iMyanmarHouse.com - Best Property Website for Myanmar
×


ကမာၻႀကီးပူေႏြးလာတာကိုျမင္ၾကေတာ့ ေရခဲေတြအကုန္အရည္ေပ်ာ္သြားခဲ့ရင္ ဘာေတြျဖစ္လာမလဲဆိုတာ ေတြးစရာတစ္ခုျဖစ္လာပါတယ္။တစ္ခ်ိဳ႕ကလည္း ေျမျပင္အားလုံး ေရာက္ေအာက္ေရာက္သြားမယ္လို႔ခန႔္မွန္းထားၾကၿပီး တစ္ခ်ိဳ႕ကေတာ့ ေရခဲေတြအားလုံးအရည္ေပ်ာ္သြားတဲ့ ျဖစ္ရပ္မ်ိဳးျဖစ္မလာႏိုင္ဘူးလို႔ ယုံၾကည္ထားၾကပါတယ္။

ဒါေပမယ့္တကယ္လို႔သာ ေရခဲ ေတြအားလုံး အရည္ေပ်ာ္သြားခဲ့ရင္ ဘယ္လိုမ်ိဳးျဖစ္လာႏိုင္မလဲ ။လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ ေလာက္က အာတိတ္ ေရခဲျပင္ဟာ အခုလိုပုံသ႑ာန္မ်ိဳးမဟုတ္ပါဘူး။၁၉၄၅ ခုႏွစ္ထဲက အာတတ္ပင္ႏူဆူလာေရခဲျပင္မွ ၉၇ ရာခိုင္ႏႈန္းဟာ အရည္ေပ်ာ္က်သြားခဲ့ပါၿပီ ။ ရာစုႏွစ္တိုင္းမွာ ပင္လယ္ေရမ်က္ႏွာျပင္ဟာ ၁၃ ရာခိုင္ႏႈန္းေလာက္ျမင့္တက္လာေလ့ရွိပါတယ္။

၂၀၄၀ -၂၀၅၀ ေလာက္ဆိုရင္ေတာ့ အာတိတ္ သမုဒၵရာ က ေရခဲေတြအကုန္အရည္ေပ်ာ္က်သြားႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ခန႔္မွန္းထားပါတယ္။ေရခဲျပင္ေတြဟာ အျဖဴေရာင္ျဖစ္ေနတဲ့အတြက္ ေနရဲ႕အလင္းေရာင္ကို ေရာင္ျပန္ႏိုင္စြမ္းရွိတာေၾကာင့္ ဝင္႐ိုးစြန္းေဒသေတြမွာ ေအးေနရတာပါ ။ေရခဲေတြမရွိေတာ့တဲ့အခါ ဝင္႐ိုးစြန္းေဒသေတြမွာ ေႏြရာသီလို ပူျပင္းလာပါလိမ့္မယ္။


ဒါတင္မကေသးပါဘူး ။အာတိတ္ ေရခဲျပင္ဟာ မီသိန္းဓါတ္ေငြ႕ထုႀကီးခဲေနတဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္ ။ေရခဲေတြအရည္ေပ်ာ္သြားတဲ့အခါ မီသိန္းဓါတ္ေငြ႕ေတြေလထဲလြင့္ထြက္ၿပီး ကမာၻႀကီးကို ပူမိုပူေႏြးလာေစပါလိမ့္မယ္ ။ ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ ကမာၻ႔ေလထုကလည္း မားစ္ၿဂိဳလ္ေပၚကေလထုလို တျဖည္းျဖည္းပါးလႊာသြားၿပီး ပ်က္ဆီးသြားပါလိမ့္မယ္ ။ေရခဲေတြအလ်င္အျမန္အရည္ေပ်ာ္က်တဲ့အခါ ကမာၻေပၚကထုထည္အေျပာင္းအလဲေၾကာင့္ ငလ်င္ႀကီးေတြလႈပ္ခတ္လာႏိုင္ပါတယ္။

