iMyanmarHouse.com - Best Property Website for Myanmar
×

တားေဆးျဖတ္လိုက္ခ်ိန္မွာပဲ ေဟာ္မုန္းအခ်ိဳးအဆဟာ ပံုမွန္ျပန္ျဖစ္သြားၿပီး သားဥျပန္ေႂကြနိုင္စြမ္း ရွိတဲ့အတြက္ ခ်က္ခ်င္း ကိုယ္ဝန္ ျပန္ရနိုင္ပါတယ္။ ဒါေၾကာင့္ ကေလးယူဖု႔ိ မဆံုးျဖတ္ရေသးခင္မွာ ကြန္ဒံုး သို႔မဟုတ္ အျခားတားနည္းတစ္မ်ိဳးမ်ိဳးကို အသံုးျပဳသင့္ပါတယ္။

ဒါ့အျပင္ တျခား ဘာေတြျဖစ္လာႏိုင္သလဲ? ဒါကေတာ့ ေဆး ဘာေၾကာင့္ ေသာက္ရတယ္ဆိုတဲ့ ရည္ရြယ္ခ်က္ေပၚ မူတည္ေနပါတယ္။ တားေဆးကို ကိုယ္ဝန္တားဖို႔အတြက္ သာမက ရာသီစက္ဝန္းမွန္ေအာင္၊ ရာသီေသြးနည္းေအာင္၊ ရာသီိလာစဥ္ ကိုက္ခဲမႈ သက္သာေအာင္၊ ရာသီမေပၚခင္ လကၡဏာမ်ား သက္သာေအာင္နဲ႔ ေဟာ္မုန္းေၾကာင့္ျဖစ္တဲ့ ဝက္ၿခံသက္သာေအာင္ သံုးေလ့ရွိၾကပါတယ္။ ဒါ့အျပင္ ေမြးရာပါ သားဥအိမ္အိတ္မ်ား ျဖစ္ေပၚတဲ ေရာဂါအတြက္လည္း သံုးနိုင္ပါေသးတယ္။

ဒါေၾကာင့္ ေဆး ရပ္လိုက္တဲ့အခါ ေဆးမေသာက္မီ ျဖစ္ေပၚေနက် လကၡဏာမ်ား ျပန္ေပၚလာနိုင္ပါတယ္။ ရာသီစက္ဝန္းမမွန္ျခင္း၊ ရာသီေသြးမ်ားျခင္း၊ ရာသီလာခ်ိန္ ကိုက္ခဲနာက်င္ျခင္း၊ ဝက္ၿခံမ်ားေပါက္ျခင္း အျပင္ ရာသီမလာခင္ျဖစ္ေပၚေလ့ရွိေသာ ေခါင္းကိုက္ျခင္း၊ အစာစားခ်င္စိတ္ မ်ားျခင္း၊ ရင္သားနာက်င္ျခင္း စတာေတြ ျပန္ျဖစ္လာပါလိမ့္မယ္။ ရာသီေသြးလည္း အရင္ကလို ျပန္ေပၚလာမွာ ျဖစ္ပါတယ္။

တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ေဆးျဖတ္အၿပီးမွာ ပံုမွန္ျပန္ျဖစ္သြားတဲ့ ေဟာ္မုန္းအခ်ိဳးအဆကို ျပန္ညိႇႏႈိင္းယူေနရတဲ့အတြက္ ရာသီေသြး တစ္လ၊ ႏွစ္လခန္႔ ျပန္မေပၚတာမ်ိဳးေတြ ရွိတတ္ပါတယ္။ အကယ္၍ ရာသီေသြးမေပၚတာ 3 လေလာက္ ရွိၿပီဆိုရင္ေတာ့ ကိုယ္ဝန္ ရွိ၊ မရွိ စစ္ေဆးသင့္ပါတယ္။

ဒါ့အျပင္ 20% ေသာ အမ်ိဳးသမီးေတြမွာ သားဥေႂကြတဲ့အခ်ိန္ ဗိုက္ေအာက္ပိုင္းက သ႐ိုးသရီ ခံစားရတတ္ပါတယ္။ သားဥေႂကြတဲ့ အျခားလကၡဏာတစ္ရပ္ကေတာ့ သားအိမ္ေခါင္းက ထြက္လာတဲ့ ခြၽဲေလးေတြ အတြင္းခံေဘာင္းဘီမွာ ေပေနတတ္တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

တစ္ခါတစ္ရံ အခ်ိဳ႕အမ်ိဳးသမီးေတြမွာ ေဆးေသာက္ေနစဥ္ ဗိုက္ပြျခင္း၊ စိတ္ဓာတ္က်ျခင္း၊ လိင္မႈစိတ္ဆႏၵ နည္းပါးျခင္းနဲ႔ ေခါင္းကိုက္ျခင္းတို႔ ခံစားရတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ေဆးျဖတ္ျခင္းျဖင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားျခင္း၊ စိတ္ဆႏၵ ျပန္လည္ျဖစ္ေပၚလာျခင္း၊ စိတ္တည္ၿငိမ္လာျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရလာတတ္ၾကပါတယ္။ ဒီလို တစ္ေယာက္နဲ႔တစ္ေယာက္ ကြာျခားမႈ ရွိတတ္တဲ့အတြက္ တစ္ေယာက္အတြက္ ေဆးျဖတ္လိုက္တာဟာ ေနထိုင္ေကာင္းေစေပမယ့္ တစ္ေယာက္မွာေတာ့ ဒီလိုျဖစ္ခ်င္မွ ျဖစ္မွာပါ။

