iMyanmarHouse.com - Best Property Website for Myanmar
×
6-watch
၁။ ခရမ်းရောင်ဖြစ်နေတာ
၂။ မှိုပွင့်
၃။ အမွှေးထူ
၎။ သန့်ရှင်းမှု
#50001
၆။ အုံ့ပုန်း
၇။ ကောက်ကွေး
Glass-Ads-4
၈။ သစ်တုံး
၉။ အပိုပြောခြင်း
Credit: Gentleman
# Unicode Version ဖြင့် ဖတ်ပါ #
သင့်ပစ္စည်းနဲ့ပတ်သက်ပြီး မိန်းကလေးတွေ ဘာတွေတွေးမိသလဲ
သင့်ပစ္စည်းကို မြင်လိုက်ချိန်မှာ သူမတွေးမိတဲ့ အတွေးများ
နှစ်ယောက်သား ချစ်တင်းနှောဖို့အတွက် သင့်ရဲ့အောက်ပိုင်းကို ချွတ်ချလိုက်တဲ့အချိန်မှာ မိန်းကလေးရဲ့စိတ်ထဲမှာ ဘာတွေစဉ်းစားမိလဲဆိုတာကို သိပါသလား။ ဒီကိစ္စကို အဖြေရှာဖို့အတွက် အမျိုးသမီးတွေရဲ့ အတွေ့အကြုံကို မေးမြန်းအဖြေရှာထားတာ ရှိပါတယ်။ သူတို့ရဲ့အဖြေတွေက သင့်ကိုစိတ်လှုပ်ရှားသွားစေနိုင်ပါတယ်။
6-watch
၁။ ခရမ်းရောင်ဖြစ်နေတာ
ယောင်္ကျားတစ်ယောက်ရဲ့ပစ္စည်းက ခရမ်းရောင်ဖြစ်နေတာမျိုးကို မြင်ရခဲပါတယ်။ ဒါဟာ အရမ်းကိုစိတ်ပါနေလို့ ဖြစ်နိုင်ပါတယ်။ ဒါမျိုးက သဘောကျစရာကောင်းပါတယ်လို့ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဖြေထားပါတယ်။
၂။ မှိုပွင့်
မှိုပွင့်တစ်ခုလို အရင်းသေးပြီး အဖျားပိုင်းကြီးမားနေတာမျိုးဖြစ်ပါတယ်။ ဒီလို လိင်တံမျိုးက မိန်းကလေးတွေအတွက် ထူးကဲတဲ့ခံစားမှုတွေကို ဖြစ်စေတဲ့အတွက် အရမ်းကောင်းပါတယ်လို့ ဆိုကြပါတယ်။
၃။ အမွှေးထူ
မိန်းကလေးတွေက သင့်ပစ္စည်းတဝိုက်မှာ အမွှေးအမျှင်တွေ အရမ်းထူနေတာကို မကြိုက်ကြပါဘူး။ လိင်တံကို ရှိရင်းစွဲထက် သေးငယ်သွားတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် အမွှေးကို ဂရုစိုက်ဖို့ လိုပါတယ်။
၄။ သန့်ရှင်းမှု
သန့်ရှင်း၊ ကျန်းမာပြီး အနေတော် အရွယ်အစားနဲ့ အရှည်ရှိတာမျိုးကို တောင့်တတတ်ကြပါတယ်။ အနံ့အသက်လည်း ကောင်းတာမျိုးကို မျှော်လင့်တတ်ကြပါတယ်။
#50001
၅။ အကောင်းဆုံးအရွယ်အစား
ပုံမှန်အရွယ်အစားပဲရှိလို့ စိတ်အားငယ်တတ်ကြတာက ယောင်္ကျားလေးတွေရဲ့ တစ်ဖက်သတ်အမြင် ဖြစ်ပါတယ်။ မိန်းကလေးတွေကတော့ ဒီအရွယ်အစားမျိုးကိုပဲ အကောင်းဆုံးလို့ ယူဆထားတတ်ကြပါတယ်။
၆။ အုံ့ပုန်း
ပုံမှန်အချိန်မှာ သေးသေးလေးလို့ ထင်ရပေမယ့် စိတ်ကြွလာပြီး ထောင်မတ်လာချိန်မှာမှ ကြီးလာတာမျိုးပါ။ ဒါမျိုးကိုလည်း ဆွဲဆောင်မှုတစ်ခုလို့ ထင်တတ်ကြပါတယ်။
၇။ ကောက်ကွေး
သင့်ပစ္စည်းက အနည်းငယ်ကောက်နေလို့ အားမငယ်ပါနဲ့။ သူလုပ်ပေးနိုင်တဲ့ သာယာမှုတွေရှိတဲ့အတွက် မိန်းကလေးတွေ စိတ်ဝင်စားကြပါတယ်။
Glass-Ads-4
၈။ သစ်တုံး
အရွယ်အစား ကြီးလွန်းတာမျိုးကို ဆိုလိုချင်တာပါ။ ဒီလိုပစ္စည်းမျိုးကိုတွေ့ရင် မိန်းကလေးတွေက နာကျဉ်မှာကို ကြောက်တတ်ကြပါတယ်။
၉။ အပိုပြောခြင်း
တစ်ချို့ယောင်္ကျားလေးတွေက သူတို့ရဲ့ပစ္စည်းအရွယ်အစားနဲ့ အိပ်ရာအတွင်း စွမ်းဆောင်ရည်ကို ချဲ့ကားပြီး ပြောတတ်ကြပါတယ်။ တကယ်အတူနေတဲ့အခါ ပြောသလောက်မဟုတ်ခဲ့ရင် မိန်းကလေးတွေအတွက် စိတ်ပျက်စရာဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အပိုတွေမပြောပါနဲ့။
Credit: Gentleman
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top