iMyanmarHouse.com - Best Property Website for Myanmar
×

ဘီယာေသာက္တဲ့အေလ့အထဟာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေရပန္းစားတဲ့ ယဥ္ေက်းမႈတစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ ဒါေပမယ့္ ဘီယာေၾကာင့္ ေသြးတြင္းထရိုင္ဂလစ္စရိုက္ပမာဏ ျမင့္တက္ျခင္း၊ ကိုယ္အေလးခ်ိန္တက္ျခင္း၊ LDL နဲ႔ HDL ကိုလက္စထေရာပမာဏ ေျပာင္းလဲျခင္း စတဲ့ ေနာက္ဆက္တြဲအေျခအေနေတြ ျဖစ္ေပၚလာျပီး က်န္းမာေရးကိုထိခိုက္ႏိုင္တယ္ဆိုတာကိုေတာ့ သိထားဖုိ႔ လိုပါလိမ့္မယ္။ ဒီေဆာင္းပါးမွာေတာ့ ဘီယာေသာက္တာက ကိုလက္စထေရာထိန္းခ်ဳပ္မႈအေပၚ ဘယ္လိုသက္ေရာက္မႈေတြ ျဖစ္ေစႏိုင္သလဲဆိုတာ ေဖာ္ျပသြားမွာျဖစ္ပါတယ္။
ဘီယာမွာ ကိုလက္စထေရာနဲ႔ ေပါင္းစည္းႏုိင္တဲ့ sterol ဓာတ္ေတြ ပါ၀င္ပါတယ္

ဘာလီ၊ တေဆးနဲ႔ တေဆးသီးအဖူးတို႔ပါ၀င္တဲ့ ဘီယာကို ေပါင္မုန္႔အရည္လို႔ေတာင္ ေခၚေ၀ၚႏိုင္ပါတယ္။ အဲဒီဘီယာမွာ ကိုလက္စထေရာနဲ႔ေပါင္းစည္းျပီး ခႏၶာကိုယ္ျပင္ပဆီေရာက္ေအာင္ ပို႔ေဆာင္ရာမွာ အေရးပါတဲ့ polysterol ဓာတ္ေတြ ပါ၀င္ပါတယ္။ အခ်ိဳ႕ေသာ polysterol ေတြ (တစ္နည္းအားျဖင့္ အပင္ကရတဲ့ sterol ေတြ) ကို အစားအေသာက္ေတြထဲ ထည့္သြင္းျပဳလုပ္ျပီး ကိုလက္စထေရာေလ်ာ့ခ်ေပးတဲ့ အစားအစာေတြျဖစ္ ေစ်းကြက္မွာ တင္သြင္းေရာင္းခ်ေနတာကိုလည္း ေတြ႔ျမင္ႏိုင္ပါတယ္။

ၾကြက္ေတြနဲ႔စမ္းသပ္ခဲ့တဲ့ သုေတသနအခ်ိဳ႔မွာ ဘီယာအေတာ္အသင့္ ေသာက္သံုးျခင္းက အသည္းနဲ႔ ေသြးလႊတ္ေၾကာမၾကီးထဲက ကိုလက္စထေရာပမာဏကို ေလ်ာ့ခ်ေပးႏုိင္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ ပညာရွင္အခ်ိဳ႕ကလည္း ဘီယာမွာပါ၀င္တဲ့ အမ်ိဳးအမည္မသိ ပါ၀င္ပစၥည္းေတြက ခႏၶာကိုယ္ရဲ႕ lipoprotein ေခ်ဖ်က္မႈလုပ္ငန္းစဥ္ကို ေျပာင္းလဲေစျပီး ႏွလံုးေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလ်ာ့က်ေစတယ္လို႔ ဆိုၾကပါတယ္။
ဘီယာက ကိုလက္စထေရာပမာဏအေပၚ ဘယ္လိုသက္ေရာက္မႈ ရွိႏိုင္သလဲ

