န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

Justin Bieber ဆိုတာ ကမၻာေက်ာ္ထိပ္တန္းအဆိုေတာ္တစ္ေယာက္ျဖစ္ေလေတာ့ ေရႊမင္းသားေလးကုိလိုခ်င္တဲ့ မိန္းကေလးေတြကလည္းေရတြက္လို႔မရေအာင္မ်ားျပားလြန္းတာပါ။ ဒါ့အျပင္ Justin Bieber ဟာ နွစ္ေပါင္းမ်ားစြာတြဲလာခဲ့တဲ့ ခ်စ္သူ Selena Gomez ကုိ သစၥာရွိဖို႔ ျပင္းျပင္းထန္ထန္ ထိန္းခ်ဳပ္ၾကိဳးစားျခင္းမရွိခဲ့ဘူးလို႔ပဲ ဆိုရမွာပါ။ အလြန္လွပျပီး ဆြဲေဆာင္မႈရွိတဲ့မင္းသမီးေတြ၊ အဆိုေတာ္ေတြ ၊ေမာ္ဒယ္ေတြက ဇာတ္လမ္းစလာတဲ့အခါ Justin ဟာလည္းဘာသားနဲ႔ထုထားတာမို႔လို႔လဲ.. အျမဲလိုလိုပါသြားေလ့ရွိတာပဲေပါ့။

Selena နဲ႔ Hailey ၾကားဗ်ာမ်ားေနခဲ့တဲ့ 2015 နဲ႔ 2017 ၾကားကာလနွစ္အပုိင္းအျခားေတြမွာ Justin ဟာ ဂုဏ္သတင္းၾကီးမားတဲ့ Kardashians Family ရဲ႕ သမီးတစ္ေယာက္ျဖစ္တဲ့ Kourtney Kardashian နဲ႔လည္းခဏတာတြဲခဲ့ခ်ိန္ေတြရွိပါတယ္။ Kourtney နဲ႔ Justin တို႔ဟာတစ္ဦးနဲ႔တစ္ဦးေလးစားသမႈအျပန္အလွန္ထားခဲ့ၾကျပီး သူတို႔နွစ္ေယာက္ၾကားမွာတူညီမႈေတြကလည္းမ်ားတဲ့အျပင္ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈလည္းေပးနုိင္ခဲ့ၾကပါတယ္။သူတို႔နွစ္ေယာက္ၾကားက အခ်စ္ဇာတ္လမ္းက လူၾကီးလူေကာင္းေတြရဲ႕နွစ္ကာလရွည္ၾကာတဲ့အခ်စ္လိုမ်ိဳးျငိမ္သက္စြာရွိေနခဲ့ တာပါ။ပရိသတ္ေတြကေနရာေတာ္ေတာ္မ်ားမ်ားမွာ သူတို႔နွစ္ဦး ခ်စ္ခင္ၾကင္နာေနတာကုိေတြ႕ခဲ့ရပါတယ္။

Justin က Selena ကုိခ်စ္တဲ့ ျပင္းထန္ရူးမူးတဲ့အခ်စ္မ်ိဳးနဲ႔ Kourtney ကုိ စြဲလန္းခဲ့တာမဟုတ္ပဲ ေလးစားမႈယံုၾကည္မႈေတြေပါင္းစပ္ျပီး ရင္းနွီးခဲ့တာမ်ိဳးျဖစ္တာမို႔ သူတုိ႔ၾကားကအခ်စ္က ေအးခ်မ္းခဲ့ပါတယ္။ ေနာက္ပို္င္းမွာ Kourtney က Younes Bendjima ကိုတကယ္ခ်စ္သြားခဲ့ျပီး Justin နဲ႔ဆက္ဆံေရးကိုအဆံုးသတ္ခဲ့ေပမယ့္ တစ္ခါတစ္ရံမိတ္ေဆြေတြလိုမ်ိဳး အျပန္အလွန္ဆက္သြယ္မႈမ်ိဳးေတြ ရွိေနခဲ့ျပီး Selena ကလည္း အဲဒါကိုနားလည္ေပးခဲ့တယ္လို႔သိရပါတယ္။ Selena အတြက္ကေတာ့ ပူစရာမရွိဘူးကိုး၊ Justin က သူကလြဲျပီးဘယ္သူ႔ကုိမွခ်စ္နုိင္ခဲ့တာမဟုတ္ပဲေလ။

