iMyanmarHouse.com - Best Property Website for Myanmar
×



ပီကေ နဲ့ သကြားလုံး



ချောကလက်



ကော်ဖီ



အာလူးကြော်



Credit: Duwun

# Unicode Version ဖြင့် ဖတ်ပါ #

ပိုဖျားသွားမှာ စိုးလို့ပါဖျားနာနေချိန် နှာစေးခြင်း၊ ချောင်းဆိုးခြင်းနဲ့ ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေ ခံစားရတာ အတော်ကို ခံရဆိုးပါတယ်။ ဒါ့အပြင် နေမကောင်းဖြစ်နေချိန်မှာ မစားသင့်တဲ့ အစားအစာ တွေကို မသိဘဲ စားမိမယ်ဆိုရင် အခြေအနေ ပိုဆိုးဖို့ပဲ ရှိပါတယ်။ နေမကောင်း ဖြစ်ပြီး ဖျားနေတဲ့အခါ ဒီ အစားအစာ (၄) မျိုးကို ရှောင်သင့်ပါတယ်။

ပီကေ နဲ့ သကြားလုံး
 
နေမကောင်းဖြစ်ချိန်မှာ ဆေးသကြားပါတဲ့ ပီကေ နဲ့ အခြားသကြားလုံးတွေ စားမယ်ဆိုရင် လည်ပင်းနာပြီး အာသီးပါ ရောင်လာစေနိုင်ပါတယ်။ နောက်ပြီး ဒီလို သဘာဝအချိုဓာတ်မဟုတ်ဘဲ ဆေးသကြားပါတဲ့အစားအစာတွေက ဝမ်းပျက် ဝမ်းလျှောကိုလည်း ဖြစ်စေပါတယ်။

ချောကလက်

ဝမ်းချုပ်နေသူများကတော့ ချောကလက်ကို လုံးဝရှောင်သင့်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းလည်း ပိုသွားစေနိုင်တာကြောင့် ချောကလက်ကို နေမကောင်းဖြစ် နေချိန်မှာ လုံးဝကို မစားသင့်တာဖြစ်ပါတယ်။

ကော်ဖီ

နေမကောင်းဖြစ်နေချိန်မှာ ကော်ဖီ သောက်မယ်ဆိုရင် အဆိုးဆုံးကတော့ ခေါင်းမူးလာစေနိုင်တာပါပဲ။ နေမကောင်း ဖြစ်နေချိန်မှာဆိုရင် ကဖင်းဓာတ်က သင့်ကို ခေါင်းမူးခေါင်းနောက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အစာ စားချင်စိတ်ကိုလည်း လျော့နည်းစေတာမို့ နေထိုင်မကောင်းဖြစ်နေပြီလို့ စတင်ခံစားရကတည်းက ကော်ဖီ မသောက်ဘဲ ရှောင်သင့်ပါတယ်။

အာလူးကြော်

လည်ပင်း နာ နေသူများကတော့ အာလူးကြော်နဲ့ အခြားအစေ့အဆန်တွေကို ဝေးဝေးကရှောင်သင့်ပါတယ်။ ဒီအကြော် တွေမှာ ပါဝင်တဲ့ အခြားအကြော်ခံမှုန့်တွေက သင့် လည်ပင်း ရောင်နေတာ၊ နာနေတာတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး မသန့်တဲ့ ဆီ တွေက အာခေါင်မှာ ကပ်နေတာကြောင့် ချောင်းပိုဆိုးလာစေနိုင်ပါတယ်။ ဒီလို အာခေါင် ကပ်လာပြီဆိုရင် ရေနွေးနွေးလေး တစ်ခွက်နဲ့ ပလုတ်ကျင်း ပေးခြင်းဖြင့် သက်သာအောင်လုပ်လို့ ရပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top