iMyanmarHouse.com - Best Property Website for Myanmar
×


စိုင္းစိုင္းဟာ ဂီတဖန္တီးမႈေတြကို ေမြးဖြားေပးခဲ့တဲ့ ေက်ာင္းေတာ္ႀကီးရဲ႕ ဂီတေဖ်ာ္ေျဖပြဲမွာ ပါဝင္သီဆိုရတဲ့အတြက္ ဝမ္းသာမဆုံးျဖစ္လို႔ေနပါတယ္။

စိုင္းစိုင္းခမ္းလႈိင္က YUFL ရဲ႕ ၅၅ ႏွစ္ေျမာက္ ဂီတေဖ်ာ္ေျဖပြဲမွာ ပါဝင္သီဆိုခဲ့ရတဲ့ ခံစားခ်က္ေတြကို ေျပာျပလာပါတယ္။ ဒီေက်ာင္းဟာ သူ႔အတြက္ ဂီတဖန္တီးမႈေတြ ေမြးဖြားခဲ့တဲ့ ေနရာျဖစ္တယ္လို႔ ဆိုပါတယ္။



‘’မေန႔က ေက်ာင္းေမြးေန႔ကိုသြားခဲ့တယ္။ ကြၽန္ေတာ္ အကူအညီေတာင္းလို႔ ဘန္နီနဲ႔ ဂ်ီဖက္လည္း လာေရာက္ေဖ်ာ္ေျဖေပးခဲ့ပါတယ္။ YUFL ဟာ ကြၽန္ေတာ့္ကို အဂၤလိပ္စာသင္ေပးခဲ့တဲ့ေနရာသာမက သီခ်င္းေတြ အမ်ားႀကီးေရးဖို႔ ခံစားခ်က္ေတြ ေမြးဖြားေပးခဲ့တဲ့ေနရာလည္း ျဖစ္ပါတယ္။ မေန႔က ေပ်ာ္စရာေကာင္းတဲ့ ေဖ်ာ္ေျဖပြဲ ပုံရိပ္ေတြကို အမွတ္တရ မွတ္တမ္းတင္ပါတယ္’’ ဆိုၿပီးေတာ့ ဇန္နဝါရီ္လ ၁၈ ရက္ေန႔ မနက္ ၁၁ နာရီ မိနစ္ ၂၀ က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ဂီတေလာကရဲ႕ ထိပ္ဆုံးမွာ ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ေနတဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္က ေဖ့စ္ဘြတ္ေပ့ခ်္မွာ ပရိသတ္ ၈ သန္း ေက်ာ္ကို ပိုင္ဆိုင္ထားတဲ့သူျဖစ္ပါတယ္။ သူ႔ကို အားေပးခ်စ္ခင္ေနၾကတဲ့ ပရိသတ္ေတြအတြက္လည္း ဒီ့ထက္ပိုႀကိဳးစားသြားဦးမယ္လို႔ ဆိုပါတယ္။


စိုင္းစိုင္းရဲ႕ Instagram မွာေတာ့ အားေပး သူ ပရိသတ္ေပါင္း ၄ သိန္း ၇ ေသာင္းေက်ာ္ ရွိတာကို ေတြ႕ ရပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ဟာ သူ႔ရဲ႕ ကိုယ္ပိုင္ Instagram အေကာင့္မွာလည္း အႏုပညာလႈပ္ရွားမႈေတြအေၾကာင္းကို တင္ေလ့ရွိပါတယ္။

စိုင္းစိုင္းဟာ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္လို႔ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frezon Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလို SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။


Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

စိုင်းစိုင်းဟာ ဂီတဖန်တီးမှုတွေကို မွေးဖွားပေးခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ ဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုရတဲ့အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က YUFL ရဲ့ ၅၅ နှစ်မြောက် ဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခဲ့ရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ ဒီကျောင်းဟာ သူ့အတွက် ဂီတဖန်တီးမှုတွေ မွေးဖွားခဲ့တဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။

‘’မနေ့က ကျောင်းမွေးနေ့ကိုသွားခဲ့တယ်။ ကျွန်တော် အကူအညီတောင်းလို့ ဘန်နီနဲ့ ဂျီဖက်လည်း လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ YUFL ဟာ ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးခဲ့တဲ့နေရာသာမက သီချင်းတွေ အများကြီးရေးဖို့ ခံစားချက်တွေ မွေးဖွားပေးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ မနေ့က ပျော်စရာကောင်းတဲ့ ဖျော်ဖြေပွဲ ပုံရိပ်တွေကို အမှတ်တရ မှတ်တမ်းတင်ပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီ်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ် ၈ သန်း ကျော်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။

စိုင်းစိုင်းရဲ့ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top