iMyanmarHouse.com - Best Property Website for Myanmar
×














Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်တွေကို အမြဲတမ်းရယ်မောပျော်ရွှင်စရာတွေ ဖန်တီးပေးခဲ့တဲ့ လူရွှင်တော်ဟာသသရုပ်ဆောင် ဦးကင်ကောင် ကတော့ သူချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာလောကို အပြီးအပိုင်ကျောခိုင်းသွားပါပြီ။ဦးကင်းကောင်ဟာ ဇန်နဝါရီ (၂၂) ရက်နေ့ မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ပုပ္ပါးမှာ ဇာတ်လမ်းတွဲရိုက်ရင်းနဲ့ ကွယ်လွန်သွားတာလို့ သိရပါ တယ်။ဒီသတင်းကြောင့် အနုပညာရှင်တွေရဲ့ ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်နေကြပါတယ်။

ဦးကင်းနဲ့ဆိုရင် ရဲဘော်ရဲဖက်တစ်ယောက်လို အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ဟာသသရုပ်ဆောင် ဦးဖိုးဖြူရဲ့ fb မှာတော့ ဦးကင်းကောင်ကွယ်လွန် သွားတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အခုလိုတင်ထားပါတယ်။

“အချစ်ဆုံးရဲဘော်ရဲဘက်ကြီးသွားနှင့်တော့ကွာကောင်းရာဘုံဘဝမှာပြန်ဆုံကြတာပေါ့ ၂၂/ ၁ /၂၀၁၉ နံနက် ၇ နာရီ…………..” ဆိုပြီး တင်ထားပါတယ်။

သရုပ်ဆောင် လူမင်းကလည်း…”ဦးကင်းရေ ကောင်းရာ သုဂတိလားပါစေ…” ဆိုပြီး ဆုတောင်း ပေးထားပါတယ်။

မင်းသား ကျော်ကျော်ဗိုရဲ့ အကောင့်မှာလည်း……..”“ကိုကင်းကောင်”ကောင်းရာသုဂတိလားပါစေ…………” ဆိုပြီး တင်ထားပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းကလည်း …

“ကောင်းရာဘုံဘဝမှာငြိမ်းချမ်းပျော်ရွှင်ပါစေခင်မျာ
ဝမ်းနည်းပါတယ် ဦးကင်းရေ……………….” ဆိုပြီး ဦးကင်းအတွက် ဝမ်းနည်းစကားဆိုထားပါတယ်။

သရုပ်ဆောင် နိုင်လူကလည်း…

“သရုပ်ဆောင်.ဦးကင်းကောင်
စိတ်ထားကောင်းသောအကိုကြီး
ကောင်းမွန်သောဘုံဘဝမှာ
ပျော်ရွှင်ပါစေ

မိသားစုနှင့်ထပ်တူခံစားရပါကြောင်း……………………..” ဆိုပြီး ဝမ်းနည်းကြောင်းတင်ထားပါတယ်
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top