iMyanmarHouse.com - Best Property Website for Myanmar
×

Myanmar Idol Season 3 မွာ ေနာ္ဂ်က္စ္သီဆိုေဖ်ာ္ေျဖသြားတဲ့ "ေပးဆပ္သူ" သီခ်င္းမူရင္းပိုင္ရွင္ ေနျခည္ကေတာ့ သူ႔ရဲ႕သီခ်င္းေလးကို ခြင့္မေတာင္းပဲယူသံုးသြားတာနဲ႔ ပတ္သက္ျပီး ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ေနရတာပါ။ ေနျခည္ကေတာ့ အဆိုပါသီခ်င္းကို ျမန္မာအိုင္ေဒါျပိုင္ပြဲမွာ ခြင့္မေတာင္းပဲယူသံုးတာေၾကာင့္ သူမရဲ႕ေဖ့စ္ဘုတ္မွာ Live လႊင့္ျပီး ေျပာခဲ့တာေၾကာင့္ ပရိသတ္ေတြအားလံုး သိရွိခဲ့ၾကရတာပဲျဖစ္ပါတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ "ေပးဆပ္သူ"သီခ်င္းမူရင္းပိုင္ရွင္ ေနျခည္ရဲ႕ ရင္တြင္းစကားသံေတြကို ေဖာ္ျပေပးလိုုက္ပါတယ္ေနာ္။

ေနျခည္ကေတာ့ "ဒီေနျခည့္ရဲ႕ ေတးေရး ဘိုဘိုထြဋ္ေရးသားေပးထားတဲ့ ေပးဆပ္သူသီခ်င္းေလးကို BoBoMusic Production ကေန ထုတ္ခဲ့တယ္ ဒီသီခ်င္းေလးက ပရိသတ္ရဲ႕လက္ထဲမွာ က်ယ္က်ယ္ျပန္႔ျပန္႔မသိေသးတဲ့အခါက်ေတာ့ ေနာ္ဂ်က္စ္ရဲ႕ မူပိုင္ေလးလို႔ ထင္သြားၾကတဲ့သေဘာေလးပါပဲေပါ့ေနာ္။ ဒါေပမယ့္ ဒီကိစၥမွာ ေနာ္ဂ်က္စ္နဲ႔ေတာ့ မဆိုင္ဘူး ဒီသီခ်င္းေလးကို ေနာ္ဂ်က္က မသိလို႔ပဲ ဆိုခဲ့တာလား တကယ္လို႔သိခဲ့တယ္ဆိုရင္လည္း ျမန္မာအိုင္ေဒါစီစဥ္သူေတြကိုလည္း ဒီသီခ်င္းေလးမွာ မူပိုင္ရွိတယ္ဆိုတာ ေျပာျပခဲ့ေသးလားဆိုတာကို ေနျခည္သိခ်င္မိပါတယ္။ ေတးေရးျဖစ္ျဖစ္ ျမန္မာအိုင္ေဒါမွာစီစဥ္သူတစ္ဦးကပဲျဖစ္ျဖစ္ ဒီသီခ်င္းေလးကို Grand Final မွာ ေနာ္ဂ်က္စ္က သီဆိုခ်င္တယ္လို႔ ေျပာရင္ ေနျခည္ အတိုင္းမသိ ဝမ္းသာမိမွာပါ။" ဆိုျပီး မူရင္းအဆိုေတာ္တစ္ဦးအေနနဲ႔ ကိုယ့္သီခ်င္းကို ျမန္မာအိုင္ေဒါမွာ ယူဆိုတယ္ဆိုတဲ့ ပီတိေလး ရခ်င္မိတဲ့အေၾကာင္းကို ေျပာျပသြားတာပါ။

ေနျခည္ကေတာ့ သူမအရမ္းတန္ဖိုးထားရတဲ့ သီခ်င္းေလးအတြက္ ေတးေရးက ေက်နပ္တဲ့အထိ ေတာင္းပန္ေစခ်င္တယ္၊ ျမန္မာအိုင္ေဒါကစီစဥ္တဲ့သူေတြကိုလည္း ဒီသီခ်င္းေလးကို ေနျခည္သီဆိုခဲ့ပါတယ္ဆိုတာ အသိေပးေစခ်င္ပါတယ္။ ျဖစ္ေစခ်င္သလို ျဖစ္မလာခဲ့ဘူးဆိုရင္ ေနျခည္တို႔အသိုင္းအဝိုင္းနဲ႔အတူ ဂီတအစည္းအရံုးကေန စကားေျပာရပါလိမ့္မယ္။ ဒါမွမရဘူးဆုိရင္ သတင္းစာရွင္းလင္းပြဲေတြအထိလုပ္သြားပါမယ္ဆိုျပီး ေျပာျပသြားပါေသးတယ္။ ေတးသံရွင္ ေနျခည္ေျပာျပထားတဲ့ ေပးဆပ္သူ သီခ်င္းအေၾကာင္း

