iMyanmarHouse.com - Best Property Website for Myanmar
×


(၁) ေနတိုး ( မုန္းစြဲ )


ထပ္ဆင့္အကယ္ဒမီေနတိုးကေတာ့ ဒရမ္မာေရာ ဟာသေရာ ပိုင္နုိင္ျပီး ပရိသတ္ေတြကို ခ်စ္ခင္ရတဲ့ နာမည္ေက်ာ္မငး္သားတစ္လက္ျဖစ္သလို လတ္တေလာမွ ရံုတင္ထားတဲ့ မုန္းစြဲကားမွာ မုန္းစြဲစြဲျပီး အျငိဳးၾကီးတဲ့လူတစ္ေယာက္အျဖစ္ေရာ ၊ မိခင္ရဲ႕မုန္းစြဲေတြကို ကြ်တ္ေစခ်င္တဲ့ သံဃာတစ္ပါးအျဖစ္ေရာ ကာရိုက္တာ ၂မ်ိဳးနဲ႔အေကာင္းဆံုးသရုပ္ေဆာင္နုိင္ခဲ့တာပါ ။ ဒီဇာတ္ကားေလးမွာ ပရိသတ္အားေပးမႈအမ်ားဆံုးနဲ႔ အကယ္ဒမီမွန္းခံေနရတာျဖစ္ပါတယ္ ။

(၂) ျမင့္ျမတ္ ( ငဒူ )


ငဒူ ဇာတ္ကားေလးကေတာ့ ဥာဏ္ရည္မမီေပမယ့္ လူတုိင္းေပၚကူညီခ်င္တဲ့စိတ္ဓာတ္ေလးနဲ႔ ျဖဴစင္တဲ့ လူတစ္ေယာက္ရဲ႕ကာရိုက္တာ ကို ပီျပင္ေအာင္သရုပ္ေဆာင္ခဲ့တဲ့ ျမင့္ျမတ္ကေတာ့ ရုပ္ရွင္လာၾကည္႕တဲ့ ပရိသတ္တိုင္းကို မ်က္ရည္လည္ေစခဲ့တဲ့ သရုပ္ေဆာင္မႈေတြနဲ႔ဖမ္းစားခဲ့တာပါ ။ ရံုထဲက ထြက္လာတဲ့ သူတိုင္းမ်က္ရည္ေတြနဲ႔ထြက္လာရတဲ့ တကယ္ကိုေကာင္းတဲ့ ဒရမ္မာကားေလး တစ္ကားပါ ။ မႏွစ္က ဇာတ္ပို႕ဆုပဲရခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ဇာတ္ေဆာင္ဆုရဖို႕ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါျပီ ။

(၃) ဇဏ္ခီ ( မုျဒာရဲ႕ေခၚသံ )


ျမန္မာနုိင္ငံရဲ႕ ရုပ္ရွင္ေလာက ကို ေျပာင္းလဲေစသူလုိ႔ ပရိသတ္ေတြ အထင္ၾကီးေလးစားရတဲ့ ဇဏ္ခီကေတာ့ တကယ္ကိုေကာင္းမြန္တဲ့ရိုက္ခ်က္ေတြနဲ႔ ျမန္မာနုိင္ငံရဲ႕ အလွပေတြ အထင္ကရ ေနရာေတြကို ကမၻာကသိေအာင္ အေကာငး္ဆံုး ရိုက္ကူးပံုေဖာ္ခဲ့တဲ့ မုျဒာရဲ႕ေခၚသံကားနဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲက အကယ္ဒမီကိုရရွိျပီးသားဆုိေပမယ့္ ရုပ္ရွင္အစည္းရံုးကေပးတဲ့ ရုပ္ရွင္အကယ္ဒမီထူးခြ်န္ဆုကိိုေရာ ရမလားဆိုတာေတာ့ ရင္ခုန္စရာပါပဲ ။

(၄) အလင္းေရာင္ ( ကာဗြန္ဒိုင္ေအာက္ဆိုက္ )


