iMyanmarHouse.com - Best Property Website for Myanmar
×






Source;aye myat thu

Credit: Moekalay
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် အေးမြတ်သူဟာဆိုရင် သရုပ်ဆောင်လောကမှာ နာမည်ရမင်းသမီးတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားသူ သူမက ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ရာအလှကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

သူမကကျရာဇာတ်ရုပ်ကို ပီပြင်ပြောင်မြောက်အောင်သရုပ်ဆောင်နိုင်ပြီး သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေကြားမှာနာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။အေးမြတ်သူဟာဆိုရင် Explorers of Myanmarအဖွဲ့နဲ့ တူရကီကို တူတူသွားခဲ့တာပဲဖြစ်ပါတယ်။ သူမက တူရကီမှာအရမ်းပျော်နေပြီး သူမရဲ့ အလှပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အေးမြတ်သူက ခုလိုပြောထားပါသေးတယ် “မမြတ်လေး အသက် ၃၀ကျော် ၃၃ ပါရှင့် လုပ်သင့်တာတွေလည်း လုပ်နေသလို လုပ်ချင်တာလေးတွေလည်း လုပ်တက်ပါတယ်ရှင့် ခွင့်လွှတ်ပေးတက်တဲ့ ချစ်ရသူတယောက်ချင်းစီတိုင်းကို အရမ်းချစ်ပြီးကျေးဇူးတင်ပါတယ်ရှင့် စကားမစပ် လုပ်ချင်တာတွေလုပ်တိုင်း အပြစ်မမြင်ဘဲ အဝေးကနေ စောင့်ရှောက်ပေးတက်တဲ့ ချစ်သူရေ ၊ အပျိုကြီးလည်း ဒါလေးတွေကြောင့် မြန်မြန်ကျွတ်တော့မယ် ထင်တယ်ရှင့်” ဆိုပြီးပြောထားတာပာ။

အေးမြတ်သူက “ချစ်သူ ပျော်လားမေးရင် ကျမပျော်တယ် လွမ်းလားမေးရင် ကျမလွမ်းတယ် ကျမအပျော်တွေ အလွမ်းတွေ ကို ချစ်သူသိအောင် ပုံလေးတွေ တင်ခွင့်ပြုပါနော်.၊ချစ်သူ ပေးလိုက်တဲ့ မုန့်ဖိုးတွေလည်း ၊ချစ်သူ ကို ချစ်လို့ ကုန်အောင်သုံးခဲ့မယ်နော် အရမ်း လွမ်းနေတယ်ရှင့်” လို့ပြောထားပါသေးတယ်။

ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူရဲ့ တူရကီမှာ ပျော်နေတဲ့ပုံရိပ်ကလေးတွေကိုပရိသတ်ကြီးသဘောကျလိမ့်မယ်ထင်ပါတယ်။ ချစ်ပရိသတ်ကြီးကလည်းသရုပ်ဆောင် အေးမြတ်သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးပြီးသူမကိုချစ်ပေးကြပါဦးနော်။

Source;aye myat thu

Credit: Moekalay
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top