iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ တေလာတုန္းက သူေဆးလိပ္ျဖတ္လိုက္တာေၾကာင့္ ပိုျပီးေတာ့ ၾကည့္ေကာင္းလာျပီး ႏွာတံေလးလည္း စင္းလာတာပါဆိုျပီး ေျပာၾကားခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ရုပ္ေခ်ာခ်င္ရင္ ေဆးလိပ္ျဖတ္ဆိုျပီး Troller ေတြၾကားမွာ ျပန္႔ႏွံခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ျပီး ျပန္လည္ေျဖရွင္းေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ သူု႔အေနနဲ႔ ႏွာတံစင္းျပီး ပုိၾကည့္ေကာင္းလာတာဟာ ေဆးလိပ္ ျဖတ္လိုက္တာ တစ္ခုထဲ မဟုတ္ေၾကာင္း ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ SJ နဲ႔အင္တာဗ်ဴးတြင္ အရင္ထက္ပိုျပီးေတာ့ ႏုသြားရတဲ့ အေၾကာင္းနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ႏုတာေတာ့ မဟုတ္ဘူးေပါ့။ အသက္ေတြကၾကီးလာျပီဆိုေတာ့ ပံုစံကေတာ့ ရင့္သြားရမွာေပါ့။ ဘာလို႔ ကြ်န္ေတာ္နဂိုထက္ပိုျပီးေတာ့ ႏုသြားသလို ျဖစ္တာက အရင္တုန္းက ကြ်န္ေတာ္ ကိုယ့္ကိုကိုယ္ သိပ္ျပီးေတာ့ ဂရုမစုိက္ပါဘူး။ ကြ်န္ေတာ္ ခႏၶာကိုယ္အတြက္ က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတဲ့အရာေတြကို အကုန္လုပ္တယ္။ ေဆးလိပ္ေသာက္တာေတြ Skin Care လုပ္တာေတြ လည္းမရွိပါဘူး။ အခုေနာက္ပိုင္းမွ အခ်ိန္ပိုရလာတယ္။ အ့ဲဒါေတြ လုပ္ျဖစ္တယ္။ ဒါေၾကာင့္ ငယ္တဲ့အခ်ိန္မွာရင့္ျပီး ၾကီးလာတဲ့အခါမွာ ႏုေနသလိုမ်ိဳး ေျပာင္းျပန္ျဖစ္ေနတာပါ”

ေဆးလိပ္ျဖတ္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာေျဖခဲ့တဲ့အေၾကာင္းနဲ႔ ပတ္သက္ျပီး “ဘာရယ္ေတာ့ မဟုတ္ပါဘူး။ ဒီလိုမ်ိဳးပဲ ေျပာလိုက္တာပါ။ ေဆးလိပ္ျဖတ္လိုက္လို႔ ဒီလိုမ်ိဳးျဖစ္လာတယ္လို႔ေတာ့ ေျပာခဲ့တာေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ကြ်န္ေတာ့္အေနနဲ႔ ပြဲတစ္ပြဲ တစ္ပြဲတိုင္းမွာ အင္တာဗ်ဴးေတြ အမ်ားၾကီးရွိတာေၾကာင့္ တစ္ခုနဲ႔ တစ္ခု ျပန္ေျဖတဲ့အခ်ိန္မွာ လိုအပ္သြားတာေတြ ရွိမယ္။ အင္တာဗ်ဴးတစ္ခုမွာ ဒီကိစၥတစ္ခုကို ေျဖထားေပမဲ့လည္း ေနာက္ အင္တာဗ်ဴးတစ္ခုမွ ဒီကိစၥက ပါခ်င္မွပါတာပါ။ အဲ့ကိစၥတုန္းကလည္း ေဆးလိပ္ျဖတ္တာ တစ္ခုထဲကို မဆိုလိုခဲ့ပါဘူး။ ဇာတ္ကတုန္းက က်ိဳးခဲ့တဲ့ ႏွာေခါင္းရိုးကို ကိုၾကံ့ျပန္ျပီးေတာ့ ျပင္လိုက္တယ္။ ဒီကိစၥကို တခ်ိဳအင္တာဗ်ဴးေတြမွာ ေျဖခဲ့သလို တခ်ိဳ႔မွာ ျပန္ျပီးေတာ့ မေျဖခဲ့ပါဘူး။ မေျပာမိတာေပါ့။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္တယ္ဆိုတဲ့ စကားပဲ ေပါက္သြားျပီးေတာ့ ပရိသတ္ေတြၾကားမွာ အေျပာမ်ားသြားတာပါ။ ရပါတယ္။ ပရိသတ္ေတြအတြက္ေတာ့ ေဖ်ာ္ေျဖမႈတစ္ခု ျဖစ္တာေပါ့။ ေပ်ာ္စရာေကာင္းတာေပါ့။

