iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္လက္တက္ႀကြမႈရွိျခင္း၊ ေဆးလိပ္မေသာက္သံုးျခင္း စသျဖင့္ေသာ လူသိမ်ားသည့္ နည္းလမ္းမ်ားက ႏွလံုးကို က်န္းက်န္းမာမာရွိေစႏုိင္ပါတယ္။ ဒါ့အျပင္ က်န္းမာေရးနဲ႕ညီညြတ္မႈရွိတဲ့ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္း၊ ေသြးေပါင္ခ်ိန္ႏွင့္ ကိုလက္စထေရာပမာဏထိန္းျခင္း တုိ႕ကဲ့သုိ႕ နည္းလမ္းသံုးမ်ိဳးသည္ ႏွလံုးက်န္းမာေရးအတြက္ အလြန္အေရးႀကီးသည့္ အခ်က္သံုးခ်က္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သုေတသီမ်ားရဲ႕ ေလ့လာခ်က္မ်ားအရ ႏွလံုးက်န္းမာေရးအတြက္ လုပ္ေဆာင္ႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြလည္း ရွိေသးတာေႀကာင့္ ေသခ်ာမွတ္သားထားႏုိင္ရန္ ေဖာ္ျပေပးလိုက္ရပါတယ္။

မနက္စာကို အခ်ိန္ေပးၿပီးစားသံုးပါ။

က်န္းမာေရးႏွင့္ညီညြတ္သည့္ မနက္စာကိုစားသံုးေပးျခင္းက ေသြးေႀကာပိတ္ဆို႕မႈကို ေရွာင္ရွားႏိုင္မယ့္ အရိုးရွင္းဆံုးနည္းလမ္းတစ္ခုျဖစ္ႏုိင္ပါတယ္။

တရားမွတ္ျခင္း

တရားထုိင္ျခင္း၊ တရားမွတ္ျခင္းသည္ ခႏၶာကိုယ္ကိုအနားေပးရန္ႏွင့္ စိတ္ကိုတိတ္ဆိတ္မႈရွိေစရန္တို႕အတြက္သာ ေကာင္းမြန္သည္မဟုတ္ဘဲ ႏွလံုးဆိုင္ရာက်န္းမာေရးျပႆနာမ်ားကို ေလ်ာ့ခ်ရာမွာလည္း အေရးႀကီးအခန္းတစ္ခုကေန ပါ၀င္ေနပါတယ္။

‘Yo-yo’ dieting ကုိေရွာင္ႀကဥ္ပါ။

‘Yo -yo’ dieting သည္ အမ်ိဳးသမီးမ်ား၏ ခါးအခ်ိဳးအစားကို အႏၱရာယ္ျဖစ္ေစႏုိင္ရံုသာမက ႏွလံုးကိုပါဒုကၡေပးလာႏိုင္ပါတယ္။

ရန္လိုစိတ္ကိုထိန္းခ်ဳပ္ပါ။

အမ်ိဳးသမီးမ်ားတြင္ ရန္လိုစိတ္မ်ားလာသည့္အခါ ႏွလံုးေရာဂါျဖစ္လာႏုိင္ေျခပါ ျမင့္တက္လာဖို႕ ဆက္စပ္ေနတာေႀကာင့္ မိမိရဲ႕က်န္းမာေရးကို ထိခိုက္လာေစႏိုင္သည့္ စိတ္ဆိုးမႈ၊ ေဒါသထြက္ျခင္းတုိ႕ျဖစ္ေပၚေစႏိုင္မယ့္ ကိစၥမ်ားကို အတတ္ႏုိင္ဆံုးေရွာင္ရွားပါ။

Credit: MyHealth Myanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်လက်တက်ကြွမှုရှိခြင်း၊ ဆေးလိပ်မသောက်သုံးခြင်း စသဖြင့်သော လူသိများသည့် နည်းလမ်းများက နှလုံးကို ကျန်းကျန်းမာမာရှိစေနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ သွေးပေါင်ချိန်နှင့် ကိုလက်စထရောပမာဏထိန်းခြင်း တို့ကဲ့သို့ နည်းလမ်းသုံးမျိုးသည် နှလုံးကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အချက်သုံးချက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သုတေသီများရဲ့ လေ့လာချက်များအရ နှလုံးကျန်းမာရေးအတွက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေလည်း ရှိသေးတာကြောင့် သေချာမှတ်သားထားနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

မနက်စာကို အချိန်ပေးပြီးစားသုံးပါ။

ကျန်းမာရေးနှင့်ညီညွတ်သည့် မနက်စာကိုစားသုံးပေးခြင်းက သွေးကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။

တရားမှတ်ခြင်း

တရားထိုင်ခြင်း၊ တရားမှတ်ခြင်းသည် ခန္ဓာကိုယ်ကိုအနားပေးရန်နှင့် စိတ်ကိုတိတ်ဆိတ်မှုရှိစေရန်တို့အတွက်သာ ကောင်းမွန်သည်မဟုတ်ဘဲ နှလုံးဆိုင်ရာကျန်းမာရေးပြဿနာများကို လျော့ချရာမှာလည်း အရေးကြီးအခန်းတစ်ခုကနေ ပါဝင်နေပါတယ်။

‘Yo-yo’ dieting ကိုရှောင်ကြဉ်ပါ။

‘Yo -yo’ dieting သည် အမျိုးသမီးများ၏ ခါးအချိုးအစားကို အန္တရာယ်ဖြစ်စေနိုင်ရုံသာမက နှလုံးကိုပါဒုက္ခပေးလာနိုင်ပါတယ်။

ရန်လိုစိတ်ကိုထိန်းချုပ်ပါ။

အမျိုးသမီးများတွင် ရန်လိုစိတ်များလာသည့်အခါ နှလုံးရောဂါဖြစ်လာနိုင်ခြေပါ မြင့်တက်လာဖို့ ဆက်စပ်နေတာကြောင့် မိမိရဲ့ကျန်းမာရေးကို ထိခိုက်လာစေနိုင်သည့် စိတ်ဆိုးမှု၊ ဒေါသထွက်ခြင်းတို့ဖြစ်ပေါ်စေနိုင်မယ့် ကိစ္စများကို အတတ်နိုင်ဆုံးရှောင်ရှားပါ။

Credit: MyHealth Myanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top