iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ အဆိုေတာ္ ေ႐ႊထူးကေတာ့ ကဗ်ာဆန္ဆန္ စာသားေလးေတြနဲ႔ သီခ်င္းေကာင္းေလးေတြကို ေရးစပ္ဖန္တီးေလ့ရွိတာေၾကာင့္ လူငယ္ပရိသတ္ေတြၾကား ေရပန္းစားေအာင္ျမင္ေနတဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။

တစ္ကိုယ္ေတာ္အေခြေတြပါ ထြက္ရွိေအာင္ျမင္ခဲ့တဲ့ ေ႐ႊထူးက ရႈိးပြဲေပါင္းမ်ားစြာမွာ ပါဝင္သီဆိုေဖ်ာ္ေျဖေနသူလည္း ျဖစ္ပါတယ္။ အသံေကာင္းၿပီး ႐ုပ္လည္းေခ်ာတဲ့ ေ႐ႊထူးက သူရဲ႕သီခ်င္းဗီဒီယိုေတြမွာ ကိုယ္တိုင္သ႐ုပ္ေဆာင္တဲ့အျပင္ မင္းသားအျဖစ္လည္း ႐ုပ္ရွင္ေတြ ႐ိုက္ကူးေနၿပီ ျဖစ္ပါတယ္။

ေ႐ႊထူးက ႐ုပ္ရွင္သ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေတြ႐ိုက္ကူးခဲ့ရာမွာ မင္းသမီးေခ်ာေလး ေ႐ႊမႈန္ရတီနဲ႔ ခ်စ္သူေတြျဖစ္ခဲ့ၾကပါတယ္။ အရင္ခ်စ္သူေဟာင္းနဲ႔ ျပတ္စဲၿပီး မၾကာခင္မွာတင္ ေ႐ႊမႈန္နဲ႔ခ်စ္ႀကိဳက္ခဲ့တာေၾကာင့္ လတ္တေလာမွာ ေ႐ႊထူးအေနနဲ႔ ပရိသတ္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ေဝဖန္ခံေနရတာလည္း ျဖစ္ပါတယ္။

အခုခ်ိန္မွာ သူတို႔ႏွစ္ဦးက ေ႐ႊေ႐ႊစုံတြဲအျဖစ္ ၾကည္ႏူးေပ်ာ္႐ႊင္ေနၾကေပမယ့္ ေဝဖန္သူအခ်ိဳ႕ကေတာ့ ဂုဏ္သိကၡာအထိပါ တိုက္ခိုက္ေျပာဆိုတာမ်ိဳးလည္း ရွိပါတယ္။

အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ အျပစ္တင္ေဝဖန္ခံေနရတဲ့ ေ႐ႊထူးက ဒီေန႔မွာေတာ့ သူရဲ႕ Official facebook Account ကို Deactivate လုပ္လိုက္ၿပီ ျဖစ္ပါတယ္။ ႐ုတ္တရက္ဆိုသလို လူမႈကြန္ယက္စာမ်က္ႏွာေပၚက ကြယ္ေပ်ာက္သြားေပမယ့္ ေ႐ႊမႈန္ရဲ႕ IG မွာေတာ့ သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ပိုေနတဲ့ ဗီဒီယိုေလးေတြကို တင္ထားတာ ေတြ႕ရပါတယ္။

အခုခ်ိန္ထိေတာ့ ေ႐ႊထူးအေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာဆိုထားျခင္းမရွိတာေၾကာင့္ ပရိသတ္ေတြက စိတ္ဝင္စားေစာင့္ေနၾကည့္ေနၾကတာလည္း ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေ႐ႊထူး ရဲ႕ Facebook account ကို ယာယီပိတ္လိုက္ၿပီျဖစ္ေၾကာင္းကို တင္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။

Share From Myanmar Celes Media.

Credit: Askstylemedia
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်ကြီးရေ အဆိုတော် ရွှေထူးကတော့ ကဗျာဆန်ဆန် စာသားလေးတွေနဲ့ သီချင်းကောင်းလေးတွေကို ရေးစပ်ဖန်တီးလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

တစ်ကိုယ်တော်အခွေတွေပါ ထွက်ရှိအောင်မြင်ခဲ့တဲ့ ရွှေထူးက ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုဖျော်ဖြေနေသူလည်း ဖြစ်ပါတယ်။ အသံကောင်းပြီး ရုပ်လည်းချောတဲ့ ရွှေထူးက သူရဲ့သီချင်းဗီဒီယိုတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တဲ့အပြင် မင်းသားအဖြစ်လည်း ရုပ်ရှင်တွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ရွှေထူးက ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့ရာမှာ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ အရင်ချစ်သူဟောင်းနဲ့ ပြတ်စဲပြီး မကြာခင်မှာတင် ရွှေမှုန်နဲ့ချစ်ကြိုက်ခဲ့တာကြောင့် လတ်တလောမှာ ရွှေထူးအနေနဲ့ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

အခုချိန်မှာ သူတို့နှစ်ဦးက ရွှေရွှေစုံတွဲအဖြစ် ကြည်နူးပျော်ရွှင်နေကြပေမယ့် ဝေဖန်သူအချို့ကတော့ ဂုဏ်သိက္ခာအထိပါ တိုက်ခိုက်ပြောဆိုတာမျိုးလည်း ရှိပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ အပြစ်တင်ဝေဖန်ခံနေရတဲ့ ရွှေထူးက ဒီနေ့မှာတော့ သူရဲ့ Official facebook Account ကို Deactivate လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို လူမှုကွန်ယက်စာမျက်နှာပေါ်က ကွယ်ပျောက်သွားပေမယ့် ရွှေမှုန်ရဲ့ IG မှာတော့ သူတို့နှစ်ဦးရဲ့ အချစ်ပိုနေတဲ့ ဗီဒီယိုလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

အခုချိန်ထိတော့ ရွှေထူးအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုထားခြင်းမရှိတာကြောင့် ပရိသတ်တွေက စိတ်ဝင်စားစောင့်နေကြည့်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူး ရဲ့ Facebook account ကို ယာယီပိတ်လိုက်ပြီဖြစ်ကြောင်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Share From Myanmar Celes Media.

Credit: Askstylemedia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top