ပ်ိဳတုိင္းၾကိဳက္တဲ့ ႏွင္းဆီခုိင္ေလး အလင္းေရာင္ကေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ကားထဲမွာ သူခ်စ္တဲ့မိန္းကေလးကိုရဖို႕ ေအာက္လမ္းနည္းေတြသံုးျပီး ၾကိဳးစားခဲ့တဲ့ ဗီလိန္ေနရာကေန ထူးထူးျခားျခား သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။တက္သစ္စ လူငယ္သရုပ္ေဆာင္ေလးဆိုေပမယ့္ သူ႕ရဲ႕ပီျပင္တဲ့သရုပ္ေဆာင္မႈေတြေၾကာင့္ ဒီကားေလးနဲ႔အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္ ဆု ကို ဆန္ကာတင္ေရြးခ်ယ္ခံခဲ့ရတာပါ ။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

(၁) နေတိုး ( မုန်းစွဲ )

ထပ်ဆင့်အကယ်ဒမီနေတိုးကတော့ ဒရမ်မာရော ဟာသရော ပိုင်နိုင်ပြီး ပရိသတ်တွေကို ချစ်ခင်ရတဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်သလို လတ်တလောမှ ရုံတင်ထားတဲ့ မုန်းစွဲကားမှာ မုန်းစွဲစွဲပြီး အငြိုးကြီးတဲ့လူတစ်ယောက်အဖြစ်ရော ၊ မိခင်ရဲ့မုန်းစွဲတွေကို ကျွတ်စေချင်တဲ့ သံဃာတစ်ပါးအဖြစ်ရော ကာရိုက်တာ ၂မျိုးနဲ့အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာပါ ။ ဒီဇာတ်ကားလေးမှာ ပရိသတ်အားပေးမှုအများဆုံးနဲ့ အကယ်ဒမီမှန်းခံနေရတာဖြစ်ပါတယ် ။

(၂) မြင့်မြတ် ( ငဒူ )

ငဒူ ဇာတ်ကားလေးကတော့ ဉာဏ်ရည်မမီပေမယ့် လူတိုင်းပေါ်ကူညီချင်တဲ့စိတ်ဓာတ်လေးနဲ့ ဖြူစင်တဲ့ လူတစ်ယောက်ရဲ့ကာရိုက်တာ ကို ပီပြင်အောင်သရုပ်ဆောင်ခဲ့တဲ့ မြင့်မြတ်ကတော့ ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တိုင်းကို မျက်ရည်လည်စေခဲ့တဲ့ သရုပ်ဆောင်မှုတွေနဲ့ဖမ်းစားခဲ့တာပါ ။ ရုံထဲက ထွက်လာတဲ့ သူတိုင်းမျက်ရည်တွေနဲ့ထွက်လာရတဲ့ တကယ်ကိုကောင်းတဲ့ ဒရမ်မာကားလေး တစ်ကားပါ ။ မနှစ်က ဇာတ်ပို့ဆုပဲရခဲ့ပေမယ့် ဒီနှစ်မှာတော့ ဇာတ်ဆောင်ဆုရဖို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါပြီ ။

(၃) ဇဏ်ခီ ( မုဒြာရဲ့ခေါ်သံ )

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောက ကို ပြောင်းလဲစေသူလို့ ပရိသတ်တွေ အထင်ကြီးလေးစားရတဲ့ ဇဏ်ခီကတော့ တကယ်ကိုကောင်းမွန်တဲ့ရိုက်ချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ အလှပတွေ အထင်ကရ နေရာတွေကို ကမ္ဘာကသိအောင် အကောင်းဆုံး ရိုက်ကူးပုံဖော်ခဲ့တဲ့ မုဒြာရဲ့ခေါ်သံကားနဲ့ ပရိသတ်တွေရဲ့ရင်ထဲက အကယ်ဒမီကိုရရှိပြီးသားဆိုပေမယ့် ရုပ်ရှင်အစည်းရုံးကပေးတဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုရော ရမလားဆိုတာတော့ ရင်ခုန်စရာပါပဲ ။

(၄) အလင်းရောင် ( ကာဗွန်ဒိုင်အောက်ဆိုက် )

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး အလင်းရောင်ကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ကားထဲမှာ သူချစ်တဲ့မိန်းကလေးကိုရဖို့ အောက်လမ်းနည်းတွေသုံးပြီး ကြိုးစားခဲ့တဲ့ ဗီလိန်နေရာကနေ ထူးထူးခြားခြား သရုပ်ဆောင်ထားတာဖြစ်ပါတယ်။တက်သစ်စ လူငယ်သရုပ်ဆောင်လေးဆိုပေမယ့် သူ့ရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီကားလေးနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင် ဆု ကို ဆန်ကာတင်ရွေးချယ်ခံခဲ့ရတာပါ ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top