ဒါေပမယ့္ မၾကာေသးမီက August 7 ရက္ေန႔မွာပဲ Kourtney နဲ႔ Younes တို႔ဟာ နွစ္ဦးသေဘာတူလမ္းခြဲခဲ့ၾကျပီး ရက္အေတာ္ၾကာသြားတဲ့အခုအခ်ိန္အထိျပန္တြဲျခင္းမရွိေသးတာမို႔ ဒါဟာ Hailey Baldwin အတြက္ပူစရာတစ္ခုအျဖစ္ၾကံဖန္ျဖစ္ေပၚလာခဲ့ပါျပီ။ Hailey နဲ႔ရင္းနွီးသူတစ္ဦးက The Hollywood Life Megazine ကိုေျပာၾကားခ်က္အရ Kourtney ဟာ single ျဖစ္သြားျပီးေနာက္မွာ အရင္ကခ်စ္ခဲ့တဲ့ Justin ဆီကုိျပန္လာဖို႔ၾကိဳးစားနိုင္ေၾကာင္းနဲ႔ Justin အေနနဲ႔လည္းသံေယာဇဥ္မျပတ္ေသးမွာကို Hailey ကစိတ္ပူေနပါတယ္တဲ့။ Justin ကုိသာ Kourtney က အခုအခ်ိန္မွာဆက္သြယ္လာခဲ့မယ္ဆိုရင္ Hailey အေနနဲ႔ Justin ကုိ သူ႔ရည္းစားေဟာင္း Kourtney နဲ႔လံုးဝအဆက္အသြယ္မလုပ္ဖို႔ တားျမစ္ရေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။ Kourtney ဘက္ကေတာ့ ဘာမွလႈပ္ရွားလာျခင္းမရွိေသးတာမုိ႔ Hailey တစ္ေယာက္အစုိးရိမ္လြန္ေနတာလည္းျဖစ္နိုင္ပါတယ္။လက္ရွိမွာ Justin က Hailey နဲ႔လက္ထပ္ျပီးရင္အတူေနဖို႔ Canada မွာျခံက်ယ္ၾကီးတစ္ျခံကုိေတာင္ဝယ္ထားျပီးေနျပီေလ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ..ဘယ္လိုျမင္လဲ..။ Hailey က Justin ကုိဆံုးရံႈးရမွာေၾကာက္ျပီး အစိုးရိမ္လြန္ေနျခင္းလား။ဒါမွမဟုတ္ Justin လိုလူတစ္ေယာက္က ဘယ္ေတာ့မွစိတ္ခ်ထားလို႔မရတဲ့လူေပပဲလား။

Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
Justin Bieber ဆိုတာ ကမ္ဘာကျော်ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်လေတော့ ရွှေမင်းသားလေးကိုလိုချင်တဲ့ မိန်းကလေးတွေကလည်းရေတွက်လို့မရအောင်များပြားလွန်းတာပါ။ ဒါ့အပြင် Justin Bieber ဟာ နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့ ချစ်သူ Selena Gomez ကို သစ္စာရှိဖို့ ပြင်းပြင်းထန်ထန်ထိန်းချုပ်ကြိုးစားခြင်းမရှိခဲ့ဘူးလို့ပဲဆိုရမှာပါ။ အလွန်လှပပြီးဆွဲဆောင်မှုရှိတဲ့မင်းသမီးတွေ၊အဆိုတော်တွေ၊မော်ဒယ်တွေက ဇာတ်လမ်းစလာတဲ့အခါ Justin ဟာလည်းဘာသားနဲ့ထုထားတာမို့လို့လဲ.. အမြဲလိုလိုပါသွားလေ့ရှိတာပဲပေါ့။

