iMyanmarHouse.com - Best Property Website for Myanmar
×






Credit – myanmarnote
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိုင်ဒေါလ်ဝင်နာဖြစ်တဲ့ ဖြိုးမြတ်အောင်လက်ရှိထီးတင်ပြုပြင်နေတဲ့ ဘုရားအလှူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)မိသားစုက ပါဝင်လှူဒါန်းထားတယ်လို့ ဒေသခံတွေရဲ့ ဆိုရှယ်အကောင့်တွေမှာဖော်ပြထားကြပါတယ်။

လှူဒါန်းမှုအလှူငွေဖြတ်ပိုင်းဖော်ပြချက်အရ ၂ရက်နေ့ စက်တင်ဘာ ၂၀၁၈ ရက်စွဲနဲ့ဖြစ်ပြီး အလှူရှင်အမည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် သားသမီးမြေးတစ်စုကောင်းမှုဆိုပြီး ဖော်ပြထားတာပါ။

လှူဒါန်းငွေကတော့ တစ်သိန်းရှစ်သောင်းကျပ်ဖြစ်ပါတယ်။

အဆိုပါအကြောင်းကိုတင်ထားတဲ့ အကောင့်ပိုင်ရှင်ဦးကံပွင့်ရဲ့ ဖော်ပြချက်အရ“ဒီနေ့ နေ့လယ်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ( ငြိမ်း)၊ဇနီးဒေါ်ကြိုင်ကြိုင် သားသမီးမြေး တစ်စုမှ ကိုးနဝင်းဘုရား ပြုပြင်ရန် အလှူတော်ငွေ …၁၈၀၀၀၀’ ကျပ်ကို လှူဒါန်းပါတယ်။ ခရီးသွားရင်း ကားရပ်ပြီး ဘုရားကို ဖူးမျှော်ကာ အလှူတော်ငွေကိုထည့်ဝင်လှူဒါန်းသွားတာပါ” လို့ရေးသားထားပါတယ်။

အဆိုပါဘုရားရဲ့ ကိုဒေသခံတွေကတော့ ကိုးနဝင်းဘုရားလို့လည်း လူသိများကြတာလည်းဖြစ်ပါတယ်။

Credit – myanmarnote
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top