iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ စိုးျပည့္သဇင္က ပရိသတ္ေတြရဲ႕ အခ်စ္ကို ခိုင္ခိုင္မာမာရရွိထားသူ တစ္ဦးဆုိလည္း မမွားပါဘူး။ဘယ္ေလာက္ထိ ခ်စ္ၾကလည္း ဆိုရင္ သူမရဲ႕ မ်က္ႏွာပံုေတြ သူမရဲ႕ လက္မွတ္ေတြကို တက္တူးေတြ ထိုးၾကတဲ့အထိေတာင္ အားေပးၾကတာပါ။ အခုလည္း ပရိသတ္ေတြက သူမရဲ႕ ပံုေတြကို ထပ္ၿပီး တက္တူးထိုးထားတာေၾကာင့္ စိုးျပည့္က ဆူေနတာ ျဖစ္ပါတယ္။

“နာမွာစိုးလို႔တက္တူူးေတြမထိုးပါနဲ႔လို႔ အတန္တန္ေျပာေပမဲ့ ကိုယ္မသိေအာင္ခိုးၿပီးထိုးၾကတယ္။ ဒါေတြေသရာပါမို႔ အသက္ႀကီးလာလို႔ ကိုယ့္ယ့္ကိုလည္းမခ်စ္ေတာ့တဲ့ အခါကိုယ့္ပံုႀကီးစိတ္ညစ္လိမ့္မယ္လို႔ေျပာလည္း မရပါဘူး။ေအာ္ ေသြးသားမေတာ္ေပမဲ့ ခ်စ္တာကိုလည္း ေက်းဇူးတင္ပါတယ္။ ကိုယ္ကလည္းခ်စ္ပါတယ္။ ေျပာမႏိုင္ဆိုမႏိုင္ဇြတ္ၾကတာေလးေတြဘဲခက္တာ လူဇိုးေတြလူဇိုးမေတြ ေနာက္တခါဆို တုတ္ေကာက္ထား” ဆိုၿပီး ဇူလိုင္(၄) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

သူမရဲ႕ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈက ၾကက္သီးထစရာေကာင္းလွပါတယ္။ စိုးျပည့္သဇင္ဟာ ခ်စ္စရာေကာင္းတဲ့ မ်က္နွာေလးကို ပိုင္ဆိုင္ထား သလို အႏုပညာအရည္အေသြးကလည္း ေျပာင္ေျမာက္သူ တစ္ဦးဆိုလည္း မမွားပါဘူး။ ပရိသတ္ေတြက သူမကို ခ်စ္ခင္ၾကသလို သူမကိုယ္တိုင္ကလည္း ပရိသတ္ေတြကို သူမရဲ႕ ေမာင္ႏွမ၊ သူငယ္ခ်င္းအရင္းအခ်ာေတြလို သေဘာထားသူလည္း ျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ အႏုပညာရွင္မေလး စိုးျပည့္ဟာ အသက္(၁၈)ႏွစ္အရြယ္နဲ႕ အကယ္ဒမီရရွိခဲ့သူျဖစ္ပါတယ္။သူအကယ္ဒမီ ရရွိခဲ့တဲ့ ဇာတ္ကားကေတာ့ “မိုးညအိမ္မက္ျမဴ” ရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။

စိုးျပည့္သဇင္ကေတာ့ သရုပ္ေဆာင္ပိုင္းမွာသာမက အဆိုပိုင္းမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။ သီခ်င္းပိုင္းနဲ႕ ပတ္သက္ၿပီး ခ်စ္သူေရြးမယ္ ေတးစီးရီးနဲ႕ အခ်စ္ကို ရွာေဖြေတြ႕ရွိျခင္း ဆိုတဲ့ ေတးစီးရီးမ်ားကို ထြက္ရွိထားသူ တစ္ဦး ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CeleYatkwat
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် စိုးပြည့်သဇင်က ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိထားသူ တစ်ဦးဆိုလည်း မမှားပါဘူး။ဘယ်လောက်ထိ ချစ်ကြလည်း ဆိုရင် သူမရဲ့ မျက်နှာပုံတွေ သူမရဲ့ လက်မှတ်တွေကို တက်တူးတွေ ထိုးကြတဲ့အထိတောင် အားပေးကြတာပါ။ အခုလည်း ပရိသတ်တွေက သူမရဲ့ ပုံတွေကို ထပ်ပြီး တက်တူးထိုးထားတာကြောင့် စိုးပြည့်က ဆူနေတာ ဖြစ်ပါတယ်။

“နာမှာစိုးလို့တက်တူူးတွေမထိုးပါနဲ့လို့ အတန်တန်ပြောပေမဲ့ ကိုယ်မသိအောင်ခိုးပြီးထိုးကြတယ်။ ဒါတွေသေရာပါမို့ အသက်ကြီးလာလို့ ကိုယ့်ယ့်ကိုလည်းမချစ်တော့တဲ့ အခါကိုယ့်ပုံကြီးစိတ်ညစ်လိမ့်မယ်လို့ပြောလည်း မရပါဘူး။အော် သွေးသားမတော်ပေမဲ့ ချစ်တာကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်ကလည်းချစ်ပါတယ်။ ပြောမနိုင်ဆိုမနိုင်ဇွတ်ကြတာလေးတွေဘဲခက်တာ လူဇိုးတွေလူဇိုးမတွေ နောက်တခါဆို တုတ်ကောက်ထား” ဆိုပြီး ဇူလိုင်(၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သူမရဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုက ကြက်သီးထစရာကောင်းလှပါတယ်။ စိုးပြည့်သဇင်ဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထား သလို အနုပညာအရည်အသွေးကလည်း ပြောင်မြောက်သူ တစ်ဦးဆိုလည်း မမှားပါဘူး။ ပရိသတ်တွေက သူမကို ချစ်ခင်ကြသလို သူမကိုယ်တိုင်ကလည်း ပရိသတ်တွေကို သူမရဲ့ မောင်နှမ၊ သူငယ်ချင်းအရင်းအချာတွေလို သဘောထားသူလည်း ဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CeleYatkwat
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top