iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းခ်ဳပ္တယ္ဆိုတဲ့ေဝဒနာက ေတာ္ေတာ္ေလးကို ခံစားရခက္တဲ့ေဝဒနာမ်ိဳးပါပဲ။ အစားေသာက္ေနထိုင္ပံုေတြ မမွန္ကန္ေနတာေတြေၾကာင့္လဲ ဝမ္းခ်ဳပ္ရတာပဲျဖစ္ပါတယ္။ ဝမ္းခ်ဳပ္တဲ့ျပႆနာကို ေျဖရွင္းႏိုင္တာကလည္း အစားစာေတြနဲ႔ပဲျပန္ၿပီး ေျဖရွင္းႏိုင္မွာေပါ႔။ အခန္႔မသင့္လို႔ ဝမ္းခ်ဳပ္တဲ့ေဝဒနာခံစားေနရၿပီဆိုရင္ ဘယ္လိုေတြေျဖရွင္းၾကမလဲ။ ဝမ္းခ်ဳပ္ေနတဲ့ရက္ပိုင္းေတြမွွွာ ဒီအစားစာေတြကိုစားေပးမယ္ဆိုရင္ ဝမ္းကိုပံုမွန္ျပန္ျဖစ္ေစမွာပဲျဖစ္ပါတယ္။

ပန္းေကာ္ဖီစိမ္း

ပန္းေကာ္ဖီစိမ္းမွာ ဗီတာမင္နဲ႔ ပ႐ိုတင္းဓာတ္ေတြအျပင္ ဝမ္းကိုအလြယ္တကူသြားေအာင္ ကူညီေပးႏိုင္တဲ့မွ်င္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ပံုမွန္စားေပးမယ္ဆိုရင္ ဝမ္းကိုမွန္ေစပါတယ္။ တစ္ပတ္မွာ ႏွစ္ႀကိမ္ေလာက္ပံုမွန္စားေပးမယ္ဆုိရင္ ဝမ္းမွန္ေစပါတယ္။

ေကာ္ဖီ

ေကာ္ဖီေသာက္ၿပီးသြားတဲ့အခ်ိန္မွာ ဝမ္းသြားခ်င္သလိုျဖစ္တာမ်ိဳးကို ႀကံဳဖူးၾကမလားေတာ့မသိဘူးေနာ္။ ေကာ္ဖီမွာပါဝင္ေနတဲ့ ကဖင္းဓာတ္က သင့္ကိုဝမ္းေကာင္းေကာင္းမွန္ေစဖို႔ အကူအညီေပးႏိုင္တာေၾကာင့္ မနက္ခင္းတိုင္းမွာ ေကာ္ဖီေလးတစ္ခြက္ေလာက္ေသာက္လိုက္ရင္ စိတ္ကိုလည္းလန္းဆန္းေပါ႔ပါးေစၿပီး ဝမ္းလည္းမွန္ေစမွာပဲျဖစ္ပါတယ္။

သေဘၤာသီး

ဝမ္းခ်ဳပ္ေနတဲ့အခ်ိန္မ်ိဳးမွာ စားေပးဖို႔အသင့္ေတာ္ဆံုးလို႔ဆိုရင္လည္း မမွားပါဘူး။ သေဘၤာသီးကအရည္လည္းရႊမ္းၿပီး ဗီတာမင္ဓာတ္ေတြ မ်ားစြာပါဝင္ေနတာေၾကာင့္ ဝမ္းမွန္ေစဖို႔အေထာက္အကူျပဳေနတဲ့ အသီးႏွံပဲျဖစ္ပါတယ္။

ဒီအစားစာေတြကေတာ့ ဝမ္းခ်ဳပ္ေနတဲ့အခ်ိန္မ်ိဳးေတြမွာ စားေပးဖို႔အသင့္ေတာ္ဆံုးအစားစာေတြပဲျဖစ္ပါတယ္။

Photo Source: Pexels

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..
ဝမ်းချုပ်တယ်ဆိုတဲ့ဝေဒနာက တော်တော်လေးကို ခံစားရခက်တဲ့ဝေဒနာမျိုးပါပဲ။ အစားသောက်နေထိုင်ပုံတွေ မမှန်ကန်နေတာတွေကြောင့်လဲ ဝမ်းချုပ်ရတာပဲဖြစ်ပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာကို ဖြေရှင်းနိုင်တာကလည်း အစားစာတွေနဲ့ပဲပြန်ပြီး ဖြေရှင်းနိုင်မှာပေါ့။ အခန့်မသင့်လို့ ဝမ်းချုပ်တဲ့ဝေဒနာခံစားနေရပြီဆိုရင် ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဝမ်းချုပ်နေတဲ့ရက်ပိုင်းတွေမှှှာ ဒီအစားစာတွေကိုစားပေးမယ်ဆိုရင် ဝမ်းကိုပုံမှန်ပြန်ဖြစ်စေမှာပဲဖြစ်ပါတယ်။

ပန်းကော်ဖီစိမ်း

ပန်းကော်ဖီစိမ်းမှာ ဗီတာမင်နဲ့ ပရိုတင်းဓာတ်တွေအပြင် ဝမ်းကိုအလွယ်တကူသွားအောင် ကူညီပေးနိုင်တဲ့မျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် ဝမ်းကိုမှန်စေပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပုံမှန်စားပေးမယ်ဆိုရင် ဝမ်းမှန်စေပါတယ်။

ကော်ဖီ

ကော်ဖီသောက်ပြီးသွားတဲ့အချိန်မှာ ဝမ်းသွားချင်သလိုဖြစ်တာမျိုးကို ကြုံဖူးကြမလားတော့မသိဘူးနော်။ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်က သင့်ကိုဝမ်းကောင်းကောင်းမှန်စေဖို့ အကူအညီပေးနိုင်တာကြောင့် မနက်ခင်းတိုင်းမှာ ကော်ဖီလေးတစ်ခွက်လောက်သောက်လိုက်ရင် စိတ်ကိုလည်းလန်းဆန်းပေါ့ပါးစေပြီး ဝမ်းလည်းမှန်စေမှာပဲဖြစ်ပါတယ်။

သင်္ဘောသီး

ဝမ်းချုပ်နေတဲ့အချိန်မျိုးမှာ စားပေးဖို့အသင့်တော်ဆုံးလို့ဆိုရင်လည်း မမှားပါဘူး။ သင်္ဘောသီးကအရည်လည်းရွှမ်းပြီး ဗီတာမင်ဓာတ်တွေ များစွာပါဝင်နေတာကြောင့် ဝမ်းမှန်စေဖို့အထောက်အကူပြုနေတဲ့ အသီးနှံပဲဖြစ်ပါတယ်။

ဒီအစားစာတွေကတော့ ဝမ်းချုပ်နေတဲ့အချိန်မျိုးတွေမှာ စားပေးဖို့အသင့်တော်ဆုံးအစားစာတွေပဲဖြစ်ပါတယ်။

Photo Source: Pexels

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top