iMyanmarHouse.com - Best Property Website for Myanmar
×


ႏႈတ္ခမ္းေလးက ႏွင္းဆီဖူးေလးလို နီနီဖူးဖူးေလးလွလိုက္တာ။ ပန္းေရာင္ေသြးၾကြယ္ေနတဲ့ ႏႈတ္ခမ္းေလးက ဆြဲေဆာင္မႈရွိလိုက္တာေနာ္ဆိုျပီး အားက်ေနတဲ့သူေတြမ်ားရွိလား။ ဒါဆို ဒီေဆာင္းပါးေလးက သင့္ျဖစ္ခ်င္ေနတဲ့ ဆႏၵေလးကို အေကာင္အထည္ေဖာ္