iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ တစ္လမွာတစ္ၾကိမ္ ရာသီေသြးဆင္းေလ့ရွိၾကျပီး ရာသီေသးဆင္းခ်ိန္မွာ စိတ္မၾကည္မသာျဖစ္တာ၊ ခႏၶာကိုယ္နာက်င္ကိုက္ခဲတာနဲ႔ ေလပြတာမ်ိဳးေတြျဖစ္နိုင္ပါတယ္။ ေနာက္ထပ္ေတြ႔ရႏိုင္တဲ့ ျပႆနာက မ်က္ႏွာပၚမွာ ဝက္ျခံေတြထြက္တာပါပဲ။ အမ်ိဳးသမီးတိုင္းျဖစ္တတ္တာေတာ႔မဟုတ္ပါဘူး။ အခုတစ္ခါေတာ့ ရာသီလာခ်ိန္မွာ ဝက္ျခံထြက္လာတဲ့အခါဘယ္လိုလုပ္ရမလဲဆိုတာကိုေျပာျပေပးခ်င္ပါတယ္။

ေလ့လာမႈေတြအရေတာ့ ဝက္ျခံထြက္ေလ့ရွိတဲ့ အမ်ိဳးသမီး ၆၃ ရာခိုင္ႏႈန္းက ရာသီမလာခင္နဲ႔ရာသီလာခ်ိန္ေတြမွာ ဝက္ျခံထြက္တတ္ၾကတယ္၊လို႔ဆိုပါတယ္။ ရာသီမလာခင္ တစ္ပတ္ ဒါမွမဟုတ္ ၁၀ ရက္ေလာက္ၾကိဳျပီး ဝက္ျခံထြက္တတ္ၾကျပီး ရာသီလာခ်ိန္မွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္တဲ့ ဝက္ျခံဆိုရင္ေတာ့ ရာသီလာခ်ိန္မွာ တျဖည္းျဖည္းခ်င္းသက္သာသြားေလ့ရွိပါတယ္။
ရာသီလာခ်ိန္မွာ ဘာေၾကာင့္ဝက္ျခံေပါက္ရတာလဲ

ပ်မ္းမွ်အားျဖင့္ကေတာ့ ၂၈ ရက္တစ္ခါေလာက္မွာ ရာသီေသြးေပၚတတ္ျပီး ရာသီေသြးဆင္းေနတဲ့ ရက္တိုင္းမွာလည္း ခႏၶာကိုယ္ရဲ႕ ေဟာ္မုန္းက တစ္ရက္နဲ႔တစ္ရ က္မတူၾကပါဘူး။ ရာသီေသြးဆင္းတဲ့ အေစာပိုင္းရက္ေတြမွာ ခႏၶာကိုယ္ထဲမွာ estrogen ေဟာ္မုန္းေတြမ်ားေနတတ္ျပီး ေနာက္ပိုင္းရက္ေတြမွာေတာ့ progesterone ကမ်ားလာပါတယ္။ progesterone ပမာဏ မ်ားလာေလေလ အေရျပားေရာင္ရမ္းမႈနဲ႔ ေခၽြးေပါက္ပိတ္ဆို႔မႈကဆိုးလာေလေလပါ။ အေရျပားမွာ အဆီေတြပိတ္ဆို႔မႈမ်ားလာတဲ့အခါ မ်က္ႏွာမွာ ဝက္ျခံေတြျဖစ္လာပါေတာ့တယ္။ ရာသီလာေနခ်ိန္မွာ  testosterone ေဟာ္မုန္းပမာဏက ပံုမွန္ထက္ ပိုမ်ားေနျပီး အဆီဂလင္းေတြက အဆီထုတ္လုပ္မႈကလည္း ပံုမွန္အေျခအေနထက္ပိုမ်ားေနတတ္ပါတယ္။ ဒါေၾကာင့္အေရျပားက ေခၽြးေပါက္ေတြမွာ အဆီေတြပိတ္ဆို႔ရာကေန ဝက္ျခံေတြထြက္လာရတာပဲျဖစ္ပါတယ္။

