iMyanmarHouse.com - Best Property Website for Myanmar
×




Credit: MMcele
# Unicode Version ဖြင့် ဖတ်ပါ #

အနုပညာလောကမှာ နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အသက် ၁၉နှစ်မှာ ချစ်သူနဲ့လက်ထပ်ခဲ့ကာ အခုဆိုရင် သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကို ကြွေစေခဲ့တာဖြစ်ပါတယ်။

ယွန်းလေးကတော့ မကြာသေးခင်အချိန်ကမှ သားလေး Liam ရဲ့ပုံလေးတွေကို ပရိသတ်တွေကို ထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း သူမရဲ့ instagramကနေသားလေး Liam ရဲ့ပုံလေးတွေကို တောက်လျှောက် ဖော်ပြနေတာလည်းတွေ့ရပါတယ်။ဒီမနက်မှာလည်း မေမေ ယွန်းလေးရင်ဘက်ပေါ်မှာ အိပ်မောကျနေတဲ့ ချစ်စရာကောင်းတဲ့ သားလေးရဲ့ပုံကို ထက်မံဖော်ပြထားတာတွေ့ရပါတယ်။အမေတူသားလေးက ချစ်စရာကောင်းနေလိုက်တာ ဖိုဖိုးနဲ့ဖွားဖွားတို့ကလည်း သည်းသည်းလှုပ်အောင် ချစ်နေမှာအမှန်ပဲဖြစ်ပါတယ်။

သားလေး Liam လေးက အရမ်းချစ်စရာကောင်းပြီး ဖေဖေကောမေမေရဲ့ အလှကိုယ်စီကိုယူထားတာလည်းဖြစ်ပါတယ်။ ယွန်းက ကလေးမွေးပြီးတဲ့အချိန်မှာ သူမရဲ့မိသားစုရော ခင်ပွန်းပါအတူရှိနေပေးခဲ့လို့ သူမအနေနဲ့ အရမ်းပျော်ခဲ့ရတယ်လို့ လည်းပြောပြထားတာတွေ့ရပါတယ်။ကဲ …ချစ်ပရိသတ်ကြီးတွက် Liam နဲ့ ယွန်းလေးတို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Credit: MMcele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top