iMyanmarHouse.com - Best Property Website for Myanmar
×





မာလကာသီးရဲ႔အက်ိဳးေက်းဇူးေတြကုိေတာ ့သိေကာင္းသိပါလိမ့္မယ္။ဒါေပမဲ႔မာလကာရြက္ရဲ ႔အက်ိဳးေက်းဇူးေတြကုိ သိတဲ့သူရွားပါတယ္။မာလကာရြက္က ကုိယ္ေတြထင္ထားတာထက္ေတာင္ အလွအပနဲ႔က်န္းမာေရးအတြက္ အသံုး၀င္ေနတာပါ။ဘယ္လုိေတြအသံုး၀င္ေနတာလဲဆုိရင္…

ဆီးခ်ိဳေရာဂါကာကြယ္ေပးတယ္

ဂ်ပန္ႏိုင္ငံက ပညာရွင္ေတြရဲ ႔ေလ့လာခ်က္အရ မာလကာရြက္လက္ဖက္ရည္ဟာ ေသြးတြင္းဂလူးကုိစ့္ကုိေလ်ွာ့ခ်ေပးတယ္လုိ႔ေတြ႔ရွိထားရပါတယ္။မာလကာရြက္ေရေႏြးၾကမ္း၊လက္ဖက္ရည္ကုိ ၁၂ပတ္ၾကာေသာက္ေပးမယ္ဆုိရင္ Insulin ထုတ္လုပ္မႈမတက္လာေစပဲ ေသြးဖိအားကုိ ေလ်ွာ့ခ်ေပးပါတယ္။


ကုိလက္စထေရာေလ်ွာ့ခ်ေပးတယ္

မာလကာရြက္ေရေႏြးၾကမ္း၊လက္ဖက္ရည္ကုိ သံုးလနီးပါးပံုမွန္ေသာက္သံုးေပးတာဟာ ေကာင္းမြန္တဲ႔ကုိလက္စထေရာေတြကုိထိန္းသိမ္းေပးျပီးမေကာင္းတဲ႔ကုိလက္စထေရာဓာတ္ေတြကုိ ဖယ္ရွားေပးတယ္လုိ႔ေလ့လာေတြ႔ရွိရပါတယ္။အထူးသျဖင့္ မာလကာရြက္ဟာ အသည္းတြင္းအဆိပ္အေတာက္ကုိ ဖယ္ရွားတဲ႔ေနရာမွာအရမ္းအသံုး၀င္ပါတယ္။


အစာေခ်ဖ်က္တဲ႔ေနရာမွာကူညီေပးတယ္

မာလကာရြက္က အစာမေၾကျဖစ္တာမ်ိဳးကုိသက္သာေစျပီး အစာအိမ္တြင္းက ဘတ္တီးရီးယားပုိးေတြကုိ ဖယ္ရွားေပးပါတယ္။မေကာင္းတဲ႔ဘတ္တီးရီးယားေတြေၾကာင့္ျဖစ္ပြားတတ္တဲ႔အဆိပ္အေတာက္ေတြကုိလည္းဖယ္ရွားေပးပါတယ္။မာလကာရြက္က အစာအဆိပ္သင့္တာ၊ေအာ့အန္တာ၊ပင္ပန္းႏြမ္းနယ္မႈေတြကုိလည္း ေျပေပ်ာက္ေစပါတယ္။အစာအိမ္နဲ႔ပတ္သက္ျပီးေနထုိင္မေကာင္းျဖစ္ေနတယ္ဆုိရင္ မာလကာရြက္အနည္းငယ္ကုိ ေရတစ္လီတာခြဲထည့္ျပီး ပြက္ပြက္ဆူေအာင္တည္ထားပါ။ျပီးရင္ အဲ႔ဒါကုိ တစ္ေန႔သံုးၾကိမ္ေသာက္ပါ။


