iMyanmarHouse.com - Best Property Website for Myanmar
×


အသက္ ၂၇ ႏွစ္ျပည့္ ေမြးေန႔ မတိုင္ခင္ အလႉအတန္းေတြ ဆက္တိုက္လုပ္ခဲ့တဲ့ ေနျခည္ဦးက ‘’ေခတ္သစ္ ေဖာင္ေဒးရွင္း’’ မွာလည္း အလႉေငြသိန္း၅၀ လႉခဲ့ပါေသးတယ္တဲ့။ေနျခည္ဦးက ဇန္နဝါရီလ ၂၅ ရက္ေန႔မွာပဲ အသက္ ၂၇ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ သူမဟာ ေမြးေန႔မတိုင္ခင္မွာ အလႉအတန္းေတြအမ်ားႀကီး လုပ္ခဲ့သူပါ။ အဲဒီေနာက္ ေခတ္သစ္ေဖာင္ေဒးရွင္း ကိုလည္း အလႉေငြက်ပ္ သိန္း ၅၀ လႉခဲ့တယ္လို႔ သိရပါတယ္။

‘’ အလႉရွင္ မေနျခည္ဦး မွ ေမြးေန႔အလႉအျဖစ္ ေခတ္သစ္ေဖာင္ေဒးရွင္းသို႔ အလႉေငြ သိန္းငါးဆယ္က်ပ္တိတိအား လႉဒါန္းသည္ကို ေက်းဇူးတင္စြာ လက္ခံရရွိပါသည္။ေမြးေန႔ရွင္ မေနျခည္ဦး စိတ္၏ခ်မ္းသာျခင္း ၊ ကိုယ္၏ က်န္း မာျခင္း မ်ားႏွင့္ ျပည့္စုံပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းအပ္ပါသည္’’ ဆိုၿပီးေတာ့ ေခတ္သစ္ေဖာင္ေဒးရွင္း Facebook Page ကေန ဇန္နဝါရီလ ၂၅ ရက္ေန႔ မနက္ ၈ နာရီ ၄၅ က ေရးသားထားတာ ေတြ႕ရပါတယ္။


ေနျခည္ဦးက ေမြးေန႔ရက္ မတိုင္ခင္မွာလည္း အလႉအတန္းေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ ဇန္နဝါရီလ ၂၂ ရက္ေန႔က လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာ တံတားအဆင္း၊ အလယ္႐ြာမွာရွိတဲ့ ေအာင္ေဇယ်ာမင္း ပရိယတၱိစာသင္တိုက္ က ကေလးငယ္ ၂၅၁၅ ဦးအတြက္ အလႉအတန္းေတြလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာေတာ့ သစ္တံခါးေက်ာင္းတိုက္မွာ ထမင္း၊ဟင္း အလႉေတြ အျပင္ တျခား လႉဖြယ္ဝတၳဳအစုစု တို႔ကိုလည္း လႉဒါန္းခဲ့တာကို ေတြ႕ရပါတယ္။


ေနျခည္ဦးဟာ ဇန္နဝါရီလ ၂၄ ရက္ေန႔ ညမွာေတာ့ မိသားစု၊ သူငယ္ခ်င္း၊ မိတ္ေဆြ ေတြနဲ႔ အတူ SEEDS Restaurant & Lounge မွာ ေမြးေန႔ ပါတီေလးကို က်င္းပျပဳလုပ္ခဲ့ပါေသးတယ္။ အဲဒီေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာေတာ့ မယ္သီလရွင္ ဝတ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ေနျခည္ဦးဟာ လက္ရွိမွာ ဒါ႐ိုက္တာမင္းဦး႐ိုက္ကူးတဲ့ ‘’ကိုယ္ပြား’’ ႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးေ ရးအတြက္ ေတာင္ႀကီးၿမိဳ႕ကို ေရာက္ရွိေနတာျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ကူးၿပီးခ်ိန္မွသာ သီလရွင္ဝတ္သြားမယ္လို႔ သိရပါတယ္။ သူမကို Beauty Blogger အေနနဲ႔ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲ့ဒီေနာက္ ပထမဦးဆုံး အေနနဲ႔ ရန္သူ ႐ုပ္ရွင္ဇာတ္ကားႀကီးကေန တဆင့္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။


Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အသက် ၂၇ နှစ်ပြည့် မွေးနေ့ မတိုင်ခင် အလှူအတန်းတွေ ဆက်တိုက်လုပ်ခဲ့တဲ့ နေခြည်ဦးက ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ မှာလည်း အလှူငွေသိန်း၅၀ လှူခဲ့ပါသေးတယ်တဲ့။နေခြည်ဦးက ဇန်နဝါရီလ ၂၅ ရက်နေ့မှာပဲ အသက် ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမဟာ မွေးနေ့မတိုင်ခင်မှာ အလှူအတန်းတွေအများကြီး လုပ်ခဲ့သူပါ။ အဲဒီနောက် ခေတ်သစ်ဖောင်ဒေးရှင်း ကိုလည်း အလှူငွေကျပ် သိန်း ၅၀ လှူခဲ့တယ်လို့ သိရပါတယ်။

‘’ အလှူရှင် မနေခြည်ဦး မှ မွေးနေ့အလှူအဖြစ် ခေတ်သစ်ဖောင်ဒေးရှင်းသို့ အလှူငွေ သိန်းငါးဆယ်ကျပ်တိတိအား လှူဒါန်းသည်ကို ကျေးဇူးတင်စွာ လက်ခံရရှိပါသည်။မွေးနေ့ရှင် မနေခြည်ဦး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်း မာခြင်း များနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်’’ ဆိုပြီးတော့ ခေတ်သစ်ဖောင်ဒေးရှင်း Facebook Page ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီ ၄၅ က ရေးသားထားတာ တွေ့ရပါတယ်။

နေခြည်ဦးက မွေးနေ့ရက် မတိုင်ခင်မှာလည်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ တံတားအဆင်း၊ အလယ်ရွာမှာရှိတဲ့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက် က ကလေးငယ် ၂၅၁၅ ဦးအတွက် အလှူအတန်းတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ သစ်တံခါးကျောင်းတိုက်မှာ ထမင်း၊ဟင်း အလှူတွေ အပြင် တခြား လှူဖွယ်ဝတ္ထုအစုစု တို့ကိုလည်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

နေခြည်ဦးဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညမှာတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ အတူ SEEDS Restaurant & Lounge မှာ မွေးနေ့ ပါတီလေးကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မယ်သီလရှင် ဝတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နေခြည်ဦးဟာ လက်ရှိမှာ ဒါရိုက်တာမင်းဦးရိုက်ကူးတဲ့ ‘’ကိုယ်ပွား’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးေ ရးအတွက် တောင်ကြီးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးပြီးချိန်မှသာ သီလရှင်ဝတ်သွားမယ်လို့ သိရပါတယ်။ သူမကို Beauty Blogger အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် ပထမဦးဆုံး အနေနဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top