iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္နယ္ကြ်ံျပီးေနာက္ပိုင္းမွာေတာ့ ျပဳလုပ္သင့္တဲ့ အခ်က္ကေလးေတြလည္း ရွိေနပါေသးတယ္

လင္ရယ္မယားရယ္ျဖစ္လာၿပီဆိုရင္ ခ်စ္တင္းေႏွာတဲ့ကိစၥဟာ မျဖစ္မေနႀကဳံေတြ႕ရမယ့္ ကိစၥရပ္တစ္ခုပါပဲ။ ခ်စ္တင္းေႏွာေနစဥ္ မွာ အခ်စ္စိတ္ေတြအဆုံးစြန္ထိေရာက္ရွိခဲ့ၿပီး အားလုံးကိစၥၿပီးသြား တဲ့အခ်ိန္မွာေတာ့ လုပ္သင့္တဲ့အရာေလးေတြကို စနစ္တက် လုပ္ ေဆာင္ဖို႔လိုအပ္ပါတယ္။ ဒါမွသာလုံးၿခဳံစိတ္ခ်ရတဲ့ ခ်စ္တင္းေႏွာ ျခင္းျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း အခ်စ္ေတြပိုလာ ေစမွာပါ။ အခုေျပာျပ ေပးမယ့္အေၾကာင္းအရာေလးကေတာ့ ခ်စ္တင္းေႏွာၿပီးေနာက္ပိုင္းမွာ ျပဳလုပ္သင့္တဲ့အခ်က္ကေလးေတြ ပါ။

ခ်စ္တင္းေႏွာၿပီး ခဏၾကာရင္ အမ်ိဳးသားေရာ၊အမ်ိဳးသမီးပါ မိမိတို႔ရဲ႕ လိင္အဂၤါေတြကို ေရေႏြးေႏြးနဲ႔ ေျပာင္စင္ေအာင္ ေဆးေၾကာသန႔္စင္ေပးသင့္ပါတယ္။ ဒီလို သန႔္စင္ေပးျခင္းဟာ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းလို ကူးစက္ေရာဂါေတြကို ကာကြယ္ ေပးႏိုင္ပါတယ္။ ဆပ္ျပာေပ်ာ့ေပ်ာ့ေလးေတြကိုလည္း သုံးစြဲႏိုင္ပါ တယ္။ သို႔ေပမယ့္ ထိရွလြယ္တဲ့ အေရျပားပိုင္ရွင္ေတြအတြက္ ေတာ့ အဆင္မေျပပါဘူး။ မဟုတ္ပါဘူး။ လိင္အဂၤါထိပ္အေရျပား ရွိတဲ့ အမ်ိဳးသားေတြအေနနဲ႔ ေရေဆးတဲ့အခါ အေရျပားကို အေနာက္သို႔အသာအယာလွန္ဆြဲၿပီးမွ ေအာက္ဖက္ကိုပါ အေသ အခ်ာ ေဆးေၾကာေပးပါ။

အမ်ိဳးသမီးေတြအေနနဲ႔ မိမိတို႕ရဲ႕အဂၤါအတြင္းပိုင္းကို အထူး တလည္ ခရင္မ္ေတြ၊ျဖန္းေဆးေတြ အသုံးမျပဳသင့္ပါဘူး။ ဒီလိုေဆးအမ်ားစုဟာ ဓာတုေဗဒပစၥည္းေတြ အနည္းနဲ႔အမ်ား ပါဝင္တာမို႔ သင့္အေရျပားကို ေျခာက္ေသြ႕အက္ကြဲေစပါလိမ့္ မယ္။အထူးသျဖင့္ အနံ႔ပါတဲ့ ပစၥည္းေတြကို ေရွာင္ပါ။ ဒီပစၥည္း ေတြဟာ ကူးစက္ေရာဂါဝင္ႏိုင္ေခ် ပိုမ်ားပါတယ္။ ေရေႏြးေႏြးနဲ႔ အသာအယာေဆးေပးရင္ လုံေလာက္ပါၿပီ။

ခ်စ္တင္းေႏွာေနခ်ိန္မွာ ‘urethra’ လို႔ေခၚတဲ့ ဆီးအိမ္လည္တံ ျပြန္ေလးကေနတဆင့္ ဘက္တီးရီးယား ပိုးမႊားေတြဟာ သင့္ခႏၶာ ကိုယ္ထဲကို ဝင္လာတတ္ပါတယ္။ဒါေၾကာင့္ လိင္မႈကိစၥအၿပီး ဆီးသြားျခင္း ဟာ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းအပါအဝင္ အျခား ေသာ ကူးစက္ေရာဂါေတြကို အတိုင္းအတာတခုထိ ကာကြယ္ ေပးႏိုင္ပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ေယာနိကို ပြတ္သပ္ေဆး တဲ့အခါ အေရွ႕ကေန အေနာက္ကိုပဲ ပြတ္ေဆးသင့္ပါတယ္။ ေရမ်ားမ်ားေသာက္ရင္ ဆီးမ်ားမ်ားသြားပါမယ္။ ဆီးမ်ားမ်ားသြား ေလ ဘက္တီးရီးယားေတြ မ်ားမ်ားထြက္ေလပါပဲ။

