iMyanmarHouse.com - Best Property Website for Myanmar
×

မခြဲစိတ္ဘဲ မိန္းမကိုယ္က်ဥ္းေအာင္ လုပ္နည္းမ်ားသည္ ခြဲစိတ္ကုသျခင္းမ်ားနွင့္ စာလွ်င္ ပို စိတ္ခ်ရပါသည္။ သို႕ေသာ္ မည္သည့္ကုသမႈမ်ိဳးမဆို မေမွ်ာ္လင့္ထားေသာ ေဘးထြက္ဆိုးက်ိဳးမ်ားရွိနိုင္ပါသည္။

ေအာက္ပါတို႕သည္  ကုသမႈမ်ားခံယူျပီး ခ်ိန္တြင္ ျပဳလုပ္ရမည့္ ထိန္းသိမ္းမႈမ်ားျဖစ္ပါသည္။

မခြဲစိတ္ေသာနည္းလမ္းမ်ားသည္  ပိုလည္း စိတ္ခ်ရသလို ျပဳလုပ္ျပီးလွ်င္လည္း အခ်ိန္မယူရပါ။ သို႕ေသာ္ သင္သည္ ေဆးခန္းကို အေႀကာင္း အမ်ိဳးမ်ိဳးေႀကာင့္ျပန္မလာရေအာင္ အခ်ိဳ႕ေသာ အခ်က္မ်ားကို သိထားသင့္ပါသည္။

မိန္းမကိုယ္က်ဥ္းေစေသာ ကုသမႈသည္ မိန္းမကိုယ္တ၀ိုက္တြင္ ပူေလာင္ျခင္း၊ ယားယံျခင္းတို႕ကို ျဖစ္ေစသည့္အတြက္ ထိုသို႕ မခံမရပ္နိုင္ေအာင္ ျဖစ္လာလွ်င္ မွီ၀ဲရန္ေဆးမ်ားကို ဆရာ၀န္အား ေမးသြားပါ။ မိန္းမကိုယ္တ၀ိုက္တြင္ အနာေလးမ်ားျဖစ္လာနိုင္ပါသည္။ မစိုးရိမ္ပါနွင့္။

ကုသမႈ ခံယူျပီး ခ်ိန္တြင္ ပံုမွန္အတိုင္း ေန႕စဥ္အလုပ္မ်ားကို ျပန္လုပ္နို္င္ပါသည္။ သို႕ေသာ္ မိန္းမကိုယ္အတြက္ ေလ့က်င့္ခန္းမ်ားကို ရက္အေတာ္ႀကာ ျပဳုလုပ္ရပါမည္။ထိုသို႕ ျပဳလုက္ျခင္းျဖင့္ ပံုမပ်က္သြားေအာင္ ကူညီေပးပါသည္။

ကုသမႈအျပီး ၂ပတ္ေက်ာ္မွသာလွ်င္ လိင္ကိစၥမ်ားကို ျပဳုလပ္ရပါမည္။ ေရေႏြးျဖင့္ ေရစိမ္ခ်ိဳးျခင္းကိုလညး္ ေရွာင္က်ဥ္ရမည္ျဖစ္ပါသည္။

အေရးႀကီးဆံုးအခ်က္မွာ ကုသမႈခံယူျပီး ခ်ိန္တြင္ သင့္ကိုယ္ခႏၶာမွ အနာက်က္အားေကာင္းေစရန္ အပန္းေျဖ အနားယူရပါမည္။ ေပါ့ေပါ့ပါးပါးေနပါ။ က်န္းမာေရးနွင့္ ညီညြတ္ေစမည့္ အစားအစာမ်ားကိုစားပါ။ သို႕မွသာ အနာက်က္ျမန္ေစျပီးတက္ႀကြလႈပ္ရွားမႈမ်ားကို ျပဳုလုပ္နိုင္မည္ျဖစ္ပါသည္။

မေမွ်ာ္လင့္ထားေသာ ေဘးထြက္ဆိုးက်ိဳးမ်ားမျဖစ္ေအာင္ ဆရာ၀န္ညႊန္ႀကားခ်က္မ်ားနွင့္ အညီေနထိုင္ပါ။ မိမိကိုယ္ကို ဂရုစိုက္ပါ။ မိန္းမကိုယ္ကို သန္႕ရွင္းေရးလုပ္ပါ။ ကုသမႈ ခံယူျပီး သြားေသာ္လည္း ထိုကုသမႈ၏ ေနာက္ဆက္တဲြမ်ား ျဖစ္နိုင္ေသးသည္ကို သတိျပဳပါ။ မူမမွန္ေသာ အရာတစ္ခုခုျဖစ္လာပါက ဆရာ၀န္နွင့္ ေဆြးေႏြးကာ အေကာင္းဆံုး အေျဖရွာပါ။ အခ်ိဳ႕အမ်ိဳးသမီးမ်ားသည္ မိန္းမကိုယ္က်န္းမာေရး အေပၚ မူတည္ျပီး တစ္ပတ္တစ္ခါျဖစ္ေစ၊ တစ္နွစ္တစ္ခါျဖစ္ေစ ရက္ခ်ိန္းျပရေလ့ရွိပါသည္။