Source;Momolay Tv

Credit: Myint Myat
# Unicode Version ျဖင့္ ဖတ္ပါ #
 Myanmar Idol Season 3 မှာ နော်ဂျက်စ်သီဆိုဖျော်ဖြေသွားတဲ့ "ပေးဆပ်သူ" သီချင်းမူရင်းပိုင်ရှင် နေခြည်ကတော့ သူ့ရဲ့သီချင်းလေးကို ခွင့်မတောင်းပဲယူသုံးသွားတာနဲ့ ပတ်သက်ပြီး တော်တော်လေးကို စိတ်မကောင်းဖြစ်နေရတာပါ။ နေခြည်ကတော့ အဆိုပါသီချင်းကို မြန်မာအိုင်ဒေါပြိုင်ပွဲမှာ ခွင့်မတောင်းပဲယူသုံးတာကြောင့် သူမရဲ့ဖေ့စ်ဘုတ်မှာ Live လွှင့်ပြီး ပြောခဲ့တာကြောင့် ပရိသတ်တွေအားလုံး သိရှိခဲ့ကြရတာပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် "ပေးဆပ်သူ"သီချင်းမူရင်းပိုင်ရှင် နေခြည်ရဲ့ ရင်တွင်းစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ကတော့ "ဒီနေခြည့်ရဲ့ တေးရေး ဘိုဘိုထွဋ်ရေးသားပေးထားတဲ့ ပေးဆပ်သူသီချင်းလေးကို BoBoMusic Production ကနေ ထုတ်ခဲ့တယ် ဒီသီချင်းလေးက ပရိသတ်ရဲ့လက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်မသိသေးတဲ့အခါကျတော့ နော်ဂျက်စ်ရဲ့ မူပိုင်လေးလို့ ထင်သွားကြတဲ့သဘောလေးပါပဲပေါ့နော်။ ဒါပေမယ့် ဒီကိစ္စမှာ နော်ဂျက်စ်နဲ့တော့ မဆိုင်ဘူး ဒီသီချင်းလေးကို နော်ဂျက်က မသိလို့ပဲ ဆိုခဲ့တာလား တကယ်လို့သိခဲ့တယ်ဆိုရင်လည်း မြန်မာအိုင်ဒေါစီစဉ်သူတွေကိုလည်း ဒီသီချင်းလေးမှာ မူပိုင်ရှိတယ်ဆိုတာ ပြောပြခဲ့သေးလားဆိုတာကို နေခြည်သိချင်မိပါတယ်။ တေးရေးဖြစ်ဖြစ် မြန်မာအိုင်ဒေါမှာစီစဉ်သူတစ်ဦးကပဲဖြစ်ဖြစ် ဒီသီချင်းလေးကို Grand Final မှာ နော်ဂျက်စ်က သီဆိုချင်တယ်လို့ ပြောရင် နေခြည် အတိုင်းမသိ ဝမ်းသာမိမှာပါ။" ဆိုပြီး မူရင်းအဆိုတော်တစ်ဦးအနေနဲ့ ကိုယ့်သီချင်းကို မြန်မာအိုင်ဒေါမှာ ယူဆိုတယ်ဆိုတဲ့ ပီတိလေး ရချင်မိတဲ့အကြောင်းကို ပြောပြသွားတာပါ။

နေခြည်ကတော့ သူမအရမ်းတန်ဖိုးထားရတဲ့ သီချင်းလေးအတွက် တေးရေးက ကျေနပ်တဲ့အထိ တောင်းပန်စေချင်တယ်၊ မြန်မာအိုင်ဒေါကစီစဉ်တဲ့သူတွေကိုလည်း ဒီသီချင်းလေးကို နေခြည်သီဆိုခဲ့ပါတယ်ဆိုတာ အသိပေးစေချင်ပါတယ်။ ဖြစ်စေချင်သလို ဖြစ်မလာခဲ့ဘူးဆိုရင် နေခြည်တို့အသိုင်းအဝိုင်းနဲ့အတူ ဂီတအစည်းအရုံးကနေ စကားပြောရပါလိမ့်မယ်။ ဒါမှမရဘူးဆိုရင် သတင်းစာရှင်းလင်းပွဲတွေအထိလုပ်သွားပါမယ်ဆိုပြီး ပြောပြသွားပါသေးတယ်။ တေးသံရှင် နေခြည်ပြောပြထားတဲ့ ပေးဆပ်သူ သီချင်းအကြောင်း

Source;Momolay Tv

Credit: Myint Myat
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top