သြားကုိက္၊လည္ေခ်ာင္းနာကုိသက္သာေစတယ္

သြားကုိက္တာ၊လည္ေခ်ာင္းနာေတြအတြက္ မာလကာရြက္ကုိအေရးေပၚသံုးေပးႏုိင္ပါတယ္။လည္ေခ်ာင္းနာတာ၊သြားကုိက္တာေတြဟာ ဘတ္တီးရီးယားပုိးေတြေၾကာင့္ ျဖစ္တာျဖစ္လုိ႔ ပလုတ္က်င္းေပးတဲ႔အခါ သက္သာသြားေစႏုိင္ပါတယ္။မာလကာရြက္ကုိၾကိတ္ေခ်ျပီး သြားတုိက္တဲ႔အခါမွာလည္း
သံုးေပးႏုိင္ပါတယ္။အဲ႔ဒါဆုိရင္ ဘတ္တီးရီးယားေတြကုိသန္႔ရွင္းေပးလုိ႔ သြားေတြကုိလည္းက်န္းမာေစပါတယ္။

ဆီးက်ိတ္ကင္ဆာ

မာလကာရြက္ကုိ ေသာက္သံုးေပးတာဟာ ဆီးကိ်တ္ကင္ဆာျဖစ္ပြားျခင္းကုိ ေလ်ွာ့ခ်ေပးတယ္လုိ႔သိရပါတယ္။


အိမ္ေထာင္ရွင္ေတြအတြက္ေကာင္းမြန္တယ္

မာလကာရြက္စားေပးတာဟာ သုတ္ထြက္ျခင္းကုိပုိျပီးတုိးတက္ေကာင္းမြန္ေစတဲ႔အတြက္ ရင္ေသြးရရွိေရးကုိ အေထာက္အကူျဖစ္ေစပါတယ္။

ဒဏ္ရာအနာတရျဖစ္ျခင္းကုိ ကာကြယ္ေပးတယ္
မာလကာရြက္္ေတြမွာ ဓားရွရာေတြ၊ျခစ္ရာေတြကုိ သက္သာေလ်ာ့ပါးေစတဲ႔ေဆးစြမ္းသတိၱေတြရွိပါတယ္။ေရာင္ရမ္းနာက်င္မႈကုိေလ်ွာ့ခ်ေပးႏုိင္တဲ့အတြက္ မာလကာရြက္ကုိ ဒဏ္ရာေပၚမွာအံုေပးတာအေကာင္းဆံုးပါ။မာလကာရြက္ေရေႏြးၾကမ္း၊လက္ဖက္ရည္ဟာ နားနဲ႔ပတ္သက္တဲ႔ေ၀ဒနာျဖစ္ပြားျခင္းကုိလည္းေလ်ွာ့ခ်ေပးနုိင္တယ္လုိ႔သိရပါတယ္။


၀က္ျခံနဲ႔အမည္းစက္

မာလကာရြက္ဟာ အေရျပားေပၚမွာျဖစ္တတ္တဲ႔၀က္ျခံ၊အမည္းစက္ေတြကုိ ေလ်ာ့ပါးသက္သာေစပါတယ္တဲ႔။မာလကာရြက္မွာ ဘတ္တီးရီးယားေၾကာင့္ျဖစ္ပြားတဲ႔၀က္ျခံေတြကုိ ဖယ္ရွားေပးႏုိင္တဲ႔အစြမ္းသတိၱေတြရွိေနပါတယ္။မာလကာရြက္ေတြကုိ ၾကိတ္ေခ်ျပီး ၀က္ျခံအမည္းစက္ေပၚမွာ ၁၅မိနစ္ေလာက္အံုေပးထားပါ။ျပီးရင္ ေရနဲ႔ေသခ်ာေဆးေၾကာေပးပါ။ေန႔တိုင္းပံုမွန္လုပ္ေပးမယ္ဆုိရင္ သိသာတဲ႔ရလဒ္ကုိျမင္ေတြ႔ရပါလိမ့္မယ္။၀က္ျခံေတြေပ်ာက္ကင္းသြားမယ့္အျပင္ အသားအရည္ကုိလည္းတင္းရင္းႏုပ်ိဳလာေစပါတယ္။