ခႏၶာကိုယ္မွာရွိတဲ့ ကိုလက္စထေရာအေတာ္မ်ားမ်ားဟာ သဘာ၀အေလ်ာက္ ျဖစ္ေပၚလာတာျဖစ္ျပီး အခ်ိဳ႕ကိုေတာ့ အစားအေသာက္ကတဆင့္ ရရွိတာျဖစ္ပါတယ္။ ဘီယာမွာ မုေယာစပါး၊ တေဆး၊ တေဆးသီးအဖူး စတာေတြအျပင္ ကာဘိုဟိုက္ဒရိတ္နဲ႔ အယ္လ္ကိုေဟာတို႔ ပါ၀င္ပါတယ္။ ဒါေၾကာင့္ ဘီယာေသာက္တဲ့အခါ သင့္ရဲ႕ ေသြးတြင္းထရိုင္ဂလစ္စရိုက္ပမာဏ လ်င္လ်င္ျမန္ျမန္ ျမင့္တက္လာႏိုင္ပါတယ္။ ဒါ့အျပင္ ထရိုက္ဂလစ္စရိုက္ျမင့္တက္လာတာနဲ႔အမွ် စုစုေပါင္းကိုလက္စထေရာပါ တစ္ပါတည္း ျမင့္တက္လာမွာ ျဖစ္ပါတယ္။
ဘီယာကို က်န္းမာေရးနဲ႔ညီညြတ္ေအာင္ ဘယ္လိုေသာက္သံုးမလဲ

အထက္မွာေျပာခဲ့သလိုပဲ ဘီယာေသာက္သံုးျခင္းက ထရိုင္ဂလစ္စရိုက္ပမာဏျမင့္တက္ျခင္းနဲ႔ ကိုယ္အေလးခ်ိန္တက္ျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။ သင္ဟာ ဘီယာေသာက္တတ္တဲ့သူတစ္ေယာက္ ျဖစ္မယ္ဆိုရင္ ဒီျပႆနာေတြကို ေျဖရွင္းဖို႔ ေအာက္ပါအၾကံျပဳခ်က္ေတြအတိုင္း ၾကိဳးစားလိုက္နာၾကည့္ဖို႔ တိုက္တြန္းလိုပါတယ္။

ထရိုင္ဂလစ္စထရိုက္ျမင့္တက္ျခင္း – ဘီယာေသာက္တဲ့အတိုင္းအတာကို အကန္႔အသတ္ထားပါ။ သင္က အသက္၅၀ေအာက္ဆိုရင္ တစ္ေန႔ကို ဘီယာ ၇၀၀ မီလီလီတာထက္ ပိုမေသာက္သံုးသင့္ပါဘူး။ အသက္၅၀အထက္ဆိုရင္ အမ်ိဳးသားအမ်ိဳးသမီး ဘယ္သူမဆို တစ္ေန႔ ၃၅၀ မီလီလီတာထက္ ပိုမေသာက္သင့္ပါဘူး။ ဘီယာသာမက အျခားအယ္လ္ကိုေဟာအမ်ိဳးအစားေတြကလည္း ထရိုက္ဂလစ္စရိုက္ပမာဏကို ျမင့္တက္ေစပါတယ္။ အကယ္၍ ၀ိုင္ေသာက္သံုးမယ္ဆိုရင္ တစ္ေန႔ကို ၁၂၀ မီလီလီတာ၀င္ ဖန္ခြက္၂ခြက္ထက္ ပိုမေသာက္သင့္သလို အယ္လ္ကိုေဟာ ၄၀ရာခိုင္ႏႈန္းပါ၀င္တဲ့ ယမကာေသာက္သံုးမယ္ဆိုရင္ တစ္ေန႔ကို ၄၅ မီလီလီတာ၀င္ တစ္ခြက္ သို႔မဟုတ္ ၂ခြက္ထက္ ပိုမေသာက္သင့္ပါဘူး။

ကိုယ္အေလးခ်ိန္တက္ျခင္း – ဘီယာေသာက္သံုးျခင္းက ကိုယ္အေလးခ်ိန္ကို ျမင့္တက္ေစႏုိင္ပါတယ္။ ဥပမာ တစ္ေန႔ကို ဘီယာ ၃၅၀ မီလီလီတာ ေသာက္သံုးျခင္းအားျဖင့္ ကယ္လိုရီ ၃၀၀နည္းပါး ရရွိမွာျဖစ္ပါတယ္။ ဒီကယ္လိုရီကို ေလာင္ကၽြမ္းပစ္ဖို႔ လံုေလာက္တဲ့ကိုယ္လက္ေလ့က်င့္ခန္း မလုပ္ဘူးဆိုရင္ ၁၁ရက္ သို႔မဟုတ္ ၁၂ရက္အတြင္း ကိုယ္အေလးခ်ိန္ ၀.၅ ကီလိုဂရမ္ေလာက္ တက္လာမွာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ကိုယ္အေလးခ်ိန္လြန္ကဲျခင္းေၾကာင့္ မေကာင္းတဲ့ LDL ကိုလက္စထေရာနဲ႔ ထရိုင္ဂလစ္စရိုက္ပမာဏ ျမင့္တက္လာျပီး ႏွလံုးက်န္းမာေရးကို ကာကြယ္ေပးတဲ့ HDL ကိုလက္စထေရာပမာဏ ေလာ့်နည္းလာႏိုင္ပါတယ္။

