iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြႏု္ပ္တုိ႕လူအမ်ားစုသည္ အစာအဆိပ္သင့္တာကို တႀကိမ္တခါေတာ့ ခံစားဖူးႀကပါတယ္။ ဘတ္တီးရီးယားမ်ား၊ ဗုိင္းရပ္စ္ပိုးမ်ား သို႕မဟုတ္ အစားအေသာက္မ်ားထဲမွ အျခားေသာအဆိပ္အေတာက္မ်ားေႀကာင့္ အစာအဆိပ္သင့္ျခင္းျဖစ္ေပၚလာရတာပါ။ သူ႕ရဲ႕လကၡဏာရပ္ေတြကေတာ့ မအီမသာျဖစ္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မူးေ၀ျခင္း၊ ၀မ္းဗိုက္ႀကြက္တက္ျခင္းႏွင့္ ၀မ္းသြားျခင္းတို႕ပဲျဖစ္ပါတယ္။

အစာအဆိပ္သင့္သည့္ ေ၀ဒနာကိုခံစားေနရခ်ိန္မွာ ခႏၶာကိုယ္သည္ ပံုမွန္အခ်ိန္ထက္ ေရကိုပိုမိုဆံုးရံႈးႏုိင္ဖုိ႕ အခြင့္အလမ္းမ်ားပါတယ္။ သည့္အတြက္ အဆိပ္အေတာက္မ်ားကိုဖယ္ရွားပစ္ရန္အတြက္ ေရမ်ားမ်ားေသာက္ေပးရန္လုိအပ္ပါတယ္။

ဒါေႀကာင့္ ကိုယ့္အိမ္တြင္းရွိ မီးဖိုေခ်ာင္မွ အိမ္သံုးဟင္းခ်က္ဖြယ္ရာမ်ားကို အသံုးၿပဳၿပီး အစာအဆိပ္သင့္တာကို သက္သာရာရေစဖုိ႕ လုပ္ေဆာင္ႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ ဂ်င္း

ရင္ပူျခင္း၊ မူးေ၀ျခင္းႏွင့္ အစာအဆိပ္သင့္သည့္ျပႆမ်ားကို သက္သာေစရန္အတြက္ ဂ်င္းလက္ဖက္ရည္ႀကမ္းတစ္ခြက္ကို ေန႕လည္စာ သို႕မဟုတ္ ညစာစားၿပီးေနာက္ ေသာက္သံုးေပးပါ။

ေထာင္းက်ိတ္ထားေသာ ဂ်င္းတစ္ဇြန္းခန္႕ကို ေရတစ္ခြက္ထဲထည့္ၿပီး မိနစ္အနည္းငယ္မွ် က်ိဳေပးပါ။ ၿပီးလွ်င္ သႀကား သို႕မဟုတ္ ပ်ားရည္အတန္ငယ္ထည့္ၿပီး ေသာက္သံုးေပးႏုိင္ပါတယ္။

၂။ ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းကို ေရေႏြးပူပူတစ္ခြက္ထဲ ေရာၿပီး အစာမစားခင္ေသာက္သံုးေပးပါ။

၃။ သံပုယိုသီး

သံပုယိုသီးတြင္ပါ၀င္သည့္ အခ်ဥ္ဓာတ္သည္ အစာအဆိပ္သင့္မႈကို ျဖစ္ေပၚေစသည့္ ဘတ္တီးရီးယားမ်ားကို ေသေစႏုိင္ပါတယ္။ သံပုယိုရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို သႀကားအနည္းငယ္ထည့္ၿပီး တေန႕လွ်င္ ႏွစ္ႀကိမ္မွ သံုးႀကိမ္ေသာက္သံုးေပးပါ။

၄။ ပင္စိမ္း

ပင္စိမ္းအရြက္အနည္းငယ္မွ ရရွိလာသည့္ အရည္ကို ပ်ားရည္တစ္ဇြန္းႏွင့္ ေရာစပ္ၿပီး တေန႕လွ်င္ မႀကာခဏစားသံုးေပးႏုိင္ပါတယ္။ ႀကိဳက္ႏွစ္သက္ပါက နံနံပင္အရည္ကိုလည္း ထည့္သြင္းေပးႏုိင္ပါတယ္။

၅။ ႀကက္သြန္ျဖဴ

၀မ္းသြားျခင္း၊ ၀မ္းဗုိက္ႀကြက္သားနာက်င္ျခင္းစသည့္ ျပႆနာမ်ားကိုပါ သက္သာေစသည့္ ႀကက္သြန္ျဖဴကို တစ္စိတ္၀ါးစားၿပီး ေရႏွင့္မ်ိဳခ်ေပးပါ။ ႀကက္သြန္ျဖဴအနံ႕ကိုခံႏုိင္ရည္ရွိတယ္ဆိုရင္ေတာ့ ႀကက္သြန္ျဖဴအရည္ကို စမ္းေသာက္ႀကည့္ပါ။

၆။ ငွက္ေပ်ာသီး

အစာေျခရလြယ္ကူသည့္ ငွက္ေပ်ာသီးတစ္လံုးကို စားသံုးေပးျခင္းကပင္ အားအင္ျပန္လည္ျဖည့္တင္းဖို႕ ကူညီေပးႏုိင္ပါတယ္။ မွည့္၀င္းေနေသာငွက္ေပ်ာသီးကို စားေပးျခင္း သို႕မဟုတ္ ေဖ်ာ္ရည္ေသာက္ျခင္းတို႕ကို ျပဳလုပ္ေပးႏုိင္ပါတယ္။