အခ်ဳပ္ဆိုရေသာ္ မိန္းမကိုယ္က်ဥ္းေစရန္ ကုသမႈမ်ားခံယူျပီး ခ်ိန္တြင္ သင့္ကိုယ္သင္ မ်က္ေျခမျပတ္ ဂရုစိုက္ရန္ လိုအပ္ပါသည္။ ထုိမွသာ မိန္းမကိုယ္အတြက္ မေမွ်ာ္လင့္ထားေသာ ဆိုးက်ိဳးမ်ားကို ကာကြယ္ရာေရာက္သလို တကိုယ္လံုးက်န္းမာေရးကိုလည္း သြယ္၀ိုက္ေသာနညး္ျဖင့္ ဂရုစိုက္ရာလည္း ေရာက္ပါသည္။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မခွဲစိတ်ဘဲ မိန်းမကိုယ်ကျဉ်းအောင် လုပ်နည်းများသည် ခွဲစိတ်ကုသခြင်းများနှင့် စာလျှင် ပို စိတ်ချရပါသည်။ သို့သော် မည်သည့်ကုသမှုမျိုးမဆို မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသည်။

အောက်ပါတို့သည်  ကုသမှုများခံယူပြီး ချိန်တွင် ပြုလုပ်ရမည့် ထိန်းသိမ်းမှုများဖြစ်ပါသည်။

မခွဲစိတ်သောနည်းလမ်းများသည်  ပိုလည်း စိတ်ချရသလို ပြုလုပ်ပြီးလျှင်လည်း အချိန်မယူရပါ။ သို့သော် သင်သည် ဆေးခန်းကို အကြောင်း အမျိုးမျိုးကြောင့်ပြန်မလာရအောင် အချို့သော အချက်များကို သိထားသင့်ပါသည်။

မိန်းမကိုယ်ကျဉ်းစေသော ကုသမှုသည် မိန်းမကိုယ်တဝိုက်တွင် ပူလောင်ခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေသည့်အတွက် ထိုသို့ မခံမရပ်နိုင်အောင် ဖြစ်လာလျှင် မှီဝဲရန်ဆေးများကို ဆရာဝန်အား မေးသွားပါ။ မိန်းမကိုယ်တဝိုက်တွင် အနာလေးများဖြစ်လာနိုင်ပါသည်။ မစိုးရိမ်ပါနှင့်။

ကုသမှု ခံယူပြီး ချိန်တွင် ပုံမှန်အတိုင်း နေ့စဉ်အလုပ်များကို ပြန်လုပ်နိုင်ပါသည်။ သို့သော် မိန်းမကိုယ်အတွက် လေ့ကျင့်ခန်းများကို ရက်အတော်ကြာ ပြုုလုပ်ရပါမည်။ထိုသို့ ပြုလုက်ခြင်းဖြင့် ပုံမပျက်သွားအောင် ကူညီပေးပါသည်။

ကုသမှုအပြီး ၂ပတ်ကျော်မှသာလျှင် လိင်ကိစ္စများကို ပြုုလပ်ရပါမည်။ ရေနွေးဖြင့် ရေစိမ်ချိုးခြင်းကိုလည်း ရှောင်ကျဉ်ရမည်ဖြစ်ပါသည်။

အရေးကြီးဆုံးအချက်မှာ ကုသမှုခံယူပြီး ချိန်တွင် သင့်ကိုယ်ခန္ဓာမှ အနာကျက်အားကောင်းစေရန် အပန်းဖြေ အနားယူရပါမည်။ ပေါ့ပေါ့ပါးပါးနေပါ။ ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကိုစားပါ။ သို့မှသာ အနာကျက်မြန်စေပြီးတက်ကြွလှုပ်ရှားမှုများကို ပြုုလုပ်နိုင်မည်ဖြစ်ပါသည်။

မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများမဖြစ်အောင် ဆရာဝန်ညွှန်ကြားချက်များနှင့် အညီနေထိုင်ပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်ပါ။ ကုသမှု ခံယူပြီး သွားသော်လည်း ထိုကုသမှု၏ နောက်ဆက်တွဲများ ဖြစ်နိုင်သေးသည်ကို သတိပြုပါ။ မူမမှန်သော အရာတစ်ခုခုဖြစ်လာပါက ဆရာဝန်နှင့် ဆွေးနွေးကာ အကောင်းဆုံး အဖြေရှာပါ။ အချို့အမျိုးသမီးများသည် မိန်းမကိုယ်ကျန်းမာရေး အပေါ် မူတည်ပြီး တစ်ပတ်တစ်ခါဖြစ်စေ၊ တစ်နှစ်တစ်ခါဖြစ်စေ ရက်ချိန်းပြရလေ့ရှိပါသည်။

အချုပ်ဆိုရသော် မိန်းမကိုယ်ကျဉ်းစေရန် ကုသမှုများခံယူပြီး ချိန်တွင် သင့်ကိုယ်သင် မျက်ခြေမပြတ် ဂရုစိုက်ရန် လိုအပ်ပါသည်။ ထိုမှသာ မိန်းမကိုယ်အတွက် မမျှော်လင့်ထားသော ဆိုးကျိုးများကို ကာကွယ်ရာရောက်သလို တကိုယ်လုံးကျန်းမာရေးကိုလည်း သွယ်ဝိုက်သောနည်းဖြင့် ဂရုစိုက်ရာလည်း ရောက်ပါသည်။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top