ရာသီေသြးဆင္းခ်ိန္မွာေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ျဖစ္တဲ့ဝက္ျခံေတြကို မထြက္ေအာင္ေတာ့လုပ္လို႔မရပါဘူး။ သက္သာေအာင္ပဲလုပ္လို႔ရပါတယ္။ ရာသီးေသြးေပၚခ်ိန္မွာထြက္တဲ့ ဝက္ျခံက တစ္ကိုယ္ရည္သန္႔ရွင္းမႈအားနည္းတာေၾကာင့့္မဟုတ္ပါဘူး။ ခႏၶာကိုယ္အတြင္း ပိုင္းကေဟာ္မုန္းေတြေျပာင္းလဲမႈေၾကာင့္ပဲျဖစ္ပါတယ္။ ေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ဝက္ျခံေပါက္တာပဲ ဂရုစိုက္စရာမလိုဘူးလို႔ေတာ့ ထားလို႔မရပါဘူး။ ဒီဝက္ျခံေတြက ဂရုမစိုက္ဘဲထားမယ္ဆိုရင္ ပိုဆိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုဂရုစိုက္ရမလဲဆိုတာကို ဆက္ၾကည့္လိုက္ရေအာင္ေနာ္ ေလဒီတို႔။
ရာသီလာခ်ိန္မွာ ျဖစ္တဲ့ဝက္ျခံသက္သာေအာင္ ဘယ္လိုလုပ္မလဲ

(၁) မ်က္ႏွာကိုလက္နဲ႔မထိပါနဲ႔

တစ္ေန႔တာလႈပ္ရွားမႈေတြလုပ္ေနရင္း မ်က္ႏွာကို အမႈမဲ့အမွတ္တဲ့ လက္နဲ႔ထိေတြ႔မိတာ၊ မ်က္လံုးကိုပြတ္တာမ်ိဳးေတြလုပ္မိႏိုင္ပါတယ္။ လက္က ေနရာတိုင္းကိုထိေတြ႔မိတာေၾကာင့္ ဘက္တီးရီးယားေတြအမ်ားၾကီးကပ္ညွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာကို လက္နဲ႔ကုတ္ဖဲ့တာ၊ ခဏခဏကိုင္တြယ္ထိေတြ႔တာေတြမလုပ္ပါနဲ႔။ မ်က္ႏွာကို မကိုင္တြယ္ခင္နဲ႔ မ်က္ႏွာမွာ တစ္ခုခုမလိမ္းခင္မွာ လက္ကိုအရင္စင္ၾကယ္ ေအာင္ေဆးေၾကာပါ။

(၂) ေရမ်ားမ်ားေသာက္ေပးပါ

ခႏၶာကိုယ္က ေရဓာတ္ျပည့္ဝေနဖို႔လိုပါမယ္။ ခႏၶာကိုယ္လႈပ္ရွားႏိုင္ေစဖို႔နဲ႔က်န္းမာေစဖို႔အတြက္ ေရလံုေလာက္ေအာင္ေသာက္ေပးဖို႔ လိုပါမယ္။ ေရကခႏၶာကိုယ္က်န္းမာဖို႔အတြက္ အေျခခံအက်ဆံုးအရာပါ။ အသားအေရစိုျပည္ၾကည္လင္ေစဖို႔အတြက္ တစ္ေန႔ကို ေရ ၈ ခြက္ေလာက္ေသာက္သံုးေပးပါ။ ရာသီေသြးေပၚေနခ်ိန္မွာ ခႏၶာကိုယ္ပင္ပန္းႏြမ္းနယ္တာမ်ိဳး မျဖစ္ေစဖို႔အတြက္လည္း ေရလံုေလာက္ေအာင္ေသာက္ဖို႔လိုပါမယ္။

(၃) သေႏၶတားေဆးေသာက္ေပးပါ

သေႏၶတားေဆးက ခႏၶာကိုယ္ရဲ႕ estrogen နဲ႔ progesterone  ပမာဏကို ကန္႔သတ္ေပးႏိုင္တာေၾကာင့္ အေရျပားအဆီျပန္မႈကို သက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ရာသီလာခ်ိန္မွာ ျဖစ္တတ္တဲ့ဝက္ျခံဗတြသက္သာေစဖို႔အတြက္ သေႏၶတားေဆးကိုေသာက္ေပးလို႔ရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အာနိသင္ျပပံုခ်င္းကေတာ့ မတူပါဘူး။  ဝက္ျခံေတြကိုလံုးဝမထြက္လာေစေအာင္မလုပ္ႏိုင္ေပမယ့္ သေႏၶတားေဆးကဝက္ျခံေတြကို သက္သာေစႏိုင္စြမ္းေတာ့ရွိပါတယ္။