Filler ဆိုတာလည္း ကိုၾကံ စတိေလာက္ပဲ ထိုးဖူးတာပါ။ အမ်ားၾကီးမထိုးဖူးပါဘူး။ Side Effect ေတြကေတာ့ ရွိတာေပါ့။ တစ္ခုေကာင္းခ်င္ရင္ေတာ့ တစ္ခုဆုိးေပးမွ ရမွာပါ။ ဒါေပမဲ့လည္း နည္းပညာေတြ တိုးတက္ေနတဲ့ ေခတ္ၾကီးမွာေတာ့ အဆိုးေတြနည္းေအာင္ေတာ့ လုပ္ေနၾကတာေပါ့။ သိပ္ျပီးေတာ့ စိုးရိမ္စရာမရွိပါဘူး။

ကိုၾကံ့ကေတာ့ အရင္ကပံုနဲ႔ အခုပံုကေတာ့ တူတူလို႔ပဲထင္ပါတယ္။ ပရိသတ္ေတြ အျမင္မွာပဲ နည္းနည္ေလး ေျပာင္းသြားတာပါ။ ကိုၾကံ့ ေဆးလိပ္ျဖတ္တယ္။ႏွာေခါင္းေလး နည္းနည္းျပင္လိုက္တယ္။ Skin Care ေတြ ျပန္လုပ္တယ္။ အဲ့ဒါေၾကာင့္ ပရိသတ္ေတြအတြက္ စဥ္းစားစရာေလးေတြ ျဖစ္ကုန္တယ္။ ဒါပါပဲ။ ကြ်န္ေတာ္ေနာက္ပိုင္းမွာေတာ့ ကြ်န္ေတာ္ဖန္တီးတဲ့ အႏုပညာေတြကို ကြ်န္ေတာ္ကိုယ္တိုင္ ၾကိဳက္မွပဲ ပရိသတ္ေတြေရွ႔ကို ပို႔ေပးဖို႔ ဆံုးျဖတ္ထားပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ကျော်ကျော်ဗိုလ်ကတော့ တလောတုန်းက သူဆေးလိပ်ဖြတ်လိုက်တာကြောင့် ပိုပြီးတော့ ကြည့်ကောင်းလာပြီး နှာတံလေးလည်း စင်းလာတာပါဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။ ဒါကြောင့် ရုပ်ချောချင်ရင် ဆေးလိပ်ဖြတ်ဆိုပြီး Troller တွေကြားမှာ ပြန့်နှံခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ကျော်ကျော်ဗိုလ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ သူု့အနေနဲ့ နှာတံစင်းပြီး ပိုကြည့်ကောင်းလာတာဟာ ဆေးလိပ် ဖြတ်လိုက်တာ တစ်ခုထဲ မဟုတ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ SJ နဲ့အင်တာဗျူးတွင် အရင်ထက်ပိုပြီးတော့ နုသွားရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ကျွန်တော်နုတာတော့ မဟုတ်ဘူးပေါ့။ အသက်တွေကကြီးလာပြီဆိုတော့ ပုံစံကတော့ ရင့်သွားရမှာပေါ့။ ဘာလို့ ကျွန်တော်နဂိုထက်ပိုပြီးတော့ နုသွားသလို ဖြစ်တာက အရင်တုန်းက ကျွန်တော် ကိုယ့်ကိုကိုယ် သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ ကျွန်တော် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့အရာတွေကို အကုန်လုပ်တယ်။ ဆေးလိပ်သောက်တာတွေ Skin Care လုပ်တာတွေ လည်းမရှိပါဘူး။ အခုနောက်ပိုင်းမှ အချိန်ပိုရလာတယ်။ အဲ့ဒါတွေ လုပ်ဖြစ်တယ်။ ဒါကြောင့် ငယ်တဲ့အချိန်မှာရင့်ပြီး ကြီးလာတဲ့အခါမှာ နုနေသလိုမျိုး ပြောင်းပြန်ဖြစ်နေတာပါ”

