iMyanmarHouse.com - Best Property Website for Myanmar
×



ေနာက္ဆုံးႏွစ္တကၠသိုလ္စာေမးပြဲေတြ ေျဖၿပီးၿပီ။ အလုပ္စဝင္ဖို႔ စိုင္းျပင္းေနၿပီ။ အလုပ္လည္း ရလာၿပီဆိုပါေတာ့။ အလုပ္ဝင္ရမယ့္ ပထမဆုံးေန႔အတြက္ စိတ္လႈပ္ရွားေနၿပီး ဘာလုပ္ရမလဲမသိေသးရင္ ေအာက္ကအခ်က္ေလးေတြကို ဖတ္ၾကည့္လိုက္ပါ။

- ေစာေစာသြားမယ္။ ကားေတြက်ပ္တာလည္း သိတယ္။ မနက္မထႏိုင္တာလည္း ျဖစ္တတ္တယ္။ ဒါေပမဲ့ ဒီတစ္ရက္ကိုေတာ့ ေသခ်ာ ေစာေစာသြားသင့္တယ္။ ဒီလို ပထမဆုံးေန႔မွာမွ ႐ုံးေနာက္က်ေနရင္ သူေဌးေရာ၊ အထက္လူႀကီးေရာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕အျမင္မွာပါ မေကာင္းပါဘူး။

- ေမးခြန္းေတြေမးဖို႔ျပင္ထားပါ။ ကုမၸဏီတိုင္းက လုပ္ထုံးလုပ္နည္း တစ္မ်ိဳးတစ္ဘာသာစီျဖစ္တဲ့အတြက္ သူတို႔ရဲ႕အလုပ္သေဘာေတြ၊ ကုမၸဏီေနာက္ခံေတြ အေၾကာင္းေမးပါ။ လိုအပ္ရင္ ခ်ေရးၿပီး လိုက္မွတ္ပါ။ အရမ္းလည္း အမ်ားႀကီးေမးစရာမလိုပါဘူး။


- လုပ္ေဖာ္ကိုင္ဖက္အသစ္ေတြကို ေျပာဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ ၁၅ စကၠန္႔စာ မိတ္ဆက္ႏိုင္ဖို႔ျပင္ထားပါ။ အခုမွ စဝင္မယ့္လူသစ္လးဆိုရင္ ကိုယ့္ေက်ာင္းအေၾကာင္း၊ ေမဂ်ာ အေၾကာင္း၊ ကိုယ္ဘာရာထူးနဲ႔ဝင္လာတယ္ဆိုတဲ့အေၾကာင္း နည္းနည္းပါးပါး စကားစျမည္ ေျပာလို႔ရတာေပါ့။

- သူတို႔ရဲ႕ေပါင္းသင္းဆက္ဆံေရးေတြ၊ ရာထူးအဆင့္ဆင့္ေတြကို တီးမိေခါက္မိရွိေအာင္လုပ္ပါ။ တစ္ေန႔ ၈/၉နာရီ ျမင္ေနရမယ့္ ဒီလူေတြဟာ ကိုယ္ဒီအလုပ္မွာ အဆင္ေျပဖို႔အတြက္ အမ်ားႀကီးအေရးပါတယ္။ ရာထူးတက္ခ်င္တယ္။ အလုပ္မွာ စိတ္ခ်မ္းသာခ်င္တယ္ဆိုရင္ အားကိုးရတဲ့ မွန္ကန္တဲ့ လုပ္ေဖာ္ကိုင္ဘက္ေတြကို ေ႐ြးေပါင္းထားဖို႔လိုပါလိမ့္မယ္။ ဘယ္သူက ဘယ္သူ႕ကို report တင္ရတယ္ အစရွိတာေတြပါ သိထားသင့္ပါတယ္။

- ေန႔လည္စာစားဖို႔ေခၚရင္ လိုက္သြားပါ။ အေမက အိမ္က ထမင္းခ်ိဳင့္ ထည့္ေပးခ်င္ထည့္ေပးလိုက္လိမ့္မယ္။ ဒါေပမဲ့ သူေဌး (သို႔) လုပ္ေဖာ္ကိုင္ဘက္ေတြက ေခၚတယ္ဆိုရင္ လိုက္သြားသင့္ပါတယ္။ ဒါမွ သူတို႔နဲ႔ပိုရင္းႏွီးဖို႔ အခြင့္အေရးရသလို သူတို႔နဲ႔တစ္သားတည္း ျဖစ္ႏိုင္တယ္ဆိုတာကိုလည္းျပႏိုင္တာေပါ့။


