iMyanmarHouse.com - Best Property Website for Myanmar
×


ေန႔စဥ္ေနထုိင္မႈဘဝမွာ အထိုင္မ်ားလို႔ပဲျဖစ္ျဖစ္၊ အစားအေသာက္ကို မဆင္ျခင္ပဲ စားလို႔ပဲျဖစျ္ဖစ္ ေလးလံထိုင္းမိႈင္းျပီး အဆီေတြ တက္လာတတ္ပါတယ္။ ေလ့က်င့္ခနး္လုပ္ဖို႔ အခ်ိန္မေပးႏိုင္၊ ေငြကုန္ေၾကးက်မခံခ်င္တဲ့ ပ်ိဳေမတို႕အတြက္ မိမိအိမ္မွာပဲ ေလ့က်င့္ခနး္ေတြကုိ ျပဳလုပ္ႏိုင္ပါတယ္။

ခုေဖာ္ျပေပးမယ့္ေလ့က်င့္ခန္းေလးေတြကေတာ့ အရမး္ကုိ လြယ္ကူျပီး ထိေရာက္တဲ့ေလ့က်င့္ခန္းေလးေတြျဖစ္တာေၾကာင့္ ေန႔စဥ္ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ က်စ္လ်စ္ျပီး အဆီကငး္တဲ့ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ရမွာပါ။

(၁) ေနာက္ေက်ာ


ျပဳလုပ္ပံု

ၾကမး္ျ္မင္မွာ ေမွာက္လ်က္အေနအထားနဲ႔ေနရာယူလိုက္ပါ။
ေျခေထာက္နဲ႔လက္ေတြကိုဆန္႔ျပီး အေပၚကိုေျမွာက္လိုက္၊ ေအာက္ျပန္ခ်လိုက္ျပဳလုပ္ေပးရမွာပါ။
ဒီနည္းလမ္းကို အခါ၂၀ နဲ႔ ၃ ေခါက္ေက်ာ့ေပးရမွာျဖစ္ပါတယ္။

(၂) ေျခေထာက္

ျပဳလုပ္ပံု

ၾကမး္ျပင္မွာ တံေတာင္နဲ႔ ေျခေခ်ာင္းေလးေတြကိုေထာက္လုိက္ပါ။
ျပီးရင္ေတာ့ ခုန္ျပီး ထိုင္လိုက္နဂိုအေနအထားတိုင္းျပန္ေနလိုက္ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။
တစ္ခါလုပ္ရင္ ၁၀ ၾကိမ္နဲ႔ ၃ ခါလုပ္ေပးရမွာပါ။

(၃) ဗိုက္

ျပဳလုပ္ပံု

ဒီနည္းလမ္းေလးကေတာ့ ၾကမး္ျပင္မွာလွဲျပီး ေျခေထာက္ႏွစ္ဖက္ကို အေပၚေျမွာက္ေပးရမွာပါ။
လက္ကိုရင္ဘတ္မွာကပ္ျပီး ေခါငး္ကိုၾကြၾကြေပးရမွာျဖစ္ပါတယ္။
အခါ ၂၀ နဲ႔ ၃ ခါေက်ာ့ေပးရမွာပါ။

(၄) ဗိုက္

ျပဳလုပ္ပံု

ၾကမး္ျပင္မွာ အိပ္ျပီး ဘယ္ဖက္ဒူးကုိေကြးျပီး  ညာဖက္ေျခေထာက္ကိုတင္လိုက္ပါ။
ဘယ္ဖက္လက္ကို နားရြက္မွာကပ္ျပီး ဘယ္တံေတာင္နဲ႔ညာဖက္ဒူးကုိ ထိေပးရမွာျဖစ္ပါတယ္။
ဒီနည္းလမ္းေလးကို အခါ ၂၀ နဲ႔ ၃ခါေက်ာ့ေပးရမွာပါ။
(၅) လက္ေမာင္း

