iMyanmarHouse.com - Best Property Website for Myanmar
×



မိန္းကေလးေတြဟာ ဘယ္အခ်ိန္မွာ ကိုယ့္ရည္းစားနဲ႕ လမ္းခြဲတတ္ၾကသလဲ။ခ်စ္ေတာ့ခ်စ္တယ္။ ဒါေပမယ့္ တခ်ိဳ႕ေသာ အေျခအေနေတြမွာ လက္လႊတ္လိုက္တာက ပိုေကာင္းတယ္။

အထီးက်န္လာရင္

ကုိယ္ခ်စ္ရတဲ့ခ်စ္သူ ရွိေနပါလ်က္နဲ႕ အထီးက်န္ေနတယ္ဆိုတာ အဓိပၸါယ္မရွိပါဘူး။တစ္ေယာက္တည္းေနရတာ မ်ားလာတဲ့အခါ ေနသားက်သြားတတ္ၿပီး ရွိေနတဲ့ခ်စ္သူကိုလည္း မလိုအပ္ေတာ့ဘူးလို႕ ထင္လာပါတယ္။

 အသိအမွတ္ျပဳမခံရရင္

အျပင္ေတြဘာေတြသြားတဲ့အခါ လက္မကိုင္ျဖစ္တာ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႕ ေတြ႕ရင္ ကုိယ့္ကို ခ်စ္သူတစ္ေယာက္အေနနဲ႕ မိတ္ဆက္ေပးတာ မခံရတာေတြဟာ ေဝးကြာျခင္းရဲ႕ အစပါပဲ။

ခန္႕မွန္းရလြယ္ေနရင္

မိန္းကေလးေတြဟာ သံသယမ်ားတတ္တယ္ ဆိုတာ သိၿပီးသားျဖစ္ၾကမွာပါ။ ေရွ႕ကို ႀကိဳျမင္နိုင္စြမ္းလည္းရွိပါတယ္။ ခန္႕မွန္းနိုင္ၾကတယ္ေပါ့။ ကုိယ့္ခ်စ္သူ ဘယ္အကြက္ေရႊ႕ေနတယ္ဆိုတာ မိန္းကေလးတိုင္းသိပါတယ္။ ငါ့ေကာင္မေလးက ငါဘာလုပ္လုပ္မသိပါဘူးလို႕ ထင္ေနတဲ့ ေယာက္်ားေလးေတြဟာ ငတံုးေတြခ်ည္းပါပဲ။ မိန္းကေလးတိုင္း သိပါတယ္။ မေျပာတာဘဲ ရွိတာပါ။


 အခ်ိန္မေပးနိုင္ရင္

ဟိုသြားမယ္ဆိုလည္း မအားဘူး။ ဒီသြားမယ္ဆိုလည္း မလိုက္ဘူး ဆိုတာမ်ိဳးေတြပါ။ ဂိမ္းေဆာ့စရာရွိလို႕ ဘယ္သူနဲ႕ခ်ိန္းထားေသးတယ္ ဒီည ဘယ္ေဘာလံုးပြဲလာမွာ ဆိုတာေတြေပါ့။ေဘာလံုးပြဲက ကုိယ့္ခ်စ္သူထက္အေရးႀကီးရင္ ေဘာလံုးသာ ဖက္အိပ္လိုက္ပါ။

ပိုက္ဆံမေပးနိုင္ရင္ မုန္႕ဟင္းခါးမစားပါနဲ႕။အခ်ိန္မေပးနိုင္ရင္ ရည္းစားမထားပါနဲ႕။အလွဴေတြမွာ စတုဒီသာေကြ်းရင္ မုန္႕ဟင္းခါးလည္း အလကား စားလို႕ရတယ္ဆိုတဲ့သူေတြကို တစ္ခုေလာက္ ေမးခ်င္ပါတယ္။ အခ်ိန္မေပးနိုင္ဘဲ ရည္းစားထားရင္ေကာ ရွင္တို႕လိုခ်င္တဲ့ မိန္းကေလးမ်ိဳး ရရဲ႕လားလို႕။

 တစ္ေယာက္တည္း ရုန္းကန္ရရင္

ခ်စ္သူေတြျဖစ္လာရင္ တူႏွစ္ကုိယ္ဘဝေတာ့ တည္ေထာင္ခ်င္ၾကတာခ်ည္းပဲေလ။ မိန္းကေလးဘက္ကခ်ည္း ရုန္းကန္ေနရတဲ့အခါ အခ်စ္မခံရဘူး ထင္သြားနိုင္ပါတယ္။ အဲ့ဒီမွာ ျပႆနာစျဖစ္ေတာ့တာပဲ။

 လိမ္ညာမွဳေတြရွိလာရင္

သိပ္ေထြေထြထူးထူးေျပာစရာမရွိပါဘူး။ကုိယ့္ကို လိမ္ရင္ေရာ ႀကိဳက္လား။ ဒါပါပဲ။

ဂရုမစိုက္နိုင္ရင္

တစ္ေန႕ကို ဖုန္းအခါ ငါးဆယ္ေလာက္ဆက္မက္ေဆ့ေတြ ဗုန္းေပါလေအာ ပို႕ေနမွ ဂရုစိုက္တာ မဟုတ္ပါဘူး။တစ္ေန႕လံုးေနလို႕မွ စကားေလးတစ္ခြန္းမေျပာျဖစ္ရင္ေတာ့ ကုိယ့္အေျခအေန ကုိယ္ႀကိဳေတြးထားပါ။


 တစ္ကုိယ္ေကာင္းဆန္တတ္ရင္

ရွိပါတယ္ အဲ့လိုေယာက္်ားမ်ိဳး။ စီးပြားတြက္ တြက္တဲ့ေနရာမွာ ေယာက္်ားေလးေတြလည္း ပါပါတယ္။ သူ႕ဘက္ပဲၾကည့္ေနတဲ့သူမ်ိဳးဆို မိန္းကေလးေတြက ရြံလာေရာ။

ကုိယ့္ဘက္က ႀကိဳးစားေပမယ့္ ဘာမွမထူးျခားရင္

ကုိယ္က ဒီေယာက္်ားကို ခ်စ္လို႕ လမ္းမခြဲျဖစ္ေအာင္ ႀကိဳးစားေနေပမယ့္ ဘယ္လိုမွ အဆင္မေျပေတာ့ဘူးဆိုတာ သိလာရင္ ျပတ္ဖို႕ ေသခ်ာေနပါၿပီ။

 ဘဝအတြက္ သိသာတဲ့ ေျပာင္းလဲမွဳရွိလာရင္

ဒါမ်ိဳးလည္းရွိပါတယ္။ ကုိယ့္ဘဝအတြက္ အခြင့္အေရးေကာင္းေတြ အလုပ္အကိုင္ေကာင္းေတြက ေစာင့္ေနတယ္။ ကုိယ့္ခ်စ္သူကလည္း ဘာမွ မထူးျခားဘူး (သံုးစားမရဘူးလို႕ ေျပာခ်င္တာပါ။) ဆိုရင္ေတာ့ အဲ့ဒီမိန္းကေလးဟာ ဘာကိုေရြးသင့္သလဲ ဆိုတာကို ဦးေႏွာက္နဲ႕ ဆံုးျဖတ္တတ္ပါတယ္။ ဒီေနရာမွာ ႏွလံုးသားကေတာ့ ရွံဳးသြားတာေပါ့။


 ေရရွည္မွာ မေကာင္းတာ ႀကိဳျမင္မိရင္

လူ႕အေၾကာင္း ေပါင္းၾကည့္မွသိပါတယ္။ အခ်ိန္ၾကာလာတာနဲ႕ ဒီေယာက္်ားဟာ ဘယ္လို ဆိုတာမ်ိဳး သိသြားရင္ ေဝးေဝးက ေရွာင္သြားပါတယ္။

 အမူအက်င့္ရိုင္းစိုင္းရင္

စကားမ်ားတာနဲ႕ ဆဲဆို ေအာ္ဟစ္တာ၊ လက္ပါတတ္တာမ်ိဳးေတြကို ဘယ္မိန္းကေလးမွ မႀကိဳက္ပါဘူး။ ရန္ျဖစ္တာနဲ႕ သင့္ေကာင္မေလးက သင့္ကို ပါးခ်ည္းလွိမ့္ရိုက္ရင္ေကာ သင္ၿပံဳးၿပံဳးႀကီး ခံေနမလား ဆိုတာ စဥ္းစားပါ။


ေမြးကတည္းက ပါလာတဲ့ဦးေႏွာက္ႀကီးက ဘာလုပ္ဖို႕တုန္း။ သံုးေပါ့ ႀကိဳက္သလို။မိန္းကေလးေတြ ဦးေႏွာက္သံုးတဲ့အခ်ိန္က်ရင္ ေယာက္်ားေလးေတြ လိုက္မမီပါဘူး။အစကေတာ့ ဒီမိန္းကေလးမွ မရရင္ ေသေတာ့ပါမယ္ဆိုတဲ့ ရုပ္ေတြနဲ႕ ရလည္း ရၿပီးေရာ အခ်ိဳးေတြ ေျပာင္းကုန္တာကို ေယာက္်ားေလးေတြက သူတို႕ကုိယ္တိုင္ သတိမထားမိပါဘူး။ အဲ့ဒါကို သတိထားမိတဲ့ မိန္းကေလးေတြက ေသခ်ာစဥ္းစား ဆံုးျဖတ္တဲ့ အခ်ိန္က်ေတာ့မွ သူတို႕ဘာေျပာလဲသိလား။

” မင္းတို႕မိန္းမေတြက သစၥာမရွိဘူး ” တဲ့။

သစၥာတရားဆိုတာ ထိုက္တန္တဲ့သူဆီမွာပဲ ၿမဲပါတယ္။
မိန္းမမရွားဘူးလို႕ ေၾကြးေၾကာ္ေနတဲ့ ေယာက္်ားေလးေတြေရာ ရွင္တို႕လိုခ်င္တဲ့မိန္းမမ်ိဳး လိုက္ရွာၾကည့္ပါလား။
ရူးေတာင္သြားဦးမယ္။

Credit: RELATIONSHIP

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတွေဟာ ဘယ်အချိန်မှာ ကိုယ့်ရည်းစားနဲ့ လမ်းခွဲတတ်ကြသလဲ။ချစ်တော့ချစ်တယ်။ ဒါပေမယ့် တချို့သော အခြေအနေတွေမှာ လက်လွှတ်လိုက်တာက ပိုကောင်းတယ်။

အထီးကျန်လာရင်

ကိုယ်ချစ်ရတဲ့ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန်နေတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။တစ်ယောက်တည်းနေရတာ များလာတဲ့အခါ နေသားကျသွားတတ်ပြီး ရှိနေတဲ့ချစ်သူကိုလည်း မလိုအပ်တော့ဘူးလို့ ထင်လာပါတယ်။

 အသိအမှတ်ပြုမခံရရင်

အပြင်တွေဘာတွေသွားတဲ့အခါ လက်မကိုင်ဖြစ်တာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ရင် ကိုယ့်ကို ချစ်သူတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးတာ မခံရတာတွေဟာ ဝေးကွာခြင်းရဲ့ အစပါပဲ။

ခန့်မှန်းရလွယ်နေရင်

မိန်းကလေးတွေဟာ သံသယများတတ်တယ် ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ ရှေ့ကို ကြိုမြင်နိုင်စွမ်းလည်းရှိပါတယ်။ ခန့်မှန်းနိုင်ကြတယ်ပေါ့။ ကိုယ့်ချစ်သူ ဘယ်အကွက်ရွှေ့နေတယ်ဆိုတာ မိန်းကလေးတိုင်းသိပါတယ်။ ငါ့ကောင်မလေးက ငါဘာလုပ်လုပ်မသိပါဘူးလို့ ထင်နေတဲ့ ယောက်ျားလေးတွေဟာ ငတုံးတွေချည်းပါပဲ။ မိန်းကလေးတိုင်း သိပါတယ်။ မပြောတာဘဲ ရှိတာပါ။

 အချိန်မပေးနိုင်ရင်

ဟိုသွားမယ်ဆိုလည်း မအားဘူး။ ဒီသွားမယ်ဆိုလည်း မလိုက်ဘူး ဆိုတာမျိုးတွေပါ။ ဂိမ်းဆော့စရာရှိလို့ ဘယ်သူနဲ့ချိန်းထားသေးတယ် ဒီည ဘယ်ဘောလုံးပွဲလာမှာ ဆိုတာတွေပေါ့။ဘောလုံးပွဲက ကိုယ့်ချစ်သူထက်အရေးကြီးရင် ဘောလုံးသာ ဖက်အိပ်လိုက်ပါ။

ပိုက်ဆံမပေးနိုင်ရင် မုန့်ဟင်းခါးမစားပါနဲ့။အချိန်မပေးနိုင်ရင် ရည်းစားမထားပါနဲ့။အလှူတွေမှာ စတုဒီသာကျွေးရင် မုန့်ဟင်းခါးလည်း အလကား စားလို့ရတယ်ဆိုတဲ့သူတွေကို တစ်ခုလောက် မေးချင်ပါတယ်။ အချိန်မပေးနိုင်ဘဲ ရည်းစားထားရင်ကော ရှင်တို့လိုချင်တဲ့ မိန်းကလေးမျိုး ရရဲ့လားလို့။

 တစ်ယောက်တည်း ရုန်းကန်ရရင်

ချစ်သူတွေဖြစ်လာရင် တူနှစ်ကိုယ်ဘဝတော့ တည်ထောင်ချင်ကြတာချည်းပဲလေ။ မိန်းကလေးဘက်ကချည်း ရုန်းကန်နေရတဲ့အခါ အချစ်မခံရဘူး ထင်သွားနိုင်ပါတယ်။ အဲ့ဒီမှာ ပြဿနာစဖြစ်တော့တာပဲ။

 လိမ်ညာမှုတွေရှိလာရင်

သိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။ကိုယ့်ကို လိမ်ရင်ရော ကြိုက်လား။ ဒါပါပဲ။

ဂရုမစိုက်နိုင်ရင်

တစ်နေ့ကို ဖုန်းအခါ ငါးဆယ်လောက်ဆက်မက်ဆေ့တွေ ဗုန်းပေါလအော ပို့နေမှ ဂရုစိုက်တာ မဟုတ်ပါဘူး။တစ်နေ့လုံးနေလို့မှ စကားလေးတစ်ခွန်းမပြောဖြစ်ရင်တော့ ကိုယ့်အခြေအနေ ကိုယ်ကြိုတွေးထားပါ။

 တစ်ကိုယ်ကောင်းဆန်တတ်ရင်

ရှိပါတယ် အဲ့လိုယောက်ျားမျိုး။ စီးပွားတွက် တွက်တဲ့နေရာမှာ ယောက်ျားလေးတွေလည်း ပါပါတယ်။ သူ့ဘက်ပဲကြည့်နေတဲ့သူမျိုးဆို မိန်းကလေးတွေက ရွံလာရော။

ကိုယ့်ဘက်က ကြိုးစားပေမယ့် ဘာမှမထူးခြားရင်

ကိုယ်က ဒီယောက်ျားကို ချစ်လို့ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူးဆိုတာ သိလာရင် ပြတ်ဖို့ သေချာနေပါပြီ။

 ဘဝအတွက် သိသာတဲ့ ပြောင်းလဲမှုရှိလာရင်

ဒါမျိုးလည်းရှိပါတယ်။ ကိုယ့်ဘဝအတွက် အခွင့်အရေးကောင်းတွေ အလုပ်အကိုင်ကောင်းတွေက စောင့်နေတယ်။ ကိုယ့်ချစ်သူကလည်း ဘာမှ မထူးခြားဘူး (သုံးစားမရဘူးလို့ ပြောချင်တာပါ။) ဆိုရင်တော့ အဲ့ဒီမိန်းကလေးဟာ ဘာကိုရွေးသင့်သလဲ ဆိုတာကို ဦးနှောက်နဲ့ ဆုံးဖြတ်တတ်ပါတယ်။ ဒီနေရာမှာ နှလုံးသားကတော့ ရှုံးသွားတာပေါ့။

 ရေရှည်မှာ မကောင်းတာ ကြိုမြင်မိရင်

လူ့အကြောင်း ပေါင်းကြည့်မှသိပါတယ်။ အချိန်ကြာလာတာနဲ့ ဒီယောက်ျားဟာ ဘယ်လို ဆိုတာမျိုး သိသွားရင် ဝေးဝေးက ရှောင်သွားပါတယ်။

 အမူအကျင့်ရိုင်းစိုင်းရင်

စကားများတာနဲ့ ဆဲဆို အော်ဟစ်တာ၊ လက်ပါတတ်တာမျိုးတွေကို ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။ ရန်ဖြစ်တာနဲ့ သင့်ကောင်မလေးက သင့်ကို ပါးချည်းလှိမ့်ရိုက်ရင်ကော သင်ပြုံးပြုံးကြီး ခံနေမလား ဆိုတာ စဉ်းစားပါ။

မွေးကတည်းက ပါလာတဲ့ဦးနှောက်ကြီးက ဘာလုပ်ဖို့တုန်း။ သုံးပေါ့ ကြိုက်သလို။မိန်းကလေးတွေ ဦးနှောက်သုံးတဲ့အချိန်ကျရင် ယောက်ျားလေးတွေ လိုက်မမီပါဘူး။အစကတော့ ဒီမိန်းကလေးမှ မရရင် သေတော့ပါမယ်ဆိုတဲ့ ရုပ်တွေနဲ့ ရလည်း ရပြီးရော အချိုးတွေ ပြောင်းကုန်တာကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် သတိမထားမိပါဘူး။ အဲ့ဒါကို သတိထားမိတဲ့ မိန်းကလေးတွေက သေချာစဉ်းစား ဆုံးဖြတ်တဲ့ အချိန်ကျတော့မှ သူတို့ဘာပြောလဲသိလား။

” မင်းတို့မိန်းမတွေက သစ္စာမရှိဘူး ” တဲ့။

သစ္စာတရားဆိုတာ ထိုက်တန်တဲ့သူဆီမှာပဲ မြဲပါတယ်။
မိန်းမမရှားဘူးလို့ ကြွေးကြော်နေတဲ့ ယောက်ျားလေးတွေရော ရှင်တို့လိုချင်တဲ့မိန်းမမျိုး လိုက်ရှာကြည့်ပါလား။
ရူးတောင်သွားဦးမယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top