iMyanmarHouse.com - Best Property Website for Myanmar
×






အဲဒါကတော့ ရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ဖြိုးမြတ်အောင်ရဲ့ ပြိုင်ပွဲဝင်နံပါတ် 7 ပုံစံကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခဲ့တာကို Myanmar Beauty Stars ပေ့ခ်ျပေါ်မှာ ယနေ့ ညနေပိုင်းက တင်ထားခဲ့တာဖြစ်ပါတယ်။





Credit : hotnew
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေကြား အလွန်ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့အပြင် ယနေ့ ဇာတိမြေ ဟင်္သာတကိုပြန်တဲ့အချိန်မှာလည်း ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြကြိုဆိုခြင်းကိုခံခဲ့ရပါတယ်။

နောက်တစ်ပတ်မှာကျင်းပမယ့် မြန်မာအိုင်ဒေါဖိုင်နယ်ပွဲအတွက် စိတ်လှုပ်ရှားနေကြတဲ့သူတွေအထဲမှာ ဖြိုးမြတ်အောင်အပါအဝင် သူ့ပရိသတ်တွေလည်း ပါဝင်မှာပါ။

ဝင်းနားဖြစ်ဖို့ရေပန်းစားနေပေမယ့်လည်း မမျှော်လင့်ထားတဲ့ ဖြိုးမြတ်အောင်အတွက်တော့ ကြိုးစားမှုသာလျှင် နံပါတ် တစ် အရေးကြီးဆုံးဖြစ်လာမှာပါ။

အောင်မြင်လာတာနဲ့အမျှ နောက်ကြောင်းအတိတ်တွေနဲ့ လိုက်လံတိုက်ခိုက်မှုတွေကိုလည်း ခံနေရတဲ့ ဖြိုးမြတ်အောင်တစ်ယောက်ဟာ ဝေဖန်တိုက်ခိုက်မှုတွေကို သိပ်ပြီး အလေးမထားပဲ ရှေ့ဆက်သွားနေတာတွေ့ရပါတယ်။

ပရိသတ်တွေ အခိုင်အမာကိုရရှိထားတဲ့ ဖြိုးမြတ်အောင်တစ်ယောက်ကတော့ ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံရဲ့ ဂုဏ်ပြုခြင်းကိုခံလိုက်ရပါတယ်။

အဲဒါကတော့ ရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ဖြိုးမြတ်အောင်ရဲ့ ပြိုင်ပွဲဝင်နံပါတ် 7 ပုံစံကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခဲ့တာကို Myanmar Beauty Stars ပေ့ချ်ပေါ်မှာ ယနေ့ ညနေပိုင်းက တင်ထားခဲ့တာဖြစ်ပါတယ်။

ထိုပို့စ်အောက်မှာတော့ ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခဲ့တဲ့ ဇနီးမောင်နှံ (၂) ဦးလည်း လာရောက်ကောမန့်ပေးထားတာကို တွေ့ရှိရပါတယ်။

ယခုလိုဖြိုးမြတ်အောင်ကို ချစ်ခင်အားပေးပြီး ဂုဏ်ပြုချီးမြင့်ခဲ့တဲ့အတွက် ပရိသတ်တွေက ချီးကျူးသြဘာပေးလျှက်ရှိနေကြတာကိုလည်း အဆိုပါ ပို့စ်အောက်မှာတွေ့ရပါတယ်။

ဖြိုးမြတ်အောင်ကို ဂုဏ်ပြုလက်ဆောင်ချီးမြင့်ပေးခဲ့တဲ့ ဇနီးမောင်နှံရဲ့ အမည်တွေကတော့ ကိုကျော်သူထိုက် နဲ့ မမို့မို့ ပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ ခရမ်းသုံးခွစိန်ရွှေရတနာဆိုင်ကို မြောက်ဒဂုံ၊ ပင်လုံလမ်းမပေါ်မှာဖွင့်လှစ်ထားရှိတာဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ပရိတ်သတ်တွေရှိရင်လည်း Share ပေးကြပါဦးနော်

Credit : hotnew
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top