ဆား၀က္ျခံ

မာလကာရြက္က ဆား၀က္ျခံေတြကုိလည္းေလ်ာ့ပါးသက္သာေစပါတယ္။မာလကာရြက္္ေတြကုိ ေရအနည္းငယ္နဲ႔ေရာကာ ၾကိတ္ေခ်လိုက္ပါ။အဲ႔ဒီအရည္ကုိ ဆား၀က္ျခံရွိရာ ႏွာေခါင္းတစ္၀ိုက္လိမ္းေပးပါ။၁၅မိနစ္ေလာက္ၾကာရင္ ေရေဆးခ်လုိက္ပါ။တစ္ရက္ျခားတစ္ခါေလာက္ လုပ္ေပးရင္
ဆား၀က္ျခံေတြသိသိသာသာေလ်ာ့ပါးသြားတာေတြ႔ရမွာပါ။

ကဲ မာလကာသီးစားမယ္ဆုိရင္ မာလကာရြက္ကလည္းအသံုး၀င္တယ္ဆုိတာ မေမ့ၾကနဲ႔ေနာ္

Credit:Trend

# Unicode Version ျဖင့္ ဖတ္ပါ #

မာလကာသီးရဲ့အကျိုးကျေးဇူးတွေကိုတော့သိကောင်းသိပါလိမ့်မယ်။ဒါပေမဲ့မာလကာရွက်ရဲ့အကျိုးကျေးဇူးတွေကို သိတဲ့သူရှားပါတယ်။မာလကာရွက်က ကိုယ်တွေထင်ထားတာထက်တောင် အလှအပနဲ့ကျန်းမာရေးအတွက် အသုံးဝင်နေတာပါ။ဘယ်လိုတွေအသုံးဝင်နေတာလဲဆိုရင်…

ဆီးချိုရောဂါကာကွယ်ပေးတယ်

ဂျပန်နိုင်ငံက ပညာရှင်တွေရဲ့လေ့လာချက်အရ မာလကာရွက်လက်ဖက်ရည်ဟာ သွေးတွင်းဂလူးကိုစ့်ကိုလျှော့ချပေးတယ်လို့တွေ့ရှိထားရပါတယ်။မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို ၁၂ပတ်ကြာသောက်ပေးမယ်ဆိုရင် Insulin ထုတ်လုပ်မှုမတက်လာစေပဲ သွေးဖိအားကို လျှော့ချပေးပါတယ်။

ကိုလက်စထရောလျှော့ချပေးတယ်

မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို သုံးလနီးပါးပုံမှန်သောက်သုံးပေးတာဟာ ကောင်းမွန်တဲ့ကိုလက်စထရောတွေကိုထိန်းသိမ်းပေးပြီးမကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို ဖယ်ရှားပေးတယ်လို့လေ့လာတွေ့ရှိရပါတယ်။အထူးသဖြင့် မာလကာရွက်ဟာ အသည်းတွင်းအဆိပ်အတောက်ကို ဖယ်ရှားတဲ့နေရာမှာအရမ်းအသုံးဝင်ပါတယ်။

အစာချေဖျက်တဲ့နေရာမှာကူညီပေးတယ်

မာလကာရွက်က အစာမကြေဖြစ်တာမျိုးကိုသက်သာစေပြီး အစာအိမ်တွင်းက ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။မကောင်းတဲ့ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပွားတတ်တဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးပါတယ်။မာလကာရွက်က အစာအဆိပ်သင့်တာ၊အော့အန်တာ၊ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။အစာအိမ်နဲ့ပတ်သက်ပြီးနေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် မာလကာရွက်အနည်းငယ်ကို ရေတစ်လီတာခွဲထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးရင် အဲ့ဒါကို တစ်နေ့သုံးကြိမ်သောက်ပါ။