(၄) ဖုန္းကိုသန္႔ရွင္းေအာင္ထားေပးပါ

အခုေခတ္မွာ ဖုန္းကေန႔စဥ္ဘဝမွာမရွိမျဖစ္တဲ့ ပစၥည္းတစ္ခုလိုေတာင္ျဖစ္လာေနပါျပီ။ ခႏၶာကိုယ္က ေဟာ္မုန္းမညီမွ်တဲ့အခ်ိန္မွာ ဝက္ျခံက အျဖစ္လြယ္ေနျပီး ညစ္ေပေနတဲ့ဖုန္းမ်က္ႏွာျပင္က ဘက္တီးရီးယားေတြက ဝက္ျခံေတြကို ပိုဆိုးလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ လက္ကိုင္ဖုန္းေတြကိုလည္း သန္႔သန္႔ရွင္းရွင္းထားေပးဖို႔လိုပါမယ္။

(၅) ေလ့က်င့္ခန္းလုပ္ျပီးရင္ ေရခ်ိဳးေပးပါ

တကယ္လို႔ သင့္က ကိုယ္လက္လႈပ္ရွားလုပ္တတ္တဲ့သူျဖစ္မယ္ဆိုရင္ေတာ့ ေလ့က်င့္ခန္းလုပ္ျပီးတဲ့အခါ ေခၽြးတိတ္ေအာင္ေစာင့္ျပီး ေရခ်ိဳးသန္႔စင္လိုက္ပါ။ ေလ့က်င့္ခန္းလုပ္ခ်ိန္မွာ ထြက္လာတဲ့ေခၽြး၊အဆီေတြနဲ႔ အေရျပားမွာ ကပ္ညွိေနတဲ့ ဘက္တီးရီးယားေတြက မ်က္ႏွာ၊ ရင္ဘတ္နဲ႔ေက်ာဘက္ေတြမွာ ဝက္ျခံေတြျဖစ္ေစႏိုင္ပါတယ္။ ရာသီလာခ်ိန္မွာျဖစ္တဲ့ဝက္ျခံေတြကိုလည္ ပိုဆိုးေစႏိုင္ပါတယ္။

(၆) အာဟာရျပည့္ဝေအာင္စားသံုးေပးပါ

ရာသီေသြးဆင္းေနခ်ိန္မွာ အာဟာရျပည့္ဝေအာင္စားသံုးေပးတာကလည္း ဝက္ျခံမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ ဇင့္၊ အမိုင္ႏိုအက္ဆစ္တို႔ပါဝင္တဲ့အစားအေသာက္ေတြက ရာသီေသြးဆင္းခ်ိန္မွာျဖစ္တဲ့ဝက္ျခံေတြကို သက္သာေစႏိုင္သလို အသားအေရကိုလည္း ၾကည္လင္လွပေစႏိုင္ပါတယ္။

အခုေျပာျပခဲ့တဲ့ အခ်က္ေတြအတိုင္းလုပ္ေဆာင္ၾကည့္ျပီး ရာသီလာခ်ိန္မွာ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ ဝက္ျခံေတြကို ႏွိမ္ႏွင္းလိုက္ၾကပါစို႔လား၊ ေလဒီတို႔ေရ

Credit  : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်တွေ့ရနိုင်တဲ့ ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်းဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာ ဝက်ခြံထွက်လာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်၊လို့ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။
ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ

ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီသွေးဆင်းနေတဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့တစ်ရ က်မတူကြပါဘူး။ ရာသီသွေးဆင်းတဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogen ဟော်မုန်းတွေများနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ progesterone ကများလာပါတယ်။ progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုကဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ  testosterone ဟော်မုန်းပမာဏက ပုံမှန်ထက် ပိုများနေပြီး အဆီဂလင်းတွေက အဆီထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေထက်ပိုများနေတတ်ပါတယ်။ ဒါကြောင့်အရေပြားက ချွေးပေါက်တွေမှာ အဆီတွေပိတ်ဆို့ရာကနေ ဝက်ခြံတွေထွက်လာရတာပဲဖြစ်ပါတယ်။