Selena နဲ့ Hailey ကြားဗျာများနေခဲ့တဲ့ 2015 နဲ့ 2017 ကြားကာလနှစ်အပိုင်းအခြားတွေမှာ Justin ဟာ ဂုဏ်သတင်းကြီးမားတဲ့ Kardashians Family ရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ Kourtney Kardashian နဲ့လည်းခဏတာတွဲခဲ့ချိန်တွေရှိပါတယ်။ Kourtney နဲ့ Justin တို့ဟာတစ်ဦးနဲ့တစ်ဦးလေးစားသမှုအပြန်အလှန်ထားခဲ့ကြပြီး သူတို့နှစ်ယောက်ကြားမှာတူညီမှုတွေကလည်းများတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုလည်းပေးနိုင်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းက လူကြီးလူကောင်းတွေရဲ့နှစ်ကာလရှည်ကြာတဲ့အချစ်လိုမျိုးငြိမ်သက်စွာရှိနေခဲ့ တာပါ။ပရိသတ်တွေကနေရာတော်တော်များများမှာ သူတို့နှစ်ဦး ချစ်ခင်ကြင်နာနေတာကိုတွေ့ခဲ့ရပါတယ်။

Justin က Selena ကိုချစ်တဲ့ ပြင်းထန်ရူးမူးတဲ့အချစ်မျိုးနဲ့ Kourtney ကို စွဲလန်းခဲ့တာမဟုတ်ပဲ လေးစားမှုယုံကြည်မှုတွေပေါင်းစပ်ပြီး ရင်းနှီးခဲ့တာမျိုးဖြစ်တာမို့ သူတို့ကြားကအချစ်က အေးချမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ Kourtney က Younes Bendjima ကိုတကယ်ချစ်သွားခဲ့ပြီး Justin နဲ့ဆက်ဆံရေးကိုအဆုံးသတ်ခဲ့ပေမယ့် တစ်ခါတစ်ရံမိတ်ဆွေတွေလိုမျိုးအပြန်အလှန်ဆက်သွယ်မှုမျိုးတွေရှိနေခဲ့ပြီး Selena ကလည်း အဲဒါကိုနားလည်ပေးခဲ့တယ်လို့သိရပါတယ်။ Selena အတွက်ကတော့ ပူစရာမရှိဘူးကိုး၊ Justin က သူကလွဲပြီးဘယ်သူ့ကိုမှချစ်နိုင်ခဲ့တာမဟုတ်ပဲလေ။

ဒါပေမယ့် မကြာသေးမီက August 7 ရက်နေ့မှာပဲ Kourtney နဲ့ Younes တို့ဟာ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပြီး ရက်အတော်ကြာသွားတဲ့အခုအချိန်အထိပြန်တွဲခြင်းမရှိသေးတာမို့ ဒါဟာ Hailey Baldwin အတွက်ပူစရာတစ်ခုအဖြစ်ကြံဖန်ဖြစ်ပေါ်လာခဲ့ပါပြီ။ Hailey နဲ့ရင်းနှီးသူတစ်ဦးက The Hollywood Life Megazine ကိုပြောကြားချက်အရ Kourtney ဟာ single ဖြစ်သွားပြီးနောက်မှာ အရင်ကချစ်ခဲ့တဲ့ Justin ဆီကိုပြန်လာဖို့ကြိုးစားနိုင်ကြောင်းနဲ့ Justin အနေနဲ့လည်းသံယောဇဉ်မပြတ်သေးမှာကို Hailey ကစိတ်ပူနေပါတယ်တဲ့။ Justin ကိုသာ Kourtney က အခုအချိန်မှာဆက်သွယ်လာခဲ့မယ်ဆိုရင် Hailey အနေနဲ့ Justin ကို သူ့ရည်းစားဟောင်း Kourtney နဲ့လုံးဝအဆက်အသွယ်မလုပ်ဖို့ တားမြစ်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ Kourtney ဘက်ကတော့ ဘာမှလှုပ်ရှားလာခြင်းမရှိသေးတာမို့ Hailey တစ်ယောက်အစိုးရိမ်လွန်နေတာလည်းဖြစ်နိုင်ပါတယ်။လက်ရှိမှာ Justin က Hailey နဲ့လက်ထပ်ပြီးရင်အတူနေဖို့ Canada မှာခြံကျယ်ကြီးတစ်ခြံကိုတောင်ဝယ်ထားပြီးနေပြီလေ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော..ဘယ်လိုမြင်လဲ..။ Hailey က Justin ကိုဆုံးရှုံးရမှာကြောက်ပြီး အစိုးရိမ်လွန်နေခြင်းလား။ဒါမှမဟုတ် Justin လိုလူတစ်ယောက်က ဘယ်တော့မှစိတ်ချထားလို့မရတဲ့လူပေပဲလား။

Credit: Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top