ဘီယာအမ်ားအျပားေသာက္သံုးျခင္းက သင့္ကို ႏွလံုးအားနည္းေစျပီး လႈပ္ရွားတက္ၾကြမႈနည္းတဲ့ လူေနမႈဘ၀ပံုစံ၊ အရက္စြဲလမ္းျခင္း၊ အ၀လြန္ျခင္း စတဲ့ ျပႆနာေတြဆီ ဦးတည္ေစပါတယ္။ ဒါေပမယ့္ ဘီယာကို ေတာ္ရံုသင့္ရံု ေသာက္သံုးမယ္ဆိုရင္ေတာ့ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းက်ိဳးရလဒ္ေတြ ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ သင့္က်န္းမာေရးအေျခအေနနဲ႔ ကိုက္ညီမယ့္ ေသာက္သံုးမႈပံုစံကို သင့္ဆရာ၀န္နဲ႔ ေဆြးေႏြးတိုင္ပင္ျပီး အၾကံဉာဏ္ရယူဖို႔ အေရးၾကီးပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဘီယာသောက်တဲ့အလေ့အထဟာ နိုင်ငံတော်တော်များများမှာ ရေပန်းစားတဲ့ ယဉ်ကျေးမှုတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် ဘီယာကြောင့် သွေးတွင်းထရိုင်ဂလစ်စရိုက်ပမာဏ မြင့်တက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ LDL နဲ့ HDL ကိုလက်စထရောပမာဏ ပြောင်းလဲခြင်း စတဲ့ နောက်ဆက်တွဲအခြေအနေတွေ ဖြစ်ပေါ်လာပြီး ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဘီယာသောက်တာက ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။
ဘီယာမှာ ကိုလက်စထရောနဲ့ ပေါင်းစည်းနိုင်တဲ့ sterol ဓာတ်တွေ ပါဝင်ပါတယ်

ဘာလီ၊ တဆေးနဲ့ တဆေးသီးအဖူးတို့ပါဝင်တဲ့ ဘီယာကို ပေါင်မုန့်အရည်လို့တောင် ခေါ်ဝေါ်နိုင်ပါတယ်။ အဲဒီဘီယာမှာ ကိုလက်စထရောနဲ့ပေါင်းစည်းပြီး ခန္ဓာကိုယ်ပြင်ပဆီရောက်အောင် ပို့ဆောင်ရာမှာ အရေးပါတဲ့ polysterol ဓာတ်တွေ ပါဝင်ပါတယ်။ အချို့သော polysterol တွေ (တစ်နည်းအားဖြင့် အပင်ကရတဲ့ sterol တွေ) ကို အစားအသောက်တွေထဲ ထည့်သွင်းပြုလုပ်ပြီး ကိုလက်စထရောလျော့ချပေးတဲ့ အစားအစာတွေဖြစ် ဈေးကွက်မှာ တင်သွင်းရောင်းချနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ကြွက်တွေနဲ့စမ်းသပ်ခဲ့တဲ့ သုတေသနအချို့မှာ ဘီယာအတော်အသင့် သောက်သုံးခြင်းက အသည်းနဲ့ သွေးလွှတ်ကြောမကြီးထဲက ကိုလက်စထရောပမာဏကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပညာရှင်အချို့ကလည်း ဘီယာမှာပါဝင်တဲ့ အမျိုးအမည်မသိ ပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ lipoprotein ချေဖျက်မှုလုပ်ငန်းစဉ်ကို ပြောင်းလဲစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေတယ်လို့ ဆိုကြပါတယ်။
ဘီယာက ကိုလက်စထရောပမာဏအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စထရောအတော်များများဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတာဖြစ်ပြီး အချို့ကိုတော့ အစားအသောက်ကတဆင့် ရရှိတာဖြစ်ပါတယ်။ ဘီယာမှာ မုယောစပါး၊ တဆေး၊ တဆေးသီးအဖူး စတာတွေအပြင် ကာဘိုဟိုက်ဒရိတ်နဲ့ အယ်လ်ကိုဟောတို့ ပါဝင်ပါတယ်။ ဒါကြောင့် ဘီယာသောက်တဲ့အခါ သင့်ရဲ့ သွေးတွင်းထရိုင်ဂလစ်စရိုက်ပမာဏ လျင်လျင်မြန်မြန် မြင့်တက်လာနိုင်ပါတယ်။ ဒါ့အပြင် ထရိုက်ဂလစ်စရိုက်မြင့်တက်လာတာနဲ့အမျှ စုစုပေါင်းကိုလက်စထရောပါ တစ်ပါတည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။
ဘီယာကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုသောက်သုံးမလဲ

