iMyanmarHouse.com - Best Property Website for Myanmar
×

စုလှိုင်ဝင်းကိုသိတဲ့ ပရိသတ်တော်တော်များများက သူမရဲ့ လှပတဲ့ခန္ဓာကိုယ် အချိုးအစားကြောင့် စသိလာကြတာပါ။ အချိုးအစားကျနပြီး အများကြားမှာထင်းနေအောင် လှတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ချောမောလှပတဲ့မျက်နှာလေးပါပိုင်ဆိုင်တာကြောင့် စုလှိုင်ဝင်းဟာ ပုရိသတွေ ပါးစပ်ဖျားမှာရေပန်းစားကျော်ကြားပြီး လူသိများလာခဲ့ပါတော့တယ်။ နောက်ပိုင်းမှာ အချို့လူတွေက စုလှိုင်ဝင်းကို အတုတပ်ထားတယ်၊ဂျင်းထည့်တယ် စသဖြင့် ပြောဆိုလာခဲ့ကြပြီး စုလှိုင်ဝင်းကလည်း Social Media က တစ်ဆင့် ပွင့်လင်းမြင်သာစွာသက်သေပြခဲ့တာတွေရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး စုလှိုင်ဝင်းက Myanmar Cele 7 Media နဲ့ Interview မှာ ဖြေကြားထားခဲ့ပါတယ်။

စုလှိုင်ဝင်းက သူမရဲ့ တင်ပါးက ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို “အဲဒါကတော့လေ ကိုယ်ဝတ်တဲ့အဝတ်အစားပေါ်လိုက်ပြီးတော့ သူ့ခန္ဓာကိုယ်က နည်းနည်းပြောင်းသွားတာဆိုတော့..။ပြီးတော့ ကတဲ့အချိန်ကျတော့လည်းးပို့စ်ပေးတဲ့အချိန်ဆိုရင်တော့ သူ့ဟာသူ ကော့တာဘာညာတော့ရှိတာပေါ့နော်။ ကတဲ့အချိန်ကျတော့ အဲ့လိုသွားလုပ်လို့မရဘူးလေ။ သူ့ကကွက်မှာ အဲ့လိုအမြဲကော့ကော့ကော့ကော့ကြီးနဲ့ကနေရင် ဘယ်လိုမှလည်းကြည့်လို့မလှဘူးလေ။ ကော့တဲ့ဟာမပါတဲ့အချိန်ကျ နည်းနည်း အဲ့လို Fake လို့ ထင်သွားတာပေါ့လေ”လို့ ပြောထားပါတယ်။

စုလှိုင်ဝင်းက သူ့ကိုတိုက်ခိုက်လာတာတွေနဲ့ပတ်သက်ပြီး “ဘယ်လိုမျိုးခံစားရလဲဆိုတော့ အစကတော့ စိတ်ဆိုးတာပေါ့နော်။ ကိုယ်ကမဟုတ်တဲ့ဟာဆို အတင်းကြီးလိုက်ရှင်းတာပေါ့နော်။ နောက်မှပြန်စဉ်းစားကြည့်တော့ ကာယကံရှင် ကိုယ်ကိုယ်တိုင်သိတယ်လေနော်။ နောက်ပြီးတော့ သူတို့ဆီမှာလည်း နှစ်ခုကွဲနေတာပေါ့နော်။ အချို့ကျတော့လည်းယုံတယ်။အချို့ကျတော့လည်း မယုံဘူး။ဒါကသူတို့စိတ်ပဲ။ညီမ တစ်ယောက်ချင်းစီလိုက်ရှင်းပြနေရင်လည်းပြီးမှာမဟုတ်တော့ဘူးလေ။ အဲ့တော့ ဒီတိုင်းပဲ Let it be ဒီတိုင်းပဲထားလိုက်တော့တယ်”လို့ ပြောထားပါတယ်။

Instagram မှာ ဖြေရှင်းတဲ့သဘောနဲ့ တင်ချပစ်လိုက်တဲ့ဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း စုလှို်င်ဝင်းက “တကယ်တော့လေညီမက တင်လိုက်တာက မခံချင်တဲ့စိတ်နဲ့တင်လိုက်တာပေါ့နော်။ ဟာ. ငါ့ကိုဒီလောက်ပြောတယ်ဆိုပြီး။ ဒါပေမယ့် Facebook မှာတော့ မတင်ဘူး။ Facebook က Viral ဖြစ်တာ မြန်လို့ .. Instagram မှာပဲတင်တာ။ ဒါပေမယ့်Instagram မှာလည်းမရဘူး။ Instagram Myday မှာတင်တာ ဆယ့်ခုနစ်မိနစ်ပဲထင်တယ်။ အဲဒီမှာချက်ချင်းပျံ့သွားတာပေါ့နော်။ အဲဒီပုံတွေက Memes Group တွေထဲမှာရော အခြားလူတွေက Ss ရိုက်ပြီး Personal account ကနေ ပြန်တင်တာတွေရောပေါ့နော်။ ဖျက်လည်းမမီတော့ဘူးလေ။ အဲဒါကြောင့်ညီမလည်းမထူးဘူးဆိုပြီး ဒီအတိုင်းပဲထားလိုက်တယ်။”လို့ ဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော စုလှိုင်ဝင်းကိုချစ်တဲ့သူတွေရှိလား။ စုလှိုင်ဝင်းရဲ့ အတုအစစ်ပြဿနာကိုရော ဘယ်လိုထင်ကြသလဲ။ အစစ်ဖြစ်ဖြစ်အတုဖြစ်ဖြစ် ချစ်မှာပဲလား။ ပြောခဲ့ကြဦးနော်။

Credit: တံခွန်
# Unicode Version ဖြင့် ဖတ်ပါ #

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top