iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးျပန္ေကာင္းလာတဲ့ ပရိတ္သတ္ခ်စ္ အဆုိေတာ္မေလး ဆယ္လီနာဂုိးမက္စ္ကုိ ယခုရက္ပုိင္းမွာ တအားကုိ ေပ်ာ္ရႊင္ျမဴးတူးေနတဲ့ပံုရိပ္ေတြနဲ႔ ေတြ႔ရပါတယ္။

ေက်ာက္ကပ္အစားထုိး ခြဲစိပ္ကုသမႈခံယူၿပီးေနာက္ ျပန္လည္က်န္းမာလာတဲ့ ဆယ္လီနာက သူမရဲ႕အႏုပညာအလုပ္ေတြနဲ႔ အားလပ္ရက္အခ်ိန္ေတြမွာ ေပ်ာ္ေပ်ာ္ ရႊင္ရႊင္နဲ႔ ကုန္ဆံုးျဖတ္သန္းေနပါတယ္။ အခ်စ္ဆံုးသူငယ္ခ်င္းမိန္းကေလးနဲ႔ အၿမဲအတူရွိေနၿပီးေတာ့ ေပ်ာ္စရာ အခ်ိန္ေတြ ဖန္တီးေနတဲ့ သူမရဲ႕ ေပ်ာ္ရႊင္ မႈေတြက ပရိတ္သတ္ေတြကုိ ကူးစက္ေပ်ာ္ရႊင္ေစရပါတယ္။

မၾကာေသးမီတုန္းကဆုိရင္လည္း ဆယ္လီနာရဲ႕ ေမြးေန႔မွာ ခ်စ္သူငယ္ခ်င္းေတြက အံ့အားသင့္စရာ ေမြးေန႔စပရုိက္လုပ္ေပးခဲ့လုိ႔ သူမအတြက္ အံ့အားသင့္ ဝမ္းသာေပ်ာ္ရႊင္ေစခဲ့ရပါေသးတယ္။ အခုလည္း အၿမဲသြားေဖာ္၊ လာေဖာ္၊ အတူေနစားေသာက္ၾကတဲ့ ဆယ္လီနာနဲ႔ မိန္းကေလး သူငယ္ခ်င္း ၃ ဦးသားတုိ႔က အခ်စ္ဆံုးသူငယ္ခ်င္းေလးေယာက္ အထိမ္းအမွတ္နဲ႔ တက္တူးဆင္တူ ေသးေသးေလးေတြကုိ ေလးေယာက္စလံုး ထုိးလုိက္ၾကပါတယ္။

4 လုိ႔ ေရးထြင္းထားတဲ့ တက္တူးေသးေသးေလးေတြကုိ ဆယ္လီနာ ဂုိးမက္စ္နဲ႔ သူမရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းမိန္းကေလးတုိ႔က ခ်ိဳင္းေအာက္၊ ရင္ဘတ္၊ လက္ဖ်ံနဲ႔ ေျခခ်င္းဝတ္ ေနရာေတြမွာ တက္တူးဆင္တူ ေသးေသးေလးေတြ ထုိးလုိက္ၾကတာပါ။ သူမတုိ႔ ေလးဦးစလံုးကုိ အၿမဲလုိလုိ တပူးတြဲတြဲျမင္ေတြ႔ရၿပီးေတာ့ ဆယ္လီနာေလးကေတာ့ အၿမဲလန္းဆန္း တက္ၾကြၿပီး ၿပံဳးေပ်ာ္ေန တာကုိ ျမင္ေတြ႔ရပါတယ္။

ေနထုိင္မေကာင္းျဖစ္ခ်ိန္ေတြေၾကာင့္နဲ႔ ဂ်က္စတင့္ေၾကာင့္ စိတ္ပုိင္းဆုိင္ရာ ခံစားမႈေတြ မ်ားခဲ့ရတဲ့ ဆယ္လီနာဂုိးမက္စ္ေလးက အခုေတာ့ သူမနဲ႔ သူငယ္ခ်င္း၊ မိသားစုဝင္ ေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အခ်ိန္ေတြကုန္ဆံုးေနတာပဲျဖစ္ပါတယ္။

Credit: ေမ(ေရႊအင္းေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ကျန်းမာရေးပြန်ကောင်းလာတဲ့ ပရိတ်သတ်ချစ် အဆိုတော်မလေး ဆယ်လီနာဂိုးမက်စ်ကို ယခုရက်ပိုင်းမှာ တအားကို ပျော်ရွှင်မြူးတူးနေတဲ့ပုံရိပ်တွေနဲ့ တွေ့ရပါတယ်။

ကျောက်ကပ်အစားထိုး ခွဲစိပ်ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာတဲ့ ဆယ်လီနာက သူမရဲ့အနုပညာအလုပ်တွေနဲ့ အားလပ်ရက်အချိန်တွေမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ ကုန်ဆုံးဖြတ်သန်းနေပါတယ်။ အချစ်ဆုံးသူငယ်ချင်းမိန်းကလေးနဲ့ အမြဲအတူရှိနေပြီးတော့ ပျော်စရာ အချိန်တွေ ဖန်တီးနေတဲ့ သူမရဲ့ ပျော်ရွှင် မှုတွေက ပရိတ်သတ်တွေကို ကူးစက်ပျော်ရွှင်စေရပါတယ်။

မကြာသေးမီတုန်းကဆိုရင်လည်း ဆယ်လီနာရဲ့ မွေးနေ့မှာ ချစ်သူငယ်ချင်းတွေက အံ့အားသင့်စရာ မွေးနေ့စပရိုက်လုပ်ပေးခဲ့လို့ သူမအတွက် အံ့အားသင့် ဝမ်းသာပျော်ရွှင်စေခဲ့ရပါသေးတယ်။ အခုလည်း အမြဲသွားဖော်၊ လာဖော်၊ အတူနေစားသောက်ကြတဲ့ ဆယ်လီနာနဲ့ မိန်းကလေး သူငယ်ချင်း ၃ ဦးသားတို့က အချစ်ဆုံးသူငယ်ချင်းလေးယောက် အထိမ်းအမှတ်နဲ့ တက်တူးဆင်တူ သေးသေးလေးတွေကို လေးယောက်စလုံး ထိုးလိုက်ကြပါတယ်။

4 လို့ ရေးထွင်းထားတဲ့ တက်တူးသေးသေးလေးတွေကို ဆယ်လီနာ ဂိုးမက်စ်နဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းမိန်းကလေးတို့က ချိုင်းအောက်၊ ရင်ဘတ်၊ လက်ဖျံနဲ့ ခြေချင်းဝတ် နေရာတွေမှာ တက်တူးဆင်တူ သေးသေးလေးတွေ ထိုးလိုက်ကြတာပါ။
သူမတို့ လေးဦးစလုံးကို အမြဲလိုလို တပူးတွဲတွဲမြင်တွေ့ရပြီးတော့ ဆယ်လီနာလေးကတော့ အမြဲလန်းဆန်း တက်ကြွပြီး ပြုံးပျော်နေ တာကို မြင်တွေ့ရပါတယ်။

နေထိုင်မကောင်းဖြစ်ချိန်တွေကြောင့်နဲ့ ဂျက်စတင့်ကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ များခဲ့ရတဲ့ ဆယ်လီနာဂိုးမက်စ်လေးက အခုတော့ သူမနဲ့ သူငယ်ချင်း၊ မိသားစုဝင် တွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးနေတာပဲဖြစ်ပါတယ်။

Credit: မေ(ရွှေအင်းလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top