iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ဆိုတာ

မာယာေတြ ရွိေနပါ…။

မာယာမရွိတဲ့ မိန္းမတေယာက္ဟာ

ေယာက်ၤားေလးေတြရဲ႕ လက္ထဲက ကစားစရာ အရုပ္ ျဖစ္သြားလိမ့္မယ္။

မိန္းကေလးတစ္ေယာက္ဆိုတာ

မာနရွိေနမွ ၿပီးျပည့္စုံပါ…။

မာနတရားကို လက္ကိုင္မထားဘဲ ေနမိရင္ ေယာက်ၤားေလးေတြရဲ႕ ေပါ့ပ်က္ပ်က္ သေဘာထားတာ ၾကံဳရတတ္တယ္။

အေျဖလြယ္လြယ္ေပး သဲသဲ လႈပ္ခ်စ္ျပရင္ ေယာက်ၤားေလးေတြရဲ႕ အထင္ေသးတာ တန္ဖိုး မထားတာ ခံရမယ္။

မိန္းကေလးတစ္ေယာက္ဆိုတာ

ျပတ္သားပါ…။

ခပ္ေပ်ာ့ေပ်ာ့ ခပ္တံုးတံုးအထာ ျဖစ္ျပရင္ ေယာက်ၤားေလးေတြရဲ႕ လွည့္စားတာ အကြက္ေရႊ႕တာေတြ ခံရမယ္။ တစ္ခါတစ္ရံ ျပတ္သား ရက္စက္တတ္ဖို႔လည္း လိုတယ္…

မိန္းကေလးတစ္ေယာက္ဆိုတာ

ဟန္ေဆာင္ေနတတ္ပါ…။

ကိုယ့္ဘဝကိုလည္း အသက္ထက္ ပိုခ်စ္တတ္ရမယ္…

အေၾကာတင္းသင့္တင္း မာနၾကီးသင့္ ႀကီးျပတတ္ရမယ္… အေသအလဲ ခ်စ္ေနရင္ေတာင္ မုန္းဟန္ေဆာင္ တတ္ရမယ္…

မိန္းကေလးတစ္ေယာက္ဆိုတာ

စိတ္ထားႏုညံ့သင့္တဲ့ေနရာမွာ ႏုညံ့ပါ

မိန္းကေလး ျဖစ္ရတာ ဘယ္ေနရာမွ မနိမ့္က်ပါဘူး… ဘုရားကေပးတဲ႔ အလွအပတရားေတြ အကုန္ပိုင္ဆိုင္ ထားတယ္…

ႏူးညံ႔သိမ္ေမြ႔တဲ႔ ႏွလံုးသားတစ္စံု ရွိထားတယ္…

မိန္းကေလးတစ္ေယာက္ဆိုတာ

ေရြးခ်ယ္တတ္ဖို႔လည္း လိုအပ္တယ္။

ကိုယ့္ဘဝ ကိုယ့္အနာဂတ္ကို ကိုယ္တိုင္ ေရြးခ်ယ္ခြင့္ ရထားတယ္။ မခ်စ္ရင္ ျငင္းခြင့္ရွိတယ္။

မုန္းရင္ လွည့္မၾကည့္ခြင့္ ရွိတယ္… ျဖစ္ခ်င္တာေတာ့ ျဖစ္ခြင့္ မရွိဘူး

ျဖစ္သင့္တာေတာ့ ျဖစ္ခြင့္ ရွိတယ္… ေရြးခ်ယ္မႈ မမွားဖို႔ေတာ့ လိုလိမ့္မယ္…

မိန္းကေလးတစ္ေယာက္ဆိုတာ

မွားခဲ့ရင္ေတာင္ အခ်ိန္မွီ ျပန္ထ တတ္ဖို႔လိုအပ္တယ္။

ေလာကမွာ ရွင္သန္ဖို႔ဆိုရင္ ျခေသၤ႔လို ရဲရင့္ျပဖို႔လည္း လိုတယ္ေလ… အမွား ရွိခဲ႔တိုင္းလည္း အျပစ္ မဟုတ္ဘူး။

တစ္ခ်ိဳ႕အမွားေတြက သန္႔ရွင္းပါတယ္… မသိလို႔ မွားခဲ႔မိတာရယ္ မႏူးမနပ္နဲ႔ ငယ္ေသးလို႔ မွားခ့ဲမိတာရယ္ေၾကာင့္ပါ…

အဲ႔အမွားထဲက အခ်ိန္မွီ ျပန္ရုန္းထြက္ႏုိင္ဖို႔ပဲ လိုတာ

မိန္းကေလးတစ္ေယာက္မို႔ အားႏြဲ႕တဲ့ စိတ္ထားေတြ ေခတ္ေဟာင္းမွာ ဝဲလိုက္ေတာ့

ရဲရင့္ဝင့္ႂကြားတဲ့ တတ္ႂကြရႊင္လန္းတဲ့ မိန္းကေလးျဖစ္ေအာင္ ေနလိုက္ပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: P.T.C.M
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတစ်ယောက်ဆိုတာ