ရာသီသွေးဆင်းချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့ဝက်ခြံတွေကို မထွက်အောင်တော့လုပ်လို့မရပါဘူး။ သက်သာအောင်ပဲလုပ်လို့ရပါတယ်။ ရာသီးသွေးပေါ်ချိန်မှာထွက်တဲ့ ဝက်ခြံက တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့်မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်း ပိုင်းကဟော်မုန်းတွေပြောင်းလဲမှုကြောင့်ပဲဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့်ဝက်ခြံပေါက်တာပဲ ဂရုစိုက်စရာမလိုဘူးလို့တော့ ထားလို့မရပါဘူး။ ဒီဝက်ခြံတွေက ဂရုမစိုက်ဘဲထားမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော် လေဒီတို့။
ရာသီလာချိန်မှာ ဖြစ်တဲ့ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်မလဲ

(၁) မျက်နှာကိုလက်နဲ့မထိပါနဲ့

တစ်နေ့တာလှုပ်ရှားမှုတွေလုပ်နေရင်း မျက်နှာကို အမှုမဲ့အမှတ်တဲ့ လက်နဲ့ထိတွေ့မိတာ၊ မျက်လုံးကိုပွတ်တာမျိုးတွေလုပ်မိနိုင်ပါတယ်။ လက်က နေရာတိုင်းကိုထိတွေ့မိတာကြောင့် ဘက်တီးရီးယားတွေအများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ခဏခဏကိုင်တွယ်ထိတွေ့တာတွေမလုပ်ပါနဲ့။ မျက်နှာကို မကိုင်တွယ်ခင်နဲ့ မျက်နှာမှာ တစ်ခုခုမလိမ်းခင်မှာ လက်ကိုအရင်စင်ကြယ် အောင်ဆေးကြောပါ။

(၂) ရေများများသောက်ပေးပါ

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်စေဖို့နဲ့ကျန်းမာစေဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါမယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာပါ။ အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်သုံးပေးပါ။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့အတွက်လည်း ရေလုံလောက်အောင်သောက်ဖို့လိုပါမယ်။

(၃) သန္ဓေတားဆေးသောက်ပေးပါ

သန္ဓေတားဆေးက ခန္ဓာကိုယ်ရဲ့ estrogen နဲ့ progesterone  ပမာဏကို ကန့်သတ်ပေးနိုင်တာကြောင့် အရေပြားအဆီပြန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ဝက်ခြံဗတွသက်သာစေဖို့အတွက် သန္ဓေတားဆေးကိုသောက်ပေးလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။  ဝက်ခြံတွေကိုလုံးဝမထွက်လာစေအောင်မလုပ်နိုင်ပေမယ့် သန္ဓေတားဆေးကဝက်ခြံတွေကို သက်သာစေနိုင်စွမ်းတော့ရှိပါတယ်။

(၄) ဖုန်းကိုသန့်ရှင်းအောင်ထားပေးပါ

အခုခေတ်မှာ ဖုန်းကနေ့စဉ်ဘဝမှာမရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ ခန္ဓာကိုယ်က ဟော်မုန်းမညီမျှတဲ့အချိန်မှာ ဝက်ခြံက အဖြစ်လွယ်နေပြီး ညစ်ပေနေတဲ့ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေက ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါမယ်။

(၅) လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးပေးပါ

တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးသန့်စင်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွက်လာတဲ့ချွေး၊အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာ၊ ရင်ဘတ်နဲ့ကျောဘက်တွေမှာ ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ဝက်ခြံတွေကိုလည် ပိုဆိုးစေနိုင်ပါတယ်။

(၆) အာဟာရပြည့်ဝအောင်စားသုံးပေးပါ

ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်၊ အမိုင်နိုအက်ဆစ်တို့ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေနိုင်သလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်းလုပ်ဆောင်ကြည့်ပြီး ရာသီလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းလိုက်ကြပါစို့လား၊ လေဒီတို့ရေ

Credit  : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top