iMyanmarHouse.com - Best Property Website for Myanmar
×

လူရႊင္ေတာ္ ၾကာစိက ဇနီးေခ်ာေလးအတြက္ အိမ္ေလးတစ္လံုး ေမြးေန႕လက္ေဆာင္ေပးခဲ့ပါတယ္။ အခုလက္ရွိ အိမ္ေလးက ေဆာက္ေနၿပီ ျဖစ္ပါတယ္။ အဲ့ဒီအိမ္ေလးကိုလည္း ဇနီးရဲ႕ စိတ္ႀကိဳက္ျဖစ္ေအာင္ ဖန္တီးေပးေနတယ္လို႕ သိရပါတယ္။

ၾသဂုတ္လ(၅) ရက္ေန႕က လူရႊင္ေတာ္ ၾကာစိရဲ႕ ဇနီးေခ်ာေလး ဆုဟန္နီၿဖိဳးရဲ႕ ေမြးေန႕ျဖစ္ပါတယ္။ ၾကာစိက ဇနီးရဲ႕ ေမြးေန႕မွာ ေမြးေန႕ ဆုေတာင္းေလး ေတာင္းေပးထားသလို ခ်စ္ဇနီးအတြက္ အခ်စ္အိမ္ေလး တစ္လံုးကိုလည္း လက္ေဆာင္ေပးခဲ့တယ္လို႕ ဆုိပါတယ္။

“ေမြးေန႔လက္ေဆာင္ အမွတ္တရ ဘဝရဲ႕မိသားစု.အခ်စ္အိမ္ေလးကို..ေမြးေန႔႐ွင္စိတ္ႀကိဳက္အလွဆင္ႏိုင္ရန္…ႀကိဳးစားေဆာက္လုပ္ ေနပါၿပီ ေနာ္။ ဘာလက္ေဆာင္ေပးလဲေမးေနၾကလို႔”ဆိုုၿပီး သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၅) ရက္ေန႕က ေရးသားထားပါတယ္။

အခုလက္ရွိ အိမ္ေလးက ေဆာက္ေနၿပီျဖစ္ပါတယ္။ အဲ့ဒီအိမ္ေလးကိုလည္း ဇနီးရဲ႕ စိတ္ႀကိဳက္ျဖစ္ေအာင္ ဖန္တီးေပးေနတယ္လို႕ သိရပါတယ္။ ဟာသသရုပ္ေဆာင္ၾကာစိရဲ႕ ဇနီး ဆုဟန္နီျဖဳိး ဟာ ကုိယ္ဝန္ ၈လထဲကို ေရာက္ရွိလို႕ေနပါၿပီ။ ၾကာစိရဲ႕ ဇနီးဟာ (၉)လပိုင္းေက်ာ္ (၁၀) လပိုင္း အတြင္း မွာ သမီးေလး ေမြးဖြားမွာ ျဖစ္တယ္လိုု႕ သိရပါတယ္။
e-35

“၉ လပုိင္းေက်ာ္ ၁၀ လပုိင္းေလာက္မွာ ေမြးျဖစ္မယ္ထင္တယ္။ ကေလးကုိလည္း ခြဲေမြးရမယ္ေပါ့ ခြဲေမြးမယ္။ သမီးေလး ေမြးမွာပါ။ ေမြးၿပီးရင္ လည္း ဆရာဝန္က ေနာက္ထပ္ကုိယ္ဝန္မေဆာင္ခုိင္းဘူး။ အုိဂ်ီဆရာဝန္က သားေၾကာေတာင္ ျဖတ္ခုိင္း ခဲ့တာ” လုိ ႔ ေျဖဆိုခဲ့ဖူးပါတယ္။

ၾကာစိတုိ႕ ဇနီးေမာင္ႏွံဟာ ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္မွာ အိမ္ေထာင္ျပဳခဲ့တာ ျဖစ္ပါတယ္။လြန္ခဲ့တဲ့ သံုးႏွစ္ခန္႕က ေတာင္ႀကီးၿမိဳ႕ ရဲ႕အလွဴ တစ္ခုမွာ သြားေရာက္ေဖ်ာ္ေျဖရာက သူမနဲ႕ ၾကာစိတုိ႕ ေတြ႕ဆံုခဲ့တာလည္း ျဖစ္ပါတယ္။အခုဆိုရင္ ၾကာစိနဲ႕ ဆုဟန္နီၿဖိဳးတို႕ မွာ ရင္ေသြးရ တနာေလးလြယ္ထားေနရၿပီလို႕ သိရပါတယ္။ အဲ့ဒီရင္ ေသြး ေလးကေတာ့ သားေလး ျဖစ္ပါတယ္တဲ့။