၇။ ပ်ားရည္

Antifungal ႏွင့္ Antibacterial အစြမ္းသတၱိမ်ားပါ၀င္သည့္ ပ်ားရည္တစ္ဇြန္းကို တေန႕လွ်င္သံုးႀကိမ္စားသံုးေပးျခင္းက အစာအိမ္မသက္မသာျဖစ္ျခင္းကို ကုသေပးႏုိင္ပါတယ္။ အစာအိမ္အတြင္း အက္စစ္ဓာတ္လြန္ကဲမႈကိုလည္း ထိန္းသိမ္းေပးႏုိင္တာေႀကာင့္ ငွက္ေပ်ာသီးကို စားသံုးေပးပါ။


Credit: MyHealth Myanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွနု်ပ်တို့လူအများစုသည် အစာအဆိပ်သင့်တာကို တကြိမ်တခါတော့ ခံစားဖူးကြပါတယ်။ ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ သို့မဟုတ် အစားအသောက်များထဲမှ အခြားသောအဆိပ်အတောက်များကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်လာရတာပါ။ သူ့ရဲ့လက္ခဏာရပ်တွေကတော့ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဝမ်းဗိုက်ကြွက်တက်ခြင်းနှင့် ဝမ်းသွားခြင်းတို့ပဲဖြစ်ပါတယ်။

အစာအဆိပ်သင့်သည့် ဝေဒနာကိုခံစားနေရချိန်မှာ ခန္ဓာကိုယ်သည် ပုံမှန်အချိန်ထက် ရေကိုပိုမိုဆုံးရှုံးနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ သည့်အတွက် အဆိပ်အတောက်များကိုဖယ်ရှားပစ်ရန်အတွက် ရေများများသောက်ပေးရန်လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ့်အိမ်တွင်းရှိ မီးဖိုချောင်မှ အိမ်သုံးဟင်းချက်ဖွယ်ရာများကို အသုံးပြုပြီး အစာအဆိပ်သင့်တာကို သက်သာရာရစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ ဂျင်း

ရင်ပူခြင်း၊ မူးဝေခြင်းနှင့် အစာအဆိပ်သင့်သည့်ပြဿများကို သက်သာစေရန်အတွက် ဂျင်းလက်ဖက်ရည်ကြမ်းတစ်ခွက်ကို နေ့လည်စာ သို့မဟုတ် ညစာစားပြီးနောက် သောက်သုံးပေးပါ။

ထောင်းကျိတ်ထားသော ဂျင်းတစ်ဇွန်းခန့်ကို ရေတစ်ခွက်ထဲထည့်ပြီး မိနစ်အနည်းငယ်မျှ ကျိုပေးပါ။ ပြီးလျှင် သကြား သို့မဟုတ် ပျားရည်အတန်ငယ်ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေနွေးပူပူတစ်ခွက်ထဲ ရောပြီး အစာမစားခင်သောက်သုံးပေးပါ။

၃။ သံပုယိုသီး

သံပုယိုသီးတွင်ပါဝင်သည့် အချဉ်ဓာတ်သည် အစာအဆိပ်သင့်မှုကို ဖြစ်ပေါ်စေသည့် ဘတ်တီးရီးယားများကို သေစေနိုင်ပါတယ်။ သံပုယိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သကြားအနည်းငယ်ထည့်ပြီး တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးပေးပါ။

၄။ ပင်စိမ်း

ပင်စိမ်းအရွက်အနည်းငယ်မှ ရရှိလာသည့် အရည်ကို ပျားရည်တစ်ဇွန်းနှင့် ရောစပ်ပြီး တနေ့လျှင် မကြာခဏစားသုံးပေးနိုင်ပါတယ်။ ကြိုက်နှစ်သက်ပါက နံနံပင်အရည်ကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။

၅။ ကြက်သွန်ဖြူ

ဝမ်းသွားခြင်း၊ ဝမ်းဗိုက်ကြွက်သားနာကျင်ခြင်းစသည့် ပြဿနာများကိုပါ သက်သာစေသည့် ကြက်သွန်ဖြူကို တစ်စိတ်ဝါးစားပြီး ရေနှင့်မျိုချပေးပါ။ ကြက်သွန်ဖြူအနံ့ကိုခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ကြက်သွန်ဖြူအရည်ကို စမ်းသောက်ကြည့်ပါ။

၆။ ငှက်ပျောသီး

အစာခြေရလွယ်ကူသည့် ငှက်ပျောသီးတစ်လုံးကို စားသုံးပေးခြင်းကပင် အားအင်ပြန်လည်ဖြည့်တင်းဖို့ ကူညီပေးနိုင်ပါတယ်။ မှည့်ဝင်းနေသောငှက်ပျောသီးကို စားပေးခြင်း သို့မဟုတ် ဖျော်ရည်သောက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

၇။ ပျားရည်

Antifungal နှင့် Antibacterial အစွမ်းသတ္တိများပါဝင်သည့် ပျားရည်တစ်ဇွန်းကို တနေ့လျှင်သုံးကြိမ်စားသုံးပေးခြင်းက အစာအိမ်မသက်မသာဖြစ်ခြင်းကို ကုသပေးနိုင်ပါတယ်။ အစာအိမ်အတွင်း အက်စစ်ဓာတ်လွန်ကဲမှုကိုလည်း ထိန်းသိမ်းပေးနိုင်တာကြောင့် ငှက်ပျောသီးကို စားသုံးပေးပါ။


Credit: MyHealth Myanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top