iMyanmarHouse.com - Best Property Website for Myanmar
×







Lyric&Melody : PO PO
#letmekissyou


Credit : Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
အလွမ်းအဆွေးသီချင်းလေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ သီချင်းမြူးမြူးလေးတွေ ဖန်တီးရတာလည်း သဘောကျသူတစ်ဦးပါ။ အနုပညာနဲ့ပတ်သတ်ရင် ဘက်စုံထူးချွန်တယ်လို့ ဆိုနိုင်တဲ့ ပိုပိုကတော့ သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့ ‘Let Me Kiss You’ MTVလေးကိုလည်း တော်တော်လေးအကုန်အကျခံပြီး သူမရဲ့စိတ်တိုင်းကျ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ထင်ထားတာထက် နည်းနည်းလေး ပိုကြမ်းခဲ့တဲ့ ပိုပိုရဲ့ အမိုက်စားသီချင်းသစ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

‘Let Me Kiss You’ ဆိုတဲ့ သီချင်းခေါင်းစဉ်လေးအတိုင်းပဲ မထိတထိနဲ့ အနမ်းချွေတဲ့အခန်းတွေကိုပါ အသည်းယားဖွယ် ရိုက်ပြထားတာပါ။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ပိုပိုကတော့ ဒီသီချင်းဗီဒီယိုလေးထဲမှာလည်း အချစ်ဆိပ်တက်နေတဲ့ မိန်းမပျိုလေးတစ်ဦးအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ပြီးပါဝင်ထားတာပါ။

အောင်ရဲလင်းကလည်း သရုပ်ဆောင်ကောင်းတစ်ဦးပီသစွာ တကယ့်ကို အသည်းယားဖွယ် သရုပ်ဆောင်သွားခဲ့တာပါနော်။

သီချင်းတွေကို စီးမျောခံစားသီဆိုတဲ့နေရာမှာ အသက်ဝင်လွန်းတဲ့ အဆိုတော်မလေး ပိုပိုရဲ့”Let Me Kiss You” ဆိုတဲ့သီချင်းလေးကလည်း မြူးမြူးလေးနဲ့ တကယ့်ကို နားထောင်လို့ကောင်းလှတာကြောင့် ပရိသတ်တွေ သဘောကျနှစ်ခြိက်ကြမှာပါနော်။

ချစ်ပရိသတ်တွေလည်း အောင်ရဲလင်းနဲ့ ပိုပိုတို့နှစ်ဦး အကောင်းဆုံးပုံဖော်ထားတဲ့ “Let Me Kiss You” ဆိုတဲ့ သီချင်းလေး MTVလေးကို ကြည့်ရှုအားပေးပြီး သဘောကျရင် Share ပေးကြဖို့ မမေ့ပါနဲ့နော်။

အချစ်တို့ကို ပိုပို တို့ အမိုက်စားတွေ ရိုက်ထား တာ ပြချင်လို့ တင်လိုက်ပြီ ကြည့်ပြီး Share ပေးဦးနော်
ကျေးဇူးပါ ပို့ရဲ့ အချစ်ဆုံးတွေကို အာဘွားး
Let Me Kiss You ( official music video )
Lyric&Melody : PO PO
Music Producer : Thar Thar
Starring : Aung Ye Lin & Po Po
Here & Now Dance Crew , Oaker Hein
Directed by EXIT ( Kre-X Entertainment )
#popo #myanmarfavouritesinger
#letmekissyou

Source;ဝတ်ရည်မိုးရဲ့ဖေ့စ်ဘုတ်

Credit : Myint Myat
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top