- နားေထာင္ပါ။ ပတ္ဝန္းက်င္ကိုေလ့လာပါ။ အလုပ္စဝင္တဲ့ပထမဆုံးရက္ေတြမွာ လူေတြကို ေတြ႕မယ္။ ၿပဳံးၿပဳံးေလးေနမယ္။ သူတို႔ေျပာတာနားေထာင္တာနဲ႔တင္အဆင္ေျပပါတယ္။ အစည္းအေဝးခန္းထဲမွာ အထက္လူႀကီး (သို႔) လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔အၿပိဳင္ ကိုယ့္အျမင္ သူ႕အျမင္ကို ေအာ္ဟစ္ ျငင္းခုံတင္းမာရမယ့္ အခ်ိန္မဟုတ္ေသးပါဘူး။ သူေဌးရဲ႕ဒီကုမၸဏီအတြက္ ရည္မွန္းခ်က္က ဘယ္လို၊ အေရးႀကီးတဲ့ပေရာဂ်က္ေတြက ဘာေတြ၊ ဆုံးျဖတ္ခ်က္ေတြခ်ရင္ ဘယ္သူ႕ရဲ႕ခြင္ျပဳခ်က္လိုတာလဲ ဆိုတာေတြကို သိရွိႏိုင္ဖို႔နားစြင့္ထားပါ။

- လုပ္ရမယ့္ အလုပ္ေတြကို ေသေသခ်ာခ်ာခ်ေရးၿပီးလိုက္မွတ္ပါ၊ ပထမဆုံးေန႔မွာ မ်ားေသာအားျဖင့္ ကိုယ့္ရဲ႕အထက္လူႀကီးက ဘာေတြလုပ္ရမလဲ၊ ဘယ္လို report တင္ရမယ္။ ဘာ software ေတြသုံးရမယ္ ဆိုတာကို ေျပာတဲ့အခါ ဂဃဏန သိေအာင္လုပ္ထားပါ။ ေနာင္တစ္ခ်ိန္လစာတိုးဖို႔ ကိုယ့္အရည္အခ်င္းကို အကဲျဖတ္တဲ့အခါ သူေျပာတဲ့အခ်က္ေတြကို ေကာင္းေကာင္းမြန္မြန္ျပဳလုပ္ႏိုင္ျခင္းက အေရးပါလာပါလိမ့္မယ္။

- ႐ုံးခန္းအတြင္းက ခ်မေရးထားေပမဲ့ သိေနရမယ့္ အသံတိတ္စည္းမ်ဥ္းေတြကိုပါ အကဲခတ္ထားပါ။ ဥပမာ မီးဖိုခန္းမွာထားတဲ့ပစၥည္းေတြကို ကိုယ့္စားပြဲေပၚမယူရတာမ်ိဳး ဒါမွမဟုတ္ စားပြဲေပၚမွာ tissue box ပဲထားရမယ္။ tissue လိပ္တင္တာကို မႀကိဳက္တာမ်ိဳး စတဲ့ အေသးအမႊားကိစၥေတြ၊ မေျပာေပမဲ့ မလုပ္ရဘူးလို႔ တစ္႐ုံးလုံးနီးပါးသိေနတဲ့အရာေတြကို အကဲခတ္ႏိုင္သေလာက္ ရေအာင္လုပ္ပါ။


- ဖုန္းကို silent ထားမယ္။ အထက္အရာရွိက ကိုယ့္ကို ရွင္းျပေနတယ္။ အဲဒါကို ကိုယ့္ဖုန္းက ringtone အက်ယ္ႀကီးထျမည္လာမယ္ဆို ဒါက ပက္ပက္စက္စက္ဂြမ္းတာေပါ့။ ႐ုံးေရာက္ကတည္းက ဖုန္းကို silent လုပ္ထားပါ။

- ေနာက္ဆုံးအေနနဲ႔ေအးေအးေဆးေဆးေန၊ စိတ္ေလၽွာ႔ထားပါ။ ပထမဆုံးရက္မွာ တခ်ိဳ႕လုပ္ငန္းေဆာင္တာေတြမလုပ္တတ္လို႔ ဘယ္သူမွ အျပစ္မျမင္ပါဘူး။ အေပၚကအခ်က္ေတြ အကုန္လုံးမလုပ္မိလို႔လည္း အရမ္းႀကီး စိတ္မပူပါနဲ႔။ အဆင္ေျပသြားမွာပါ။ ဒီလိုျဖစ္တာ ငါတစ္ေယာက္တည္း မဟုတ္ဘူးလို႔ပဲ စိတ္ထဲထားလိုက္ပါ။