အထက်မှာပြောခဲ့သလိုပဲ ဘီယာသောက်သုံးခြင်းက ထရိုင်ဂလစ်စရိုက်ပမာဏမြင့်တက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ သင်ဟာ ဘီယာသောက်တတ်တဲ့သူတစ်ယောက် ဖြစ်မယ်ဆိုရင် ဒီပြဿနာတွေကို ဖြေရှင်းဖို့ အောက်ပါအကြံပြုချက်တွေအတိုင်း ကြိုးစားလိုက်နာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

ထရိုင်ဂလစ်စထရိုက်မြင့်တက်ခြင်း – ဘီယာသောက်တဲ့အတိုင်းအတာကို အကန့်အသတ်ထားပါ။ သင်က အသက်၅၀အောက်ဆိုရင် တစ်နေ့ကို ဘီယာ ၇၀၀ မီလီလီတာထက် ပိုမသောက်သုံးသင့်ပါဘူး။ အသက်၅၀အထက်ဆိုရင် အမျိုးသားအမျိုးသမီး ဘယ်သူမဆို တစ်နေ့ ၃၅၀ မီလီလီတာထက် ပိုမသောက်သင့်ပါဘူး။ ဘီယာသာမက အခြားအယ်လ်ကိုဟောအမျိုးအစားတွေကလည်း ထရိုက်ဂလစ်စရိုက်ပမာဏကို မြင့်တက်စေပါတယ်။ အကယ်၍ ဝိုင်သောက်သုံးမယ်ဆိုရင် တစ်နေ့ကို ၁၂၀ မီလီလီတာဝင် ဖန်ခွက်၂ခွက်ထက် ပိုမသောက်သင့်သလို အယ်လ်ကိုဟော ၄၀ရာခိုင်နှုန်းပါဝင်တဲ့ ယမကာသောက်သုံးမယ်ဆိုရင် တစ်နေ့ကို ၄၅ မီလီလီတာဝင် တစ်ခွက် သို့မဟုတ် ၂ခွက်ထက် ပိုမသောက်သင့်ပါဘူး။

ကိုယ်အလေးချိန်တက်ခြင်း – ဘီယာသောက်သုံးခြင်းက ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဥပမာ တစ်နေ့ကို ဘီယာ ၃၅၀ မီလီလီတာ သောက်သုံးခြင်းအားဖြင့် ကယ်လိုရီ ၃၀၀နည်းပါး ရရှိမှာဖြစ်ပါတယ်။ ဒီကယ်လိုရီကို လောင်ကျွမ်းပစ်ဖို့ လုံလောက်တဲ့ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် ၁၁ရက် သို့မဟုတ် ၁၂ရက်အတွင်း ကိုယ်အလေးချိန် ဝ.၅ ကီလိုဂရမ်လောက် တက်လာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်အလေးချိန်လွန်ကဲခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏ မြင့်တက်လာပြီး နှလုံးကျန်းမာရေးကို ကာကွယ်ပေးတဲ့ HDL ကိုလက်စထရောပမာဏ လောျ့နည်းလာနိုင်ပါတယ်။

ဘီယာအများအပြားသောက်သုံးခြင်းက သင့်ကို နှလုံးအားနည်းစေပြီး လှုပ်ရှားတက်ကြွမှုနည်းတဲ့ လူနေမှုဘဝပုံစံ၊ အရက်စွဲလမ်းခြင်း၊ အဝလွန်ခြင်း စတဲ့ ပြဿနာတွေဆီ ဦးတည်စေပါတယ်။ ဒါပေမယ့် ဘီယာကို တော်ရုံသင့်ရုံ သောက်သုံးမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရလဒ်တွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမယ့် သောက်သုံးမှုပုံစံကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူဖို့ အရေးကြီးပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top