မာယာတွေ ရှိနေပါ…။

မာယာမရှိတဲ့ မိန်းမတယောက်ဟာ

ယောင်္ကျားလေးတွေရဲ့ လက်ထဲက ကစားစရာ အရုပ် ဖြစ်သွားလိမ့်မယ်။

မိန်းကလေးတစ်ယောက်ဆိုတာ

မာနရှိနေမှ ပြီးပြည့်စုံပါ…။

မာနတရားကို လက်ကိုင်မထားဘဲ နေမိရင် ယောင်္ကျားလေးတွေရဲ့ ပေါ့ပျက်ပျက် သဘောထားတာ ကြုံရတတ်တယ်။

အဖြေလွယ်လွယ်ပေး သဲသဲ လှုပ်ချစ်ပြရင် ယောင်္ကျားလေးတွေရဲ့ အထင်သေးတာ တန်ဖိုး မထားတာ ခံရမယ်။

မိန်းကလေးတစ်ယောက်ဆိုတာ

ပြတ်သားပါ…။

ခပ်ပျော့ပျော့ ခပ်တုံးတုံးအထာ ဖြစ်ပြရင် ယောင်္ကျားလေးတွေရဲ့ လှည့်စားတာ အကွက်ရွှေ့တာတွေ ခံရမယ်။ တစ်ခါတစ်ရံ ပြတ်သား ရက်စက်တတ်ဖို့လည်း လိုတယ်…

မိန်းကလေးတစ်ယောက်ဆိုတာ

ဟန်ဆောင်နေတတ်ပါ…။

ကိုယ့်ဘဝကိုလည်း အသက်ထက် ပိုချစ်တတ်ရမယ်…

အကြောတင်းသင့်တင်း မာနကြီးသင့် ကြီးပြတတ်ရမယ်… အသေအလဲ ချစ်နေရင်တောင် မုန်းဟန်ဆောင် တတ်ရမယ်…

မိန်းကလေးတစ်ယောက်ဆိုတာ

စိတ်ထားနုညံ့သင့်တဲ့နေရာမှာ နုညံ့ပါ

မိန်းကလေး ဖြစ်ရတာ ဘယ်နေရာမှ မနိမ့်ကျပါဘူး… ဘုရားကပေးတဲ့ အလှအပတရားတွေ အကုန်ပိုင်ဆိုင် ထားတယ်…

နူးညံ့သိမ်မွေ့တဲ့ နှလုံးသားတစ်စုံ ရှိထားတယ်…

မိန်းကလေးတစ်ယောက်ဆိုတာ

ရွေးချယ်တတ်ဖို့လည်း လိုအပ်တယ်။

ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်ခွင့် ရထားတယ်။ မချစ်ရင် ငြင်းခွင့်ရှိတယ်။

မုန်းရင် လှည့်မကြည့်ခွင့် ရှိတယ်… ဖြစ်ချင်တာတော့ ဖြစ်ခွင့် မရှိဘူး

ဖြစ်သင့်တာတော့ ဖြစ်ခွင့် ရှိတယ်… ရွေးချယ်မှု မမှားဖို့တော့ လိုလိမ့်မယ်…

မိန်းကလေးတစ်ယောက်ဆိုတာ

မှားခဲ့ရင်တောင် အချိန်မှီ ပြန်ထ တတ်ဖို့လိုအပ်တယ်။

လောကမှာ ရှင်သန်ဖို့ဆိုရင် ခြင်္သေ့လို ရဲရင့်ပြဖို့လည်း လိုတယ်လေ… အမှား ရှိခဲ့တိုင်းလည်း အပြစ် မဟုတ်ဘူး။

တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်… မသိလို့ မှားခဲ့မိတာရယ် မနူးမနပ်နဲ့ ငယ်သေးလို့ မှားခဲ့မိတာရယ်ကြောင့်ပါ…

အဲ့အမှားထဲက အချိန်မှီ ပြန်ရုန်းထွက်နိုင်ဖို့ပဲ လိုတာ

မိန်းကလေးတစ်ယောက်မို့ အားနွဲ့တဲ့ စိတ်ထားတွေ ခေတ်ဟောင်းမှာ ဝဲလိုက်တော့

ရဲရင့်ဝင့်ကြွားတဲ့ တတ်ကြွရွှင်လန်းတဲ့ မိန်းကလေးဖြစ်အောင် နေလိုက်ပါ

ဖိုးသူတော် (www.phothutaw.com)
Credit: P.T.C.M
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top