လုပ္ငန္းခြင္စဝင္ရေတာ့မယ့္သူေတြအားလုံးအေနနဲ႔ အေပၚကအခ်က္ေတြ မွတ္သားက်င့္သုံးရင္း အဆင္ေျပႏိုင္ၾကပါေစ။

Credit:Yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #

နောက်ဆုံးနှစ်တက္ကသိုလ်စာမေးပွဲတွေ ဖြေပြီးပြီ။ အလုပ်စဝင်ဖို့ စိုင်းပြင်းနေပြီ။ အလုပ်လည်း ရလာပြီဆိုပါတော့။ အလုပ်ဝင်ရမယ့် ပထမဆုံးနေ့အတွက် စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမလဲမသိသေးရင် အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။

- စောစောသွားမယ်။ ကားတွေကျပ်တာလည်း သိတယ်။ မနက်မထနိုင်တာလည်း ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီတစ်ရက်ကိုတော့ သေချာ စောစောသွားသင့်တယ်။ ဒီလို ပထမဆုံးနေ့မှာမှ ရုံးနောက်ကျနေရင် သူဌေးရော၊ အထက်လူကြီးရော၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့အမြင်မှာပါ မကောင်းပါဘူး။

- မေးခွန်းတွေမေးဖို့ပြင်ထားပါ။ ကုမ္ပဏီတိုင်းက လုပ်ထုံးလုပ်နည်း တစ်မျိုးတစ်ဘာသာစီဖြစ်တဲ့အတွက် သူတို့ရဲ့အလုပ်သဘောတွေ၊ ကုမ္ပဏီနောက်ခံတွေ အကြောင်းမေးပါ။ လိုအပ်ရင် ချရေးပြီး လိုက်မှတ်ပါ။ အရမ်းလည်း အများကြီးမေးစရာမလိုပါဘူး။

- လုပ်ဖော်ကိုင်ဖက်အသစ်တွေကို ပြောဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ၁၅ စက္ကန့်စာ မိတ်ဆက်နိုင်ဖို့ပြင်ထားပါ။ အခုမှ စဝင်မယ့်လူသစ်လးဆိုရင် ကိုယ့်ကျောင်းအကြောင်း၊ မေဂျာ အကြောင်း၊ ကိုယ်ဘာရာထူးနဲ့ဝင်လာတယ်ဆိုတဲ့အကြောင်း နည်းနည်းပါးပါး စကားစမြည် ပြောလို့ရတာပေါ့။

- သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးတွေ၊ ရာထူးအဆင့်ဆင့်တွေကို တီးမိခေါက်မိရှိအောင်လုပ်ပါ။ တစ်နေ့ ၈/၉နာရီ မြင်နေရမယ့် ဒီလူတွေဟာ ကိုယ်ဒီအလုပ်မှာ အဆင်ပြေဖို့အတွက် အများကြီးအရေးပါတယ်။ ရာထူးတက်ချင်တယ်။ အလုပ်မှာ စိတ်ချမ်းသာချင်တယ်ဆိုရင် အားကိုးရတဲ့ မှန်ကန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ရွေးပေါင်းထားဖို့လိုပါလိမ့်မယ်။ ဘယ်သူက ဘယ်သူ့ကို report တင်ရတယ် အစရှိတာတွေပါ သိထားသင့်ပါတယ်။

- နေ့လည်စာစားဖို့ခေါ်ရင် လိုက်သွားပါ။ အမေက အိမ်က ထမင်းချိုင့် ထည့်ပေးချင်ထည့်ပေးလိုက်လိမ့်မယ်။ ဒါပေမဲ့ သူဌေး (သို့) လုပ်ဖော်ကိုင်ဘက်တွေက ခေါ်တယ်ဆိုရင် လိုက်သွားသင့်ပါတယ်။ ဒါမှ သူတို့နဲ့ပိုရင်းနှီးဖို့ အခွင့်အရေးရသလို သူတို့နဲ့တစ်သားတည်း ဖြစ်နိုင်တယ်ဆိုတာကိုလည်းပြနိုင်တာပေါ့။