က်ပ္ထုတ္ၿပီး ေခြၽးေတြ႐ႊဲေနတဲ့ အဝတ္အစားေတြဟာ ဘက္တီးရီးယားေတြအတြက္ နိဗၺာန္ဘုံပါ။ ဒါေၾကာင့္  အတြင္းခံ က်ပ္က်ပ္ေတြ၊ေလဝင္ေလထြက္မေကာင္းတဲ့ အသားပိတ္ပိတ္ ေတြကို ေရွာင္ျပီး ပြပြေခ်ာင္ေခ်ာင္ ခ်ည္သားေလးေတြကို ဝတ္ဆင္ရင္ေတာ့ အေကာင္းဆုံးျဖစ္ပါတယ္။ ဒါမွမဟုတ္ အိပ္ယာဝင္တဲ့အခါ အတြင္းခံေတြကို လုံးဝခြၽတ္ခဲ့ရင္လည္း ရပါတယ္။

သင့္လက္ဟာလည္း ဟိုဟိုသည္သည္ ထိေတြ႕ထားဦး မွာျဖစ္တဲ့အတြက္ ကိစၥဝိစၥၿပီးခ်ိန္မွာေတာ့ လက္ကို ဆပ္ျပာနဲ႔ စင္ၾကယ္ေအာင္ ေဆးေၾကာျခင္းဟာ ဘက္တီးရီးယားပိုးကူး စက္ျပန႔္ပြါးျခင္းကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္မွာပါ။ အေကာင္းဆံုးနဲ႔ စိတ္အခ်ရဆံုးနည္းလမ္းကေတာ့ မဆက္ဆံခင္မွာ ကြန္ဒံုးအသံုး ျပဳတာပါပဲ။ ကြန္ဒံုးဟာ ကေလးရျခင္းနဲ႔ ေရာဂါကူးစက္ျပန္႕ပြား ျခင္းကို 99% ထိ ကာကြယ္ေပးပါတယ္။

ဒီလိုေဆာင္ရန္ေရွာင္ရန္ေလးေတြကို သိထားျပီးျပီျဖစ္တဲ့ အခ်စ္ငွက္ကေလးေတြအေနနဲ႔ ကိုယ့္ရဲ႕ လက္တြဲေဖာ္နဲ႔အတူ ခ်စ္နလန္ထျပီးတိုင္း လုပ္ေဆာင္ရမယ့္ ေဆာင္ရန္ေရွာင္ရန္ေလး ေတြကို ေသခ်ာလိုက္နာရင္း အတူတူေပ်ာ္ရႊင္တဲ့ အခ်စ္ခရီး ပန္းတိုင္ကိုေလွ်ာက္လွမ္းႏိုင္မွာပါ။

Credit : Kalay
# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်နယ်ကျွံပြီးနောက်ပိုင်းမှာတော့ ပြုလုပ်သင့်တဲ့ အချက်ကလေးတွေလည်း ရှိနေပါသေးတယ်

လင်ရယ်မယားရယ်ဖြစ်လာပြီဆိုရင် ချစ်တင်းနှောတဲ့ကိစ္စဟာ မဖြစ်မနေကြုံတွေ့ရမယ့် ကိစ္စရပ်တစ်ခုပါပဲ။ ချစ်တင်းနှောနေစဉ် မှာ အချစ်စိတ်တွေအဆုံးစွန်ထိရောက်ရှိခဲ့ပြီး အားလုံးကိစ္စပြီးသွား တဲ့အချိန်မှာတော့ လုပ်သင့်တဲ့အရာလေးတွေကို စနစ်တကျ လုပ် ဆောင်ဖို့လိုအပ်ပါတယ်။ ဒါမှသာလုံးခြုံစိတ်ချရတဲ့ ချစ်တင်းနှော ခြင်းဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အချစ်တွေပိုလာ စေမှာပါ။ အခုပြောပြ ပေးမယ့်အကြောင်းအရာလေးကတော့ ချစ်တင်းနှောပြီးနောက်ပိုင်းမှာ ပြုလုပ်သင့်တဲ့အချက်ကလေးတွေ ပါ။