5 Star အဖဲြ႕ဝင္ ၾကာစိကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး ဒီႏွစ္ထဲမွာပဲ သူ႕ရဲ႕ ဘဝမွန္ အေၾကာင္း ကို ေရးစပ္ထားတဲ့ သီခ်င္းဟာလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ေပါက္သြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cele Yatkwat
# Unicode Version ျဖင့္ ဖတ္ပါ #
လူရွှင်တော် ကြာစိက ဇနီးချောလေးအတွက် အိမ်လေးတစ်လုံး မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။ အခုလက်ရှိ အိမ်လေးက ဆောက်နေပြီ ဖြစ်ပါတယ်။ အဲ့ဒီအိမ်လေးကိုလည်း ဇနီးရဲ့ စိတ်ကြိုက်ဖြစ်အောင် ဖန်တီးပေးနေတယ်လို့ သိရပါတယ်။

သြဂုတ်လ(၅) ရက်နေ့က လူရွှင်တော် ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးရဲ့ မွေးနေ့ဖြစ်ပါတယ်။ ကြာစိက ဇနီးရဲ့ မွေးနေ့မှာ မွေးနေ့ ဆုတောင်းလေး တောင်းပေးထားသလို ချစ်ဇနီးအတွက် အချစ်အိမ်လေး တစ်လုံးကိုလည်း လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“မွေးနေ့လက်ဆောင် အမှတ်တရ ဘဝရဲ့မိသားစု.အချစ်အိမ်လေးကို..မွေးနေ့ရှင်စိတ်ကြိုက်အလှဆင်နိုင်ရန်…ကြိုးစားဆောက်လုပ် နေပါပြီ နော်။ ဘာလက်ဆောင်ပေးလဲမေးနေကြလို့”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၅) ရက်နေ့က ရေးသားထားပါတယ်။

အခုလက်ရှိ အိမ်လေးက ဆောက်နေပြီဖြစ်ပါတယ်။ အဲ့ဒီအိမ်လေးကိုလည်း ဇနီးရဲ့ စိတ်ကြိုက်ဖြစ်အောင် ဖန်တီးပေးနေတယ်လို့ သိရပါတယ်။ ဟာသသရုပ်ဆောင်ကြာစိရဲ့ ဇနီး ဆုဟန်နီဖြိုး ဟာ ကိုယ်ဝန် ၈လထဲကို ရောက်ရှိလို့နေပါပြီ။ ကြာစိရဲ့ ဇနီးဟာ (၉)လပိုင်းကျော် (၁၀) လပိုင်း အတွင်း မှာ သမီးလေး မွေးဖွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
e-35

“၉ လပိုင်းကျော် ၁၀ လပိုင်းလောက်မှာ မွေးဖြစ်မယ်ထင်တယ်။ ကလေးကိုလည်း ခွဲမွေးရမယ်ပေါ့ ခွဲမွေးမယ်။ သမီးလေး မွေးမှာပါ။ မွေးပြီးရင် လည်း ဆရာဝန်က နောက်ထပ်ကိုယ်ဝန်မဆောင်ခိုင်းဘူး။ အိုဂျီဆရာဝန်က သားကြောတောင် ဖြတ်ခိုင်း ခဲ့တာ” လို့ ဖြေဆိုခဲ့ဖူးပါတယ်။

ကြာစိတို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ ရဲ့အလှူ တစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။အခုဆိုရင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ မှာ ရင်သွေးရ တနာလေးလွယ်ထားနေရပြီလို့ သိရပါတယ်။ အဲ့ဒီရင် သွေး လေးကတော့ သားလေး ဖြစ်ပါတယ်တဲ့။

5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန် အကြောင်း ကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Cele Yatkwat
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top