iMyanmarHouse.com - Best Property Website for Myanmar
×




ခင္လႈိင္ရဲ႕ အႏုပညာကုိ အားေပးၾကသူေတြထဲမွာေတာ့ ဂ်ပန္ႏုိင္ငံက နာမည္ေက်ာ္ ဒါရုိက္တာႀကီးေတြလည္း ပါဝင္တယ္လုိ႔ သိရပါတယ္။ သူ ဟာ အႏုပညာနဲ႔ ပတ္သက္လာရင္ တကယ္ကုိ ေတာ္တဲ့ ဇာတ္ပုိ႔တစ္ေယာက္ျဖစ္ပါတယ္။

သရုပ္ေဆာင္ ခင္လႈိင္ရဲ႕ အႏုပညာကုိ အားေပးၾကတဲ့ ပရိသတ္အမ်ားႀကီးထဲမွာ ဂ်ပန္ႏုိင္ငံက နာမည္ေက်ာ္ဒါရုိက္တာေတြလည္း ပါဝင္တယ္ လုိ႔ သိရပါတယ္။ ဂ်ပန္လူမ်ဳိး ဒါရုိက္တာေတြဟာ ခင္လႈိင္ရဲ႕ အႏုပညာအရည္အခ်င္းကုိ သေဘာက်တာလြန္းတာေၾကာင့္ ဖုန္းနံပါတ္ကုိ မျဖစ္ျဖစ္ေအာင္ ဆက္သြယ္ေမးျမန္းၿပီး လာေတြ႔ခဲ့ၾကတယ္လုိ႔ ခင္လႈိင္က ေျပာျပခဲ့ပါတယ္။


'' ဒီည ဂ်ပန္ႏိုင္ငံက နာမည္ႀကီးဒါ႐ိုက္တာေတြက ျမန္မာႏိုင္ငံကို ပထမတစ္ေခါက္ေရာက္တဲ့အခ်ိန္မွာ ကၽြန္ေတာ္ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ခိုးဆိုး လုနိႈက္ ၂ ၊ ေတာက်ီးကန္းဇာတ္ကားကို ၾကည့္ခဲ့ရလို႔ သေဘာက် ၿပီး ဒီတစ္ေခါက္ ျမန္မာျပည္ကိုျပန္လာတဲ့အခ်ိန္မွာ ကၽြန္ေတာ့ဖုန္းကို ရေအာ င္စံုစမ္းၿပီးဆက္သြယ္ခဲ့ပါတယ္'' လုိ႔ သူကဆုိပါတယ္။

ဂ်ပန္ႏုိင္ငံက နာမည္ေက်ာ္ဒါရုိက္တာေတြဟာ ခင္လႈိင္ရဲ႕ ပရိသတ္ေတြျဖစ္တာေၾကာင့္လည္း ဝမ္းသာပီတိျဖစ္မိတယ္လုိ႔ ဆုိပါတယ္။ အဲ့ဒီ ေနာက္ အမွတ္တရလက္ေဆာင္ေတြလည္း ေပးခဲ့တယ္ဆုိတာကုိ ႏိုဝင္ဘာလ ၃၀ ရက္ေန႔ည ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။


''ညစာလဲေကြ်းတယ္ ကီမိုႏိုေတြလဲလက္ေဆာင္ေပးတယ္။ သူတို႔႐ိုက္ထားၿပီး ဂ်ပန္မွာလက္ရွိေအာင္ျမင္ေနတဲ့ ဇာတ္ကားေတြလည္း လက္ေဆာင္ေပးသြားတယ္။ ကၽြန္ေတာ္အရမ္းေပ်ာ္မိတယ္ဗ်ာ။ ဆက္သြယ္ေပးတဲ့ဒါ႐ိုက္တာကိုေပါက္ရယ္ စကားျပန္ ဦးမင္းျမင့္စိုးတို႔ကိုလည္း အထူးေက်းဇူးတင္ပါတယ္ဗ်ာ'' လို႔ ဆက္လက္ေျပာျပထားပါတယ္။

ခင္လိႈင္ဟာ အႏုပညာေလာကမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ဦးျဖစ္ၿပီး က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏိုင္မႈ ေတြ ေၾကာင့္ အႏုပညာေလာကမွာ ယခုခ်ိန္ထိ ရပ္တည္ေနႏိုင္ေနသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း ရုံတင္ျပသလွ်က္ရွိတဲ့ ရုပ္ရွင္ဇာတ္ကား ႀကီးေတြမွာလည္း ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။

ခင္လႈိင့္ကုိေတာ့ အလွဴအတန္းနဲ႕ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႕ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလွဴေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလွဴေငြမ်ားေကာက္ခံကာ သြားေရာက္လွဴ ဒါန္းခဲ့တာ ကိုလည္း ေတြ႕ရပါတယ္။
Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ခင်လှိုင်ရဲ့ အနုပညာကို အားပေးကြသူတွေထဲမှာတော့ ဂျပန်နိုင်ငံက နာမည်ကျော် ဒါရိုက်တာကြီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူ ဟာ အနုပညာနဲ့ ပတ်သက်လာရင် တကယ်ကို တော်တဲ့ ဇာတ်ပို့တစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာကို အားပေးကြတဲ့ ပရိသတ်အများကြီးထဲမှာ ဂျပန်နိုင်ငံက နာမည်ကျော်ဒါရိုက်တာတွေလည်း ပါဝင်တယ် လို့ သိရပါတယ်။ ဂျပန်လူမျိုး ဒါရိုက်တာတွေဟာ ခင်လှိုင်ရဲ့ အနုပညာအရည်အချင်းကို သဘောကျတာလွန်းတာကြောင့် ဖုန်းနံပါတ်ကို မဖြစ်ဖြစ်အောင် ဆက်သွယ်မေးမြန်းပြီး လာတွေ့ခဲ့ကြတယ်လို့ ခင်လှိုင်က ပြောပြခဲ့ပါတယ်။

'' ဒီည ဂျပန်နိုင်ငံက နာမည်ကြီးဒါရိုက်တာတွေက မြန်မာနိုင်ငံကို ပထမတစ်ခေါက်ရောက်တဲ့အချိန်မှာ ကျွန်တော်ပါဝင်သရုပ်ဆောင်ခဲ့တဲ့
ခိုးဆိုး လုနှိုက် ၂ ၊ တောကျီးကန်းဇာတ်ကားကို ကြည့်ခဲ့ရလို့ သဘောကျ ပြီး ဒီတစ်ခေါက် မြန်မာပြည်ကိုပြန်လာတဲ့အချိန်မှာ ကျွန်တော့ဖုန်းကို ရအော င်စုံစမ်းပြီးဆက်သွယ်ခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

ဂျပန်နိုင်ငံက နာမည်ကျော်ဒါရိုက်တာတွေဟာ ခင်လှိုင်ရဲ့ ပရိသတ်တွေဖြစ်တာကြောင့်လည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ နောက် အမှတ်တရလက်ဆောင်တွေလည်း ပေးခဲ့တယ်ဆိုတာကို နိုဝင်ဘာလ ၃၀ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''ညစာလဲကျွေးတယ် ကီမိုနိုတွေလဲလက်ဆောင်ပေးတယ်။ သူတို့ရိုက်ထားပြီး ဂျပန်မှာလက်ရှိအောင်မြင်နေတဲ့ ဇာတ်ကားတွေလည်း လက်ဆောင်ပေးသွားတယ်။ ကျွန်တော်အရမ်းပျော်မိတယ်ဗျာ။ ဆက်သွယ်ပေးတဲ့ဒါရိုက်တာကိုပေါက်ရယ် စကားပြန် ဦးမင်းမြင့်စိုးတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျာ'' လို့ ဆက်လက်ပြောပြထားပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ခင်လှိုင့်ကိုတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top