ေရခဲေတြအရည္ေပ်ာ္လာတာက ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ျဖစ္ၿပီး ကမာၻႀကီးပူေႏြးလာတာကေတာ့ ဖန္လုံအိမ္အာနိသင္ေၾကာင့္ပဲျဖစ္ပါတယ္ ။ဒါေၾကာင့္သဘာဝေဗဒပညာရွင္ေတြဟာ ဖန္လုံအိမ္အာနိသင္ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ စြမ္းအင္အသုံးျပဳမႈကို အတတ္ႏိုင္ဆုံးေခြၽတာဖို႔တြန္းအားေပးေနၾကတာပဲျဖစ္ပါတယ္။

Credit: Daily Hot News

# Unicode Version ျဖင့္ ဖတ္ပါ #

ကမ္ဘာကြီးပူနွေးလာတာကိုမြင်ကြတော့ ရေခဲတွေအကုန်အရည်ပျော်သွားခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးစရာတစ်ခုဖြစ်လာပါတယ်။တစ်ချို့ကလည်း မြေပြင်အားလုံး ရောက်အောက်ရောက်သွားမယ်လို့ခန့်မှန်းထားကြပြီး တစ်ချို့ကတော့ ရေခဲတွေအားလုံးအရည်ပျော်သွားတဲ့ ဖြစ်ရပ်မျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ထားကြပါတယ်။

ဒါပေမယ့်တကယ်လို့သာ ရေခဲ တွေအားလုံး အရည်ပျော်သွားခဲ့ရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ ။လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က အာတိတ် ရေခဲပြင်ဟာ အခုလိုပုံသဏ္ဍာန်မျိုးမဟုတ်ပါဘူး။၁၉၄၅ ခုနှစ်ထဲက အာတတ်ပင်နူဆူလာရေခဲပြင်မှ ၉၇ ရာခိုင်နှုန်းဟာ အရည်ပျော်ကျသွားခဲ့ပါပြီ ။ ရာစုနှစ်တိုင်းမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၁၃ ရာခိုင်နှုန်းလောက်မြင့်တက်လာလေ့ရှိပါတယ်။

၂၀၄၀ -၂၀၅၀ လောက်ဆိုရင်တော့ အာတိတ် သမုဒ္ဒရာ က ရေခဲတွေအကုန်အရည်ပျော်ကျသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ရေခဲပြင်တွေဟာ အဖြူရောင်ဖြစ်နေတဲ့အတွက် နေရဲ့အလင်းရောင်ကို ရောင်ပြန်နိုင်စွမ်းရှိတာကြောင့် ဝင်ရိုးစွန်းဒေသတွေမှာ အေးနေရတာပါ ။ရေခဲတွေမရှိတော့တဲ့အခါ ဝင်ရိုးစွန်းဒေသတွေမှာ နွေရာသီလို ပူပြင်းလာပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး ။အာတိတ် ရေခဲပြင်ဟာ မီသိန်းဓါတ်ငွေ့ထုကြီးခဲနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် ။ရေခဲတွေအရည်ပျော်သွားတဲ့အခါ မီသိန်းဓါတ်ငွေ့တွေလေထဲလွင့်ထွက်ပြီး ကမ္ဘာကြီးကို ပူမိုပူနွေးလာစေပါလိမ့်မယ် ။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့လေထုကလည်း မားစ်ဂြိုလ်ပေါ်ကလေထုလို တဖြည်းဖြည်းပါးလွှာသွားပြီး ပျက်ဆီးသွားပါလိမ့်မယ် ။ရေခဲတွေအလျင်အမြန်အရည်ပျော်ကျတဲ့အခါ ကမ္ဘာပေါ်ကထုထည်အပြောင်းအလဲကြောင့် ငလျင်ကြီးတွေလှုပ်ခတ်လာနိုင်ပါတယ်။

ရေခဲတွေအရည်ပျော်လာတာက ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာတာကတော့ ဖန်လုံအိမ်အာနိသင်ကြောင့်ပဲဖြစ်ပါတယ် ။ဒါကြောင့်သဘာဝဗေဒပညာရှင်တွေဟာ ဖန်လုံအိမ်အာနိသင်လျော့ချနိုင်ဖို့အတွက် စွမ်းအင်အသုံးပြုမှုကို အတတ်နိုင်ဆုံးချွေတာဖို့တွန်းအားပေးနေကြတာပဲဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top