iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော်သရုပ်ဆောင်နှင့်အဆိုတော် ချစ်သုဝေက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာရပ်တည်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ လက်ထပ်ခဲ့ပြီးနောက် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ဦးကို မွေးဖွားထားတာဖြစ်ပါတယ်။

ချစ်သုဝေရဲ့ သမီးလေးနှစ်ဦးဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ (၂)နှစ်ပြည့် မွေးနေ့အထိန်းအမှတ်အနေနဲ့ ချစ်သုဝေရဲ့ဖခင်က “အနှစ်” ဆိုတဲ့ ပန်းချီပြပွဲလေးကို ကျင်းပပေးခဲ့ပါတယ်။ ထိုပြပွဲလေးကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အလှသစ်ပန်းချီပြခန်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်သုဝေက သမီးလေး ခေတ်နဲ့သစ်တို့နဲ့အတူတူ “အနှစ်” ပန်းချီပြပွဲလေးကို သွားရောက်ကြည့်ရှုပေးခဲ့ရင်း Live လွှင့်ကာ ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။  ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပရိသတ်တွေလဲ ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်တို့ရဲ့ “အနှစ်” ပြပွဲမှ ပုံရိပ်လေးတွေကို သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top