 ေဆးျဖတ္လိုက္ျခင္းျဖင့္ ေဆးရဲ႕ အျခားအက်ဳိးေတြျဖစ္တဲ့ သားဥအိမ္ကင္ဆာ၊ သားအိမ္ကင္ဆာနဲ႔ အူမႀကီးကင္ဆာ( စမ္းသပ္ဆဲ) တို႔ကို ကာကြယ္ေပးႏိုင္တဲ့အက်ိဳးကို လြတ္သြားေစနိုင္ပါတယ္။ ဒီေဆးေတြကို ပံုမွန္ေသာက္ေနျခင္းျဖင့္ အထက္ပါေရာဂါေတြကို ပိုမိုကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
တားဆေးဖြတ်လိုက်ချိန်မှာပဲ ဟော်မုန်းအချိုးအဆဟာ ပုံမှန်ပြန်ဖြစ်သွားပြီး သားဥပြန်ကြွေနိုင်စွမ်း ရှိတဲ့အတွက် ချက်ချင်း ကိုယ်ဝန် ပြန်ရနိုင်ပါတယ်။ ဒါကြောင့် ကလေးယူဖု့ိ မဆုံးဖြတ်ရသေးခင်မှာ ကွန်ဒုံး သို့မဟုတ် အခြားတားနည်းတစ်မျိုးမျိုးကို အသုံးပြုသင့်ပါတယ်။

ဒါ့အပြင် တခြား ဘာတွေဖြစ်လာနိုင်သလဲ? ဒါကတော့ ဆေး ဘာကြောင့် သောက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ် မူတည်နေပါတယ်။ တားဆေးကို ကိုယ်ဝန်တားဖို့အတွက် သာမက ရာသီစက်ဝန်းမှန်အောင်၊ ရာသီသွေးနည်းအောင်၊ ရာသီလာစဉ် ကိုက်ခဲမှု သက်သာအောင်၊ ရာသီမပေါ်ခင် လက္ခဏာများ သက်သာအောင်နဲ့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံသက်သာအောင် သုံးလေ့ရှိကြပါတယ်။ ဒါ့အပြင် မွေးရာပါ သားဥအိမ်အိတ်များ ဖြစ်ပေါ်တဲ ရောဂါအတွက်လည်း သုံးနိုင်ပါသေးတယ်။

ဒါကြောင့် ဆေး ရပ်လိုက်တဲ့အခါ ဆေးမသောက်မီ ဖြစ်ပေါ်နေကျ လက္ခဏာများ ပြန်ပေါ်လာနိုင်ပါတယ်။ ရာသီစက်ဝန်းမမှန်ခြင်း၊ ရာသီသွေးများခြင်း၊ ရာသီလာချိန် ကိုက်ခဲနာကျင်ခြင်း၊ ဝက်ခြံများပေါက်ခြင်း အပြင် ရာသီမလာခင်ဖြစ်ပေါ်လေ့ရှိသော ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် များခြင်း၊ ရင်သားနာကျင်ခြင်း စတာတွေ ပြန်ဖြစ်လာပါလိမ့်မယ်။ ရာသီသွေးလည်း အရင်ကလို ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ ဆေးဖြတ်အပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတဲ့ ဟော်မုန်းအချိုးအဆကို ပြန်ညှိနှိုင်းယူနေရတဲ့အတွက် ရာသီသွေး တစ်လ၊ နှစ်လခန့် ပြန်မပေါ်တာမျိုးတွေ ရှိတတ်ပါတယ်။ အကယ်၍ ရာသီသွေးမပေါ်တာ 3 လလောက် ရှိပြီဆိုရင်တော့ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

ဒါ့အပြင် 20% သော အမျိုးသမီးတွေမှာ သားဥကြွေတဲ့အချိန် ဗိုက်အောက်ပိုင်းက သရိုးသရီ ခံစားရတတ်ပါတယ်။ သားဥကြွေတဲ့ အခြားလက္ခဏာတစ်ရပ်ကတော့ သားအိမ်ခေါင်းက ထွက်လာတဲ့ ချွဲလေးတွေ အတွင်းခံဘောင်းဘီမှာ ပေနေတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ အချို့အမျိုးသမီးတွေမှာ ဆေးသောက်နေစဉ် ဗိုက်ပွခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လိင်မှုစိတ်ဆန္ဒ နည်းပါးခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဖြတ်ခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျသွားခြင်း၊ စိတ်ဆန္ဒ ပြန်လည်ဖြစ်ပေါ်လာခြင်း၊ စိတ်တည်ငြိမ်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရလာတတ်ကြပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိတတ်တဲ့အတွက် တစ်ယောက်အတွက် ဆေးဖြတ်လိုက်တာဟာ နေထိုင်ကောင်းစေပေမယ့် တစ်ယောက်မှာတော့ ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ။

 ဆေးဖြတ်လိုက်ခြင်းဖြင့် ဆေးရဲ့ အခြားအကျိုးတွေဖြစ်တဲ့ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ( စမ်းသပ်ဆဲ) တို့ကို ကာကွယ်ပေးနိုင်တဲ့အကျိုးကို လွတ်သွားစေနိုင်ပါတယ်။ ဒီဆေးတွေကို ပုံမှန်သောက်နေခြင်းဖြင့် အထက်ပါရောဂါတွေကို ပိုမိုကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top