- နားထောင်ပါ။ ပတ်ဝန်းကျင်ကိုလေ့လာပါ။ အလုပ်စဝင်တဲ့ပထမဆုံးရက်တွေမှာ လူတွေကို တွေ့မယ်။ ပြုံးပြုံးလေးနေမယ်။ သူတို့ပြောတာနားထောင်တာနဲ့တင်အဆင်ပြေပါတယ်။ အစည်းအဝေးခန်းထဲမှာ အထက်လူကြီး (သို့) လုပ်ဖော်ကိုင်ဘက်တွေနဲ့အပြိုင် ကိုယ့်အမြင် သူ့အမြင်ကို အော်ဟစ် ငြင်းခုံတင်းမာရမယ့် အချိန်မဟုတ်သေးပါဘူး။ သူဌေးရဲ့ဒီကုမ္ပဏီအတွက် ရည်မှန်းချက်က ဘယ်လို၊ အရေးကြီးတဲ့ပရောဂျက်တွေက ဘာတွေ၊ ဆုံးဖြတ်ချက်တွေချရင် ဘယ်သူ့ရဲ့ခွင်ပြုချက်လိုတာလဲ ဆိုတာတွေကို သိရှိနိုင်ဖို့နားစွင့်ထားပါ။

- လုပ်ရမယ့် အလုပ်တွေကို သေသေချာချာချရေးပြီးလိုက်မှတ်ပါ၊ ပထမဆုံးနေ့မှာ များသောအားဖြင့် ကိုယ့်ရဲ့အထက်လူကြီးက ဘာတွေလုပ်ရမလဲ၊ ဘယ်လို report တင်ရမယ်။ ဘာ software တွေသုံးရမယ် ဆိုတာကို ပြောတဲ့အခါ ဂဃဏန သိအောင်လုပ်ထားပါ။ နောင်တစ်ချိန်လစာတိုးဖို့ ကိုယ့်အရည်အချင်းကို အကဲဖြတ်တဲ့အခါ သူပြောတဲ့အချက်တွေကို ကောင်းကောင်းမွန်မွန်ပြုလုပ်နိုင်ခြင်းက အရေးပါလာပါလိမ့်မယ်။

- ရုံးခန်းအတွင်းက ချမရေးထားပေမဲ့ သိနေရမယ့် အသံတိတ်စည်းမျဉ်းတွေကိုပါ အကဲခတ်ထားပါ။ ဥပမာ မီးဖိုခန်းမှာထားတဲ့ပစ္စည်းတွေကို ကိုယ့်စားပွဲပေါ်မယူရတာမျိုး ဒါမှမဟုတ် စားပွဲပေါ်မှာ tissue box ပဲထားရမယ်။ tissue လိပ်တင်တာကို မကြိုက်တာမျိုး စတဲ့ အသေးအမွှားကိစ္စတွေ၊ မပြောပေမဲ့ မလုပ်ရဘူးလို့ တစ်ရုံးလုံးနီးပါးသိနေတဲ့အရာတွေကို အကဲခတ်နိုင်သလောက် ရအောင်လုပ်ပါ။

- ဖုန်းကို silent ထားမယ်။ အထက်အရာရှိက ကိုယ့်ကို ရှင်းပြနေတယ်။ အဲဒါကို ကိုယ့်ဖုန်းက ringtone အကျယ်ကြီးထမြည်လာမယ်ဆို ဒါက ပက်ပက်စက်စက်ဂွမ်းတာပေါ့။ ရုံးရောက်ကတည်းက ဖုန်းကို silent လုပ်ထားပါ။

- နောက်ဆုံးအနေနဲ့အေးအေးဆေးဆေးနေ၊ စိတ်လျှော့ထားပါ။ ပထမဆုံးရက်မှာ တချို့လုပ်ငန်းဆောင်တာတွေမလုပ်တတ်လို့ ဘယ်သူမှ အပြစ်မမြင်ပါဘူး။ အပေါ်ကအချက်တွေ အကုန်လုံးမလုပ်မိလို့လည်း အရမ်းကြီး စိတ်မပူပါနဲ့။ အဆင်ပြေသွားမှာပါ။ ဒီလိုဖြစ်တာ ငါတစ်ယောက်တည်း မဟုတ်ဘူးလို့ပဲ စိတ်ထဲထားလိုက်ပါ။

လုပ်ငန်းခွင်စဝင်ရတော့မယ့်သူတွေအားလုံးအနေနဲ့ အပေါ်ကအချက်တွေ မှတ်သားကျင့်သုံးရင်း အဆင်ပြေနိုင်ကြပါစေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top