သွားကိုက်၊လည်ချောင်းနာကိုသက်သာစေတယ်

သွားကိုက်တာ၊လည်ချောင်းနာတွေအတွက် မာလကာရွက်ကိုအရေးပေါ်သုံးပေးနိုင်ပါတယ်။လည်ချောင်းနာတာ၊သွားကိုက်တာတွေဟာ ဘတ်တီးရီးယားပိုးတွေကြောင့် ဖြစ်တာဖြစ်လို့ ပလုတ်ကျင်းပေးတဲ့အခါ သက်သာသွားစေနိုင်ပါတယ်။မာလကာရွက်ကိုကြိတ်ချေပြီး သွားတိုက်တဲ့အခါမှာလည်း
သုံးပေးနိုင်ပါတယ်။အဲ့ဒါဆိုရင် ဘတ်တီးရီးယားတွေကိုသန့်ရှင်းပေးလို့ သွားတွေကိုလည်းကျန်းမာစေပါတယ်။

ဆီးကျိတ်ကင်ဆာ

မာလကာရွက်ကို သောက်သုံးပေးတာဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားခြင်းကို လျှော့ချပေးတယ်လို့သိရပါတယ်။

အိမ်ထောင်ရှင်တွေအတွက်ကောင်းမွန်တယ်

မာလကာရွက်စားပေးတာဟာ သုတ်ထွက်ခြင်းကိုပိုပြီးတိုးတက်ကောင်းမွန်စေတဲ့အတွက် ရင်သွေးရရှိရေးကို အထောက်အကူဖြစ်စေပါတယ်။

ဒဏ်ရာအနာတရဖြစ်ခြင်းကို ကာကွယ်ပေးတယ်
မာလကာရွက်တွေမှာ ဓားရှရာတွေ၊ခြစ်ရာတွေကို သက်သာလျော့ပါးစေတဲ့ဆေးစွမ်းသတ္တိတွေရှိပါတယ်။ရောင်ရမ်းနာကျင်မှုကိုလျှော့ချပေးနိုင်တဲ့အတွက် မာလကာရွက်ကို ဒဏ်ရာပေါ်မှာအုံပေးတာအကောင်းဆုံးပါ။မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ဟာ နားနဲ့ပတ်သက်တဲ့ဝေဒနာဖြစ်ပွားခြင်းကိုလည်းလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။

ဝက်ခြံနဲ့အမည်းစက်

မာလကာရွက်ဟာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ဝက်ခြံ၊အမည်းစက်တွေကို လျော့ပါးသက်သာစေပါတယ်တဲ့။မာလကာရွက်မှာ ဘတ်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိတွေရှိနေပါတယ်။မာလကာရွက်တွေကို ကြိတ်ချေပြီး ဝက်ခြံအမည်းစက်ပေါ်မှာ ၁၅မိနစ်လောက်အုံပေးထားပါ။ပြီးရင် ရေနဲ့သေချာဆေးကြောပေးပါ။နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။ဝက်ခြံတွေပျောက်ကင်းသွားမယ့်အပြင် အသားအရည်ကိုလည်းတင်းရင်းနုပျိုလာစေပါတယ်။

ဆားဝက်ခြံ

မာလကာရွက်က ဆားဝက်ခြံတွေကိုလည်းလျော့ပါးသက်သာစေပါတယ်။မာလကာရွက်တွေကို ရေအနည်းငယ်နဲ့ရောကာ ကြိတ်ချေလိုက်ပါ။အဲ့ဒီအရည်ကို ဆားဝက်ခြံရှိရာ နှာခေါင်းတစ်ဝိုက်လိမ်းပေးပါ။၁၅မိနစ်လောက်ကြာရင် ရေဆေးချလိုက်ပါ။တစ်ရက်ခြားတစ်ခါလောက် လုပ်ပေးရင်
ဆားဝက်ခြံတွေသိသိသာသာလျော့ပါးသွားတာတွေ့ရမှာပါ။

ကဲ မာလကာသီးစားမယ်ဆိုရင် မာလကာရွက်ကလည်းအသုံးဝင်တယ်ဆိုတာ မမေ့ကြနဲ့နော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top