iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ကၽြတ္တ့ဲျပႆနာဟာ ဒီကေန႔ အမ်ိဳးသားေရာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ရင္ဆိုင္ႀကံဳေတြ႕ေနရတဲ့ ျပႆနာတစ္ခုပါပဲ။ ဆံပင္က်န္းမာေရးအတြက္ဆိုရင္ သင္စားတဲ့အစားအစာေတြကိုလည္း ဂရုစုိက္ဖို႔လိုအပ္ပါတယ္။

ပံုမွန္ဆိုရင္ ကၽြန္မတို႔လူသားေတြကို တစ္ေန႔ကို ဆံပင္ အေခ်ာင္း ၁၀၀ ေလာက္ထိ ကၽြတ္ၾကပါတယ္။ ဒါဆိုရင္ေတာ့ ဆံပင္အမ်ားႀကီးကၽြတ္တတ္တဲ့သူဆိုရင္ ပိုဆိုးမယ္ေနာ္။

ဒါ့ေၾကာင့္ သင့္ဦးေရျပားနဲ႔ ဆံပင္အျမစ္ သန္စြမ္းဖို႔အတြက္ အရမ္းအေရးႀကီးပါတယ္။ အဲဒီအတြက္ အုန္းေရနဲ႔ သံပုယိုသီးကို ေပါင္းစပ္ၿပီး ေျဖရွင္းလို႔ရပါတယ္။

ပါဝင္ပစၥည္း

အုန္းေရ တစ္ခြက္

သံပုယိုသီးတစ္လံုး (အရည္ညွစ္ပါ)

ျပင္ဆင္ျခင္း

ပါဝင္ပစၥည္းအားလံုးကို ေရာလိုက္ၿပီး စပေရးဘူး အလြတ္ထဲ ထည့္ထားလိုက္ပါ။

ေခါင္းမေလွ်ာ္ခင္မွာ ဆံပင္ကို ခြဲၿပီး ဆံပင္အျမစ္နဲ႔ ဦးေရျပားကို ေစာေစာကထည့္ထားတဲ့ စပေရးကို ျဖန္းေပးလုိက္ပါ။ ႏွံ႕ေအာင္ျဖန္းေပးၿပီးရင္ ညင္သာစြာ ႏွိပ္နယ္ေပးလိုက္ပါ။ မိနစ္ ၃၀ ကေန ၄၀ ထိထားၿပီး ေခါင္းေလွ်ာ္ခ်လိုက္ပါ။ ၿပီးရင္ ေပါင္းေဆးသံုးပါ။ တစ္ပတ္ကို ၂ ႀကိမ္ (သို႔) ၃ ႀကိမ္လုပ္ေပးပါ။

အေရးႀကီးသည့္အခ်က္

ဒီနည္းလမ္းက သင့္ဆံပင္ကၽြတ္တာကို ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုေပမယ့္ အစားအေသာက္ကိုလည္း ဂရုစိုက္စားေပးသင့္ပါတယ္။ Antioxidant ၾကြယ္ဝတဲ့အစားအစာေတြကို စားေပးပါ။ ဒါ့အျပင္ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။

Credit: MyHealth Myanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆံပင်ကျွတ်တဲ့ပြဿနာဟာ ဒီကနေ့ အမျိုးသားရော အမျိုးသမီးတော်တော်များများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ဆံပင်ကျန်းမာရေးအတွက်ဆိုရင် သင်စားတဲ့အစားအစာတွေကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။

ပုံမှန်ဆိုရင် ကျွန်မတို့လူသားတွေကို တစ်နေ့ကို ဆံပင် အချောင်း ၁၀၀ လောက်ထိ ကျွတ်ကြပါတယ်။ ဒါဆိုရင်တော့ ဆံပင်အများကြီးကျွတ်တတ်တဲ့သူဆိုရင် ပိုဆိုးမယ်နော်။

ဒါ့ကြောင့် သင့်ဦးရေပြားနဲ့ ဆံပင်အမြစ် သန်စွမ်းဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒီအတွက် အုန်းရေနဲ့ သံပုယိုသီးကို ပေါင်းစပ်ပြီး ဖြေရှင်းလို့ရပါတယ်။

ပါဝင်ပစ္စည်း

အုန်းရေ တစ်ခွက်

သံပုယိုသီးတစ်လုံး (အရည်ညှစ်ပါ)

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပြီး စပရေးဘူး အလွတ်ထဲ ထည့်ထားလိုက်ပါ။

ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ခွဲပြီး ဆံပင်အမြစ်နဲ့ ဦးရေပြားကို စောစောကထည့်ထားတဲ့ စပရေးကို ဖြန်းပေးလိုက်ပါ။ နှံ့အောင်ဖြန်းပေးပြီးရင် ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ကနေ ၄၀ ထိထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ပြီးရင် ပေါင်းဆေးသုံးပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးပါ။

အရေးကြီးသည့်အချက်

ဒီနည်းလမ်းက သင့်ဆံပင်ကျွတ်တာကို လျှော့ချပေးနိုင်တယ်ဆိုပေမယ့် အစားအသောက်ကိုလည်း ဂရုစိုက်စားပေးသင့်ပါတယ်။ Antioxidant ကြွယ်ဝတဲ့အစားအစာတွေကို စားပေးပါ။ ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပါ။

Credit: MyHealth Myanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top