနိုင်သလို အခြောက်ခံပြီး ဗိုက်ဆာတိုင်း အဆာပြေ စားပေးနိုင်ပါတယ်။

Credit : Dr. Mya Phoo Ngon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top