ဆေးလိပ်ဖြတ်တယ်လို့ အင်တာဗျူးတစ်ခုမှာဖြေခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး “ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီလိုမျိုးပဲ ပြောလိုက်တာပါ။ ဆေးလိပ်ဖြတ်လိုက်လို့ ဒီလိုမျိုးဖြစ်လာတယ်လို့တော့ ပြောခဲ့တာတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော့်အနေနဲ့ ပွဲတစ်ပွဲ တစ်ပွဲတိုင်းမှာ အင်တာဗျူးတွေ အများကြီးရှိတာကြောင့် တစ်ခုနဲ့ တစ်ခု ပြန်ဖြေတဲ့အချိန်မှာ လိုအပ်သွားတာတွေ ရှိမယ်။ အင်တာဗျူးတစ်ခုမှာ ဒီကိစ္စတစ်ခုကို ဖြေထားပေမဲ့လည်း နောက် အင်တာဗျူးတစ်ခုမှ ဒီကိစ္စက ပါချင်မှပါတာပါ။ အဲ့ကိစ္စတုန်းကလည်း ဆေးလိပ်ဖြတ်တာ တစ်ခုထဲကို မဆိုလိုခဲ့ပါဘူး။ ဇာတ်ကတုန်းက ကျိုးခဲ့တဲ့ နှာခေါင်းရိုးကို ကိုကြံ့ပြန်ပြီးတော့ ပြင်လိုက်တယ်။ ဒီကိစ္စကို တချိုအင်တာဗျူးတွေမှာ ဖြေခဲ့သလို တချို့မှာ ပြန်ပြီးတော့ မဖြေခဲ့ပါဘူး။ မပြောမိတာပေါ့။ ဒါကြောင့် ဆေးလိပ်ဖြတ်တယ်ဆိုတဲ့ စကားပဲ ပေါက်သွားပြီးတော့ ပရိသတ်တွေကြားမှာ အပြောများသွားတာပါ။ ရပါတယ်။ ပရိသတ်တွေအတွက်တော့ ဖျော်ဖြေမှုတစ်ခု ဖြစ်တာပေါ့။ ပျော်စရာကောင်းတာပေါ့။

Filler ဆိုတာလည်း ကိုကြံ စတိလောက်ပဲ ထိုးဖူးတာပါ။ အများကြီးမထိုးဖူးပါဘူး။ Side Effect တွေကတော့ ရှိတာပေါ့။ တစ်ခုကောင်းချင်ရင်တော့ တစ်ခုဆိုးပေးမှ ရမှာပါ။ ဒါပေမဲ့လည်း နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာတော့ အဆိုးတွေနည်းအောင်တော့ လုပ်နေကြတာပေါ့။ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။

ကိုကြံ့ကတော့ အရင်ကပုံနဲ့ အခုပုံကတော့ တူတူလို့ပဲထင်ပါတယ်။ ပရိသတ်တွေ အမြင်မှာပဲ နည်းနည်လေး ပြောင်းသွားတာပါ။ ကိုကြံ့ ဆေးလိပ်ဖြတ်တယ်။နှာခေါင်းလေး နည်းနည်းပြင်လိုက်တယ်။ Skin Care တွေ ပြန်လုပ်တယ်။ အဲ့ဒါကြောင့် ပရိသတ်တွေအတွက် စဉ်းစားစရာလေးတွေ ဖြစ်ကုန်တယ်။ ဒါပါပဲ။ ကျွန်တော်နောက်ပိုင်းမှာတော့ ကျွန်တော်ဖန်တီးတဲ့ အနုပညာတွေကို ကျွန်တော်ကိုယ်တိုင် ကြိုက်မှပဲ ပရိသတ်တွေရှေ့ကို ပို့ပေးဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top