iMyanmarHouse.com - Best Property Website for Myanmar
×
 ကျန်းမာရေးကို ကောင်းကျိုး ဖြစ်ထွန်းစေမယ့် မုန့်ပဲသရေစာ တစ်မျိုးမျိုးကို ရှာနေပါသလား။ နေကြာစေ့လှော် လက်တစ်ဆုပ်
စာကို သုံးဆောင်ကြည့်လိုက်ပါ။ ဗိုက်မပြည့်ပေမယ့် အာဟာရ
ဓာတ် များစွာကိုလည်း ပေးစွမ်းပါလိမ့်မယ်.. လှပဝါဝင်းတဲ့ နေကြာပန်းပွင့်များမှလာတဲ့ နေကြာစေ့များမှာ အန္တရာယ် မဖြစ်စေတဲ့ သဘာဝအဆီများလည်း ပါဝင်ပါသေးတယ်...
နေကြာဆီက ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ ဆီအမျိုးအစားများထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ် နေကြာစေ့ရဲ့ အကျိုးကျေးဇူးများကတော့...
၁။ နေကြာစေ့မှာ ပါဝင်တဲ့ Vitamin-E က ပန်းနာရင်ကျပ်၊ ဒူးနာ၊ အဆစ် အမြစ်ရောင်ရမ်းခြင်း စသည်တို့ကို သက်သာ စေနိုင်ပါတယ်...
၂။ နေကြာစေ့က အူမကြီးကင်ဆာကို ကာကွယ်နိုင်ရုံသာမက အမျိုးသမီးများ မီးယပ်သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာ
များကို လျော့ပါး သက်သာစေပါတယ်...
၃။ နေကြာစေ့ဟာ ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားမှုကို လျှော့ချတဲ့နေရာမှာ များစွာကူညီပေးပါတယ်...
၄။ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးရော
ဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်နိုင်ပါသေးတယ် တစ်နေ့
ကို ပန်းကန်လုံးရဲ့ လေးပုံတစ်ပုံစာလောက် နေကြာစေ့ကို
စားပေးပါ။ သင့်ကိုအန္တရာယ်ပြုမယ့် သွေးကြောနံရံတွေမှာ ကပ်ငြိနေတတ်တဲ့ မကောင်းတဲ့ ကိုလက်စထရောများကို ဖယ်ရှားပေးပါလိမ့်မယ်...
၅။ နေကြာစေ့များက ဆဲလ်ပျက်စီးမှုများကို တားဆီးတဲ့ အတွက်ကြောင့် ကင်ဆာရောဂါအချို့ကို အတန်အသင့် ကာကွယ်နိုင်ပါတယ်...
၆။ နေကြာစေ့များက အရိုးကျန်းမာစေနိုင်ပါတယ် အရိုး
အဆစ်များ ကျန်းမာသန်စွမ်းဖို့က ကယ်လ်ဆီယမ်ဓာတ် တစ်မျိုးတည်းနဲ့တင် မလုံလောက်ပါဘူး၊ Magnesium နဲ့ Copper ဓာတ်များလည်း လိုအပ်ပါတယ်။ နေကြာစေ့မှာ ယင်းဓာတ်နှစ်မျိုးစလုံး ပါဝင်ပါတယ်...
၇။ နေကြာစေ့များက စိတ်ကိုတည်ငြိမ်စေပါတယ်။ နေကြာစေ့
မှာ ပါဝင်တဲ့ Magnesium ဓာတ်က အာရုံကြောများကို ဖြေလျော့ပေးပြီး စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်...
၈။ နေကြာစေ့များက အသားအရေကို စိုပြည်စေပါတယ်. နေကြာစေ့မှာ ပါတဲ့ Vitamin-E က ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်...
Credit:The Messenger News Journal
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top