ချစ်တင်းနှောပြီး ခဏကြာရင် အမျိုးသားရော၊အမျိုးသမီးပါ မိမိတို့ရဲ့ လိင်အင်္ဂါတွေကို ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ ဒီလို သန့်စင်ပေးခြင်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းလို ကူးစက်ရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။ ဆပ်ပြာပျော့ပျော့လေးတွေကိုလည်း သုံးစွဲနိုင်ပါ တယ်။ သို့ပေမယ့် ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် တော့ အဆင်မပြေပါဘူး။ မဟုတ်ပါဘူး။ လိင်အင်္ဂါထိပ်အရေပြား ရှိတဲ့ အမျိုးသားတွေအနေနဲ့ ရေဆေးတဲ့အခါ အရေပြားကို အနောက်သို့အသာအယာလှန်ဆွဲပြီးမှ အောက်ဖက်ကိုပါ အသေ အချာ ဆေးကြောပေးပါ။

အမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့အင်္ဂါအတွင်းပိုင်းကို အထူး တလည် ခရင်မ်တွေ၊ဖြန်းဆေးတွေ အသုံးမပြုသင့်ပါဘူး။ ဒီလိုဆေးအများစုဟာ ဓာတုဗေဒပစ္စည်းတွေ အနည်းနဲ့အများ ပါဝင်တာမို့ သင့်အရေပြားကို ခြောက်သွေ့အက်ကွဲစေပါလိမ့် မယ်။အထူးသဖြင့် အနံ့ပါတဲ့ ပစ္စည်းတွေကို ရှောင်ပါ။ ဒီပစ္စည်း တွေဟာ ကူးစက်ရောဂါဝင်နိုင်ချေ ပိုများပါတယ်။ ရေနွေးနွေးနဲ့ အသာအယာဆေးပေးရင် လုံလောက်ပါပြီ။

ချစ်တင်းနှောနေချိန်မှာ ‘urethra’ လို့ခေါ်တဲ့ ဆီးအိမ်လည်တံ ပြွန်လေးကနေတဆင့် ဘက်တီးရီးယား ပိုးမွှားတွေဟာ သင့်ခန္ဓာ ကိုယ်ထဲကို ဝင်လာတတ်ပါတယ်။ဒါကြောင့် လိင်မှုကိစ္စအပြီး ဆီးသွားခြင်း ဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် အခြား သော ကူးစက်ရောဂါတွေကို အတိုင်းအတာတခုထိ ကာကွယ် ပေးနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ယောနိကို ပွတ်သပ်ဆေး တဲ့အခါ အရှေ့ကနေ အနောက်ကိုပဲ ပွတ်ဆေးသင့်ပါတယ်။ ရေများများသောက်ရင် ဆီးများများသွားပါမယ်။ ဆီးများများသွား လေ ဘက်တီးရီးယားတွေ များများထွက်လေပါပဲ။

ကျပ်ထုတ်ပြီး ချွေးတွေရွှဲနေတဲ့ အဝတ်အစားတွေဟာ ဘက်တီးရီးယားတွေအတွက် နိဗ္ဗာန်ဘုံပါ။ ဒါကြောင့်  အတွင်းခံ ကျပ်ကျပ်တွေ၊လေဝင်လေထွက်မကောင်းတဲ့ အသားပိတ်ပိတ် တွေကို ရှောင်ပြီး ပွပွချောင်ချောင် ချည်သားလေးတွေကို ဝတ်ဆင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှမဟုတ် အိပ်ယာဝင်တဲ့အခါ အတွင်းခံတွေကို လုံးဝချွတ်ခဲ့ရင်လည်း ရပါတယ်။

သင့်လက်ဟာလည်း ဟိုဟိုသည်သည် ထိတွေ့ထားဦး မှာဖြစ်တဲ့အတွက် ကိစ္စဝိစ္စပြီးချိန်မှာတော့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောခြင်းဟာ ဘက်တီးရီးယားပိုးကူး စက်ပြန့်ပွါးခြင်းကို ကာကွယ်ထိန်းချုပ်နိုင်မှာပါ။ အကောင်းဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းကတော့ မဆက်ဆံခင်မှာ ကွန်ဒုံးအသုံး ပြုတာပါပဲ။ ကွန်ဒုံးဟာ ကလေးရခြင်းနဲ့ ရောဂါကူးစက်ပြန့်ပွား ခြင်းကို 99% ထိ ကာကွယ်ပေးပါတယ်။

ဒီလိုဆောင်ရန်ရှောင်ရန်လေးတွေကို သိထားပြီးပြီဖြစ်တဲ့ အချစ်ငှက်ကလေးတွေအနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့အတူ ချစ်နလန်ထပြီးတိုင်း လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန်လေး တွေကို သေချာလိုက်နာရင်း အတူတူပျော်ရွှင်တဲ့ အချစ်ခရီး ပန်းတိုင်ကိုလျှောက်လှမ်းနိုင်မှာပါ။

Credit : Kalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top