iMyanmarHouse.com - Best Property Website for Myanmar
×

 ေသေသခ်ာခ်ာေလးမ်ား မထိန္းသိမ္းမိရင္ ဆံပင္ေတြဆိုတာေလ ေကာက္ရိုးပံုေတြလုိပဲ -_-

သီခ်င္းေတြထဲ စာေတြထဲပါတဲ့ ပိုးသားဆံႏြယ္ေလးဘာညာဆိုတာ ကိုယ္ေတြနဲ႔ လားလားမွ မဆိုင္သလိုပါပဲလားေနာ္။ ကိုယ္ေတြက ပင္ကိုယ္ဆံသားၾကမ္းသူေတြေလ။ ဆံသားၾကမ္းတယ္ဆိုရမလား ဆံသားမာတယ္ဆိုရမလား မသိေပမဲ့ ေသခ်ာတာကေတာ့ ကိုယ္ေတြဆံပင္က ႏူးညံ့ေပ်ာ႔ေပ်ာင္းတဲ့အထဲမွာ မပါတာ က်ိန္းေသပါ…

အဲဒီေတာ့ ကိုယ္ေတြဆံပင္ကို ထိန္းသိမ္းရတာကလည္း သူမ်ားေတြထက္ ပိုအလုပ္ရႈပ္ရပါတယ္.. အရင္ဆံုး ေခါင္းေလွ်ာ္ရည္က စလို႔ ေခါင္းလိမ္းဆီအဆံုး  ကိုယ္နဲ႔ ကိုက္တဲ့ ပစၥည္းေတြ ရွာရပါတယ္.. ေတာ္ရံု အဆင္ေျပတယ္ဆိုရင္ေတာင္ ကိုယ့္အတြက္က် အဆင္မေျပတာ၊ မလံုေလာက္တာမ်ိဳးက ျဖစ္ေနက် ဆိုေတာ့ကာ -_-  အဲဒီလို ကိုယ္နဲ႔အဆင္မေျပတာကို သံုးမိရင္၊ စနစ္တက်မထိန္းသိမ္းမိရင္ ဆံပင္ေတြက ပြၿပီး အရမ္းရႈပ္ေထြးသြားေရာ..  ေခါင္းၿဖီးဖို႔ေတာင္ မလြယ္ဘူး 🙁 အဲဒီေတာ့ အက္ဒ္မင္ ဘယ္လို ဆံပင္ေတြ ထိန္းသိမ္းလဲဆိုတာ ေဝမွ်ေပးမယ္ေနာ္..

သူမ်ားေတြအတြက္ ဓာတုပစၥည္းေတြ မပါေလ၊ ေကာင္းေလဆိုေပမဲ့လို႔ ကိုယ့္အတြက္ကေတာ့ ကယ္မီကယ္လ္ (ဓာတုပစၥည္း) ေတြ မပါရင္ အဆင္မေျပေနေသာအခါ.. -_-

ကိုယ္ေတြက ဆံသားမာေတာ့ ကယ္မီကယ္လ္ (ဓာတုပစၥည္း) အရမ္းနည္းလို႔အဆင္မေျပပါဘူး။ အခုေခတ္မွာ သဘာဝပစၥည္းေတြကိုအေျခခံထားတဲ့ ပစၥည္းေတြက အေကာင္းဆံုးလို႔ ဆိုၾကေပမဲ့ ကုိယ့္အတြက္က် အဆင္မေျပေတာ့ပါဘူး 🙁 တကယ္ေတာ့ သဘာဝပစၥည္းေတြကို အေျခခံၿပီး ထုတ္ထားတာေတြက ကိုယ့္အတြက္ အႏၱရာယ္ အနည္းဆံုး၊ ေဘးထြက္ဆိုးက်ိဳး အနည္းဆံုးဆိုတာ သိေပမဲ့ အဲဒါေလးေတြမ်ား သံုးလုိက္မိရင္ အေပၚမွာေျပာခဲ့သလို ဆံပင္က ႐ႈပ္ေထြးၿပီး ဖြာလန္ႀကဲေနေတာ့တာပါပဲ။ အဲဒီေတာ့ ကိုယ့္ဆံသားအေပၚမူတည္ၿပီးေတာ့ပဲ ဓာတုပစၥည္း အနည္းအမ်ားရယ္၊ ကိုယ္နဲ႔ အဆင္ေျပတဲ့ ေခါင္းေလွ်ာ္ရည္ အမ်ိဳးအစားရယ္ကို ေသခ်ာေရြးခ်ယ္ၿပီး သံုးေစခ်င္ပါတယ္ေနာ္…

ေခါင္းေလွ်ာ္ရည္ဆိုလို႔ အက္ဒ္မင္ဆို Sunsilk ကထုတ္တဲ့ ပန္းေရာင္ေခါင္းေလွ်ာ္ရည္ (Smooth and Manageable) နဲ႔ ေပ်ာ့ေဆး စထြက္ကတည္းက အာ့ပဲ သံုးနာ.. ခုခ်ိန္ထိပဲ.. အက္ဒ္မင့္ ဆံသားနဲ႔ ကိုက္တယ္ ေျပာရမွာေပါ့.. အက္ဒ္မင့္အတြက္ေတာ့ အေတာ္အဆင္ေျပ၊ သံုးလို႔ေကာင္းၿပီး ဆံပင္ေတြလည္း ထိန္းသိမ္းရလြယ္သြားပါတယ္..

တစ္ခုရွိတာက ဓာတုပစၥည္းပါမွ ဆံပင္ထိန္းသိမ္းရတာ အဆင္ေျပတယ္ ဆိုေပမဲ့လို႔ ဓာတုပစၥည္းေတြက ကိုယ့္ကို အႏၱရာယ္ေပးႏိုင္တယ္ဆိုတာလည္း မေမ့ထားသင့္ဘူးေနာ္ ေယာင္းတို႔.. အတတ္ႏိုင္ဆံုး အႏၱရာယ္နည္းမယ့္ ပစၥည္းကို ေသခ်ာ စိစစ္ေရြးခ်ယ္ဖို႔ လိုပါတယ္.. ျဖစ္ႏုိင္ရင္ေတာ့ ဆရာဝန္နဲ႔ တုိင္ပင္ေရြးခ်ယ္တာ အေကာင္းဆံုးပါပဲ ေယာင္းတို႔ေရ…

ေပ်ာ့ေဆး၊ ေပါင္းေဆးအၿမဲသံုးရပါတယ္..

ေခါင္းေလွ်ာ္ၿပီးတုိင္း ေပ်ာ့ေဆး၊ ေပါင္းေဆးအၿမဲသံုးေပးရတာက အလုပ္တစ္လုပ္ပါ။ သာမန္ဆံသားပိုင္႐ွင္ေတြလည္း သံုးရတာပဲ ဆုိေပမဲ့ သူတုိ႔ကအခ်ိန္မရတဲ့အခါ၊ မသံုးခ်င္တဲ့အခါမ်ိဳးေတြမွာ မသံုးဘဲ ေနလိုက္လို႔ရပါတယ္။ ကိုယ္ေတြကေတာ့ မလုပ္မျဖစ္ကို လုပ္ေပးရတာပါ။ အခ်ိန္မရတဲ့အခါမ်ိဳးဆို ျမန္ျမန္ေလွ်ာ္ခ်လိုက္ရတာပဲ႐ွိတယ္။ မသံုးဘဲ ေနေနလို႔ေတာ့ မရပါဘူး။ အက္ဒမင္ကေတာ့ ေခါင္းေလွ်ာ္တုိင္း ေပ်ာ့ေဆးအၿမဲသံုးရၿပီး တစ္လတစ္ခါ ဒါမွမဟုတ္ ႏွစ္ခါေလာက္ ေပါင္းေဆးနဲ႔ ေပါင္းတင္ပါတယ္။

ေပါင္းတင္တဲ့ဆီမွာ အက္ဒ္မင္ ေလာေလာလတ္လတ္ ေတြ႕ထားတဲ့ နည္းလမ္းေလး တစ္ခုရွိပါတယ္.. ဒါကေတာ့

ဆီနဲ႔ေပါင္းတင္တာပါပဲ..

ဒီနည္းနဲ႔ အၿမဲတမ္း ေပါင္းတင္ေနစရာေတာ့ မလုိပါဘူး။ တစ္ခါတေလမွ သံုးေပးရင္ အဆင္ေျပပါတယ္။ လုပ္နည္းကလည္း လြယ္လြယ္ေလးပါ။ ကိုယ္သံုးေနက်ေပါင္းေဆးကို တစ္ခါသံုးစာေလာက္ခြက္ထဲထည့္ၿပီး အဲဒီထဲကို အုနး္ဆီ (သို႔) သံလြင္ဆီ ဒါမွမဟုတ္ ဆံပင္အတြက္ သဘာဝဆီ တစ္မ်ိဳးမ်ိဳးကို ေပါင္းေဆးရဲ႕ သံုးပံုတစ္ပံုပမာဏေလာက္ထည့္ပါ။ ဆံပင္ကို ပံုမွန္အတိုင္း ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ၿပီး ခုနက ေပါင္းေဆးနဲ႔ နာရီဝက္ေလာက္ေပါင္းထားလိုက္ပါ။ ေရေဆးခ်လိုက္ရင္ ဆံသားကအရင္ကထက္ပို ႏူးညံ့ေနၿပီး စိုေျပေနတာကို ေတြ႕ရပါလိမ့္မယ္..

ဒါေတြကေတာ့ ဆံသားၾကမ္းတဲ့ အက္ဒမင့္ဆံပင္ကို အက္ဒမင္ကိုယ္တိုင္ ထိန္းသိမ္းေနတဲ့နည္းေလးေတြပါ။ ေယာင္းတို႔လည္း ေယာင္းတို႔ဆံသားနဲ႔ ကိုက္ညီတဲ့ဆံပင္ထိန္းသိမ္းပစၥည္းအမ်ိဳးအစားတစ္ခုခုကို ေရြးခ်ယ္သံုးစြဲၿပီး ၾကမ္းတမ္းတဲ့ဆံသားေလးေတြကို လွပႏူးညံ့ေအာင္ ထိန္းသိမ္းႏိုင္ၾကပါေစလို႔…

ေယာင္းတုိ႔လွပၾကပါေစ ..

Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    သေသေချာချာလေးများ မထိန်းသိမ်းမိရင် ဆံပင်တွေဆိုတာလေ ကောက်ရိုးပုံတွေလိုပဲ -_-

သီချင်းတွေထဲ စာတွေထဲပါတဲ့ ပိုးသားဆံနွယ်လေးဘာညာဆိုတာ ကိုယ်တွေနဲ့ လားလားမှ မဆိုင်သလိုပါပဲလားနော်။ ကိုယ်တွေက ပင်ကိုယ်ဆံသားကြမ်းသူတွေလေ။ ဆံသားကြမ်းတယ်ဆိုရမလား ဆံသားမာတယ်ဆိုရမလား မသိပေမဲ့ သေချာတာကတော့ ကိုယ်တွေဆံပင်က နူးညံ့ပျော့ပျောင်းတဲ့အထဲမှာ မပါတာ ကျိန်းသေပါ…

အဲဒီတော့ ကိုယ်တွေဆံပင်ကို ထိန်းသိမ်းရတာကလည်း သူများတွေထက် ပိုအလုပ်ရှုပ်ရပါတယ်.. အရင်ဆုံး ခေါင်းလျှော်ရည်က စလို့ ခေါင်းလိမ်းဆီအဆုံး  ကိုယ်နဲ့ ကိုက်တဲ့ ပစ္စည်းတွေ ရှာရပါတယ်.. တော်ရုံ အဆင်ပြေတယ်ဆိုရင်တောင် ကိုယ့်အတွက်ကျ အဆင်မပြေတာ၊ မလုံလောက်တာမျိုးက ဖြစ်နေကျ ဆိုတော့ကာ -_-  အဲဒီလို ကိုယ်နဲ့အဆင်မပြေတာကို သုံးမိရင်၊ စနစ်တကျမထိန်းသိမ်းမိရင် ဆံပင်တွေက ပွပြီး အရမ်းရှုပ်ထွေးသွားရော..  ခေါင်းဖြီးဖို့တောင် မလွယ်ဘူး 🙁 အဲဒီတော့ အက်ဒ်မင် ဘယ်လို ဆံပင်တွေ ထိန်းသိမ်းလဲဆိုတာ ဝေမျှပေးမယ်နော်..

သူများတွေအတွက် ဓာတုပစ္စည်းတွေ မပါလေ၊ ကောင်းလေဆိုပေမဲ့လို့ ကိုယ့်အတွက်ကတော့ ကယ်မီကယ်လ် (ဓာတုပစ္စည်း) တွေ မပါရင် အဆင်မပြေနေသောအခါ.. -_-

ကိုယ်တွေက ဆံသားမာတော့ ကယ်မီကယ်လ် (ဓာတုပစ္စည်း) အရမ်းနည်းလို့အဆင်မပြေပါဘူး။ အခုခေတ်မှာ သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ပစ္စည်းတွေက အကောင်းဆုံးလို့ ဆိုကြပေမဲ့ ကိုယ့်အတွက်ကျ အဆင်မပြေတော့ပါဘူး 🙁 တကယ်တော့ သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတာတွေက ကိုယ့်အတွက် အန္တရာယ် အနည်းဆုံး၊ ဘေးထွက်ဆိုးကျိုး အနည်းဆုံးဆိုတာ သိပေမဲ့ အဲဒါလေးတွေများ သုံးလိုက်မိရင် အပေါ်မှာပြောခဲ့သလို ဆံပင်က ရှုပ်ထွေးပြီး ဖွာလန်ကြဲနေတော့တာပါပဲ။ အဲဒီတော့ ကိုယ့်ဆံသားအပေါ်မူတည်ပြီးတော့ပဲ ဓာတုပစ္စည်း အနည်းအများရယ်၊ ကိုယ်နဲ့ အဆင်ပြေတဲ့ ခေါင်းလျှော်ရည် အမျိုးအစားရယ်ကို သေချာရွေးချယ်ပြီး သုံးစေချင်ပါတယ်နော်…

ခေါင်းလျှော်ရည်ဆိုလို့ အက်ဒ်မင်ဆို Sunsilk ကထုတ်တဲ့ ပန်းရောင်ခေါင်းလျှော်ရည် (Smooth and Manageable) နဲ့ ပျော့ဆေး စထွက်ကတည်းက အာ့ပဲ သုံးနာ.. ခုချိန်ထိပဲ.. အက်ဒ်မင့် ဆံသားနဲ့ ကိုက်တယ် ပြောရမှာပေါ့.. အက်ဒ်မင့်အတွက်တော့ အတော်အဆင်ပြေ၊ သုံးလို့ကောင်းပြီး ဆံပင်တွေလည်း ထိန်းသိမ်းရလွယ်သွားပါတယ်..

တစ်ခုရှိတာက ဓာတုပစ္စည်းပါမှ ဆံပင်ထိန်းသိမ်းရတာ အဆင်ပြေတယ် ဆိုပေမဲ့လို့ ဓာတုပစ္စည်းတွေက ကိုယ့်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာလည်း မမေ့ထားသင့်ဘူးနော် ယောင်းတို့.. အတတ်နိုင်ဆုံး အန္တရာယ်နည်းမယ့် ပစ္စည်းကို သေချာ စိစစ်ရွေးချယ်ဖို့ လိုပါတယ်.. ဖြစ်နိုင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရွေးချယ်တာ အကောင်းဆုံးပါပဲ ယောင်းတို့ရေ…

ပျော့ဆေး၊ ပေါင်းဆေးအမြဲသုံးရပါတယ်..

ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး၊ ပေါင်းဆေးအမြဲသုံးပေးရတာက အလုပ်တစ်လုပ်ပါ။ သာမန်ဆံသားပိုင်ရှင်တွေလည်း သုံးရတာပဲ ဆိုပေမဲ့ သူတို့ကအချိန်မရတဲ့အခါ၊ မသုံးချင်တဲ့အခါမျိုးတွေမှာ မသုံးဘဲ နေလိုက်လို့ရပါတယ်။ ကိုယ်တွေကတော့ မလုပ်မဖြစ်ကို လုပ်ပေးရတာပါ။ အချိန်မရတဲ့အခါမျိုးဆို မြန်မြန်လျှော်ချလိုက်ရတာပဲရှိတယ်။ မသုံးဘဲ နေနေလို့တော့ မရပါဘူး။ အက်ဒမင်ကတော့ ခေါင်းလျှော်တိုင်း ပျော့ဆေးအမြဲသုံးရပြီး တစ်လတစ်ခါ ဒါမှမဟုတ် နှစ်ခါလောက် ပေါင်းဆေးနဲ့ ပေါင်းတင်ပါတယ်။

ပေါင်းတင်တဲ့ဆီမှာ အက်ဒ်မင် လောလောလတ်လတ် တွေ့ထားတဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်.. ဒါကတော့

ဆီနဲ့ပေါင်းတင်တာပါပဲ..

ဒီနည်းနဲ့ အမြဲတမ်း ပေါင်းတင်နေစရာတော့ မလိုပါဘူး။ တစ်ခါတလေမှ သုံးပေးရင် အဆင်ပြေပါတယ်။ လုပ်နည်းကလည်း လွယ်လွယ်လေးပါ။ ကိုယ်သုံးနေကျပေါင်းဆေးကို တစ်ခါသုံးစာလောက်ခွက်ထဲထည့်ပြီး အဲဒီထဲကို အုန်းဆီ (သို့) သံလွင်ဆီ ဒါမှမဟုတ် ဆံပင်အတွက် သဘာဝဆီ တစ်မျိုးမျိုးကို ပေါင်းဆေးရဲ့ သုံးပုံတစ်ပုံပမာဏလောက်ထည့်ပါ။ ဆံပင်ကို ပုံမှန်အတိုင်း ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ခုနက ပေါင်းဆေးနဲ့ နာရီဝက်လောက်ပေါင်းထားလိုက်ပါ။ ရေဆေးချလိုက်ရင် ဆံသားကအရင်ကထက်ပို နူးညံ့နေပြီး စိုပြေနေတာကို တွေ့ရပါလိမ့်မယ်..

ဒါတွေကတော့ ဆံသားကြမ်းတဲ့ အက်ဒမင့်ဆံပင်ကို အက်ဒမင်ကိုယ်တိုင် ထိန်းသိမ်းနေတဲ့နည်းလေးတွေပါ။ ယောင်းတို့လည်း ယောင်းတို့ဆံသားနဲ့ ကိုက်ညီတဲ့ဆံပင်ထိန်းသိမ်းပစ္စည်းအမျိုးအစားတစ်ခုခုကို ရွေးချယ်သုံးစွဲပြီး ကြမ်းတမ်းတဲ့ဆံသားလေးတွေကို လှပနူးညံ့အောင် ထိန်းသိမ်းနိုင်ကြပါစေလို့…

ယောင်းတို့လှပကြပါစေ ..

Credit: Sugar Cane (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top