ျပဳလုပ္ပံု

ခံုႏွစ္လံုးေပၚကို သံေခ်ာင္း ဒါမွမဟုတ္ ခိုင္ခံ့တဲ့ ဝါးလံုး၊ တုတ္ေခ်ာင္းတစ္ခုတင္လိုက္ပါ။
ျပီးရင္ေတာ့ အဲဒီ့တုတ္ကိုကိုင္ျပီး ခႏၶာကိုယ္အေပၚပိုင္းကိုၾကြေပးရမွာျဖစ္ပါတယ္။
အခါ ၂၀ နဲ႔ ၃ေခါက္ေက်ာ့ေပးရမွာပါ။

Credit:Auntymay

# Unicode Version ျဖင့္ ဖတ္ပါ #

နေ့စဉ်နေထိုင်မှုဘဝမှာ အထိုင်များလို့ပဲဖြစ်ဖြစ်၊ အစားအသောက်ကို မဆင်ခြင်ပဲ စားလို့ပဲဖြြစ်ဖစ် လေးလံထိုင်းမှိုင်းပြီး အဆီတွေ တက်လာတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်၊ ငွေကုန်ကြေးကျမခံချင်တဲ့ ပျိုမေတို့အတွက် မိမိအိမ်မှာပဲ လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။

ခုဖော်ပြပေးမယ့်လေ့ကျင့်ခန်းလေးတွေကတော့ အရမ်းကို လွယ်ကူပြီး ထိရောက်တဲ့လေ့ကျင့်ခန်းလေးတွေဖြစ်တာကြောင့် နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျစ်လျစ်ပြီး အဆီကင်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ရမှာပါ။

(၁) နောက်ကျော

ပြုလုပ်ပုံ

ကြမ်းြ်မင်မှာ မှောက်လျက်အနေအထားနဲ့နေရာယူလိုက်ပါ။
ခြေထောက်နဲ့လက်တွေကိုဆန့်ပြီး အပေါ်ကိုမြှောက်လိုက်၊ အောက်ပြန်ချလိုက်ပြုလုပ်ပေးရမှာပါ။
ဒီနည်းလမ်းကို အခါ၂၀ နဲ့ ၃ ခေါက်ကျော့ပေးရမှာဖြစ်ပါတယ်။

(၂) ခြေထောက်

ပြုလုပ်ပုံ

ကြမ်းပြင်မှာ တံတောင်နဲ့ ခြေချောင်းလေးတွေကိုထောက်လိုက်ပါ။
ပြီးရင်တော့ ခုန်ပြီး ထိုင်လိုက်နဂိုအနေအထားတိုင်းပြန်နေလိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
တစ်ခါလုပ်ရင် ၁၀ ကြိမ်နဲ့ ၃ ခါလုပ်ပေးရမှာပါ။

(၃) ဗိုက်

ပြုလုပ်ပုံ

ဒီနည်းလမ်းလေးကတော့ ကြမ်းပြင်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်ပေးရမှာပါ။
လက်ကိုရင်ဘတ်မှာကပ်ပြီး ခေါင်းကိုကြွကြွပေးရမှာဖြစ်ပါတယ်။
အခါ ၂၀ နဲ့ ၃ ခါကျော့ပေးရမှာပါ။

(၄) ဗိုက်

ပြုလုပ်ပုံ

ကြမ်းပြင်မှာ အိပ်ပြီး ဘယ်ဖက်ဒူးကိုကွေးပြီး  ညာဖက်ခြေထောက်ကိုတင်လိုက်ပါ။
ဘယ်ဖက်လက်ကို နားရွက်မှာကပ်ပြီး ဘယ်တံတောင်နဲ့ညာဖက်ဒူးကို ထိပေးရမှာဖြစ်ပါတယ်။
ဒီနည်းလမ်းလေးကို အခါ ၂၀ နဲ့ ၃ခါကျော့ပေးရမှာပါ။
(၅) လက်မောင်း

ပြုလုပ်ပုံ

ခုံနှစ်လုံးပေါ်ကို သံချောင်း ဒါမှမဟုတ် ခိုင်ခံ့တဲ့ ဝါးလုံး၊ တုတ်ချောင်းတစ်ခုတင်လိုက်ပါ။
ပြီးရင်တော့ အဲဒီ့တုတ်ကိုကိုင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုကြွပေးရမှာဖြစ်ပါတယ်။
အခါ ၂၀ နဲ့ ၃ခေါက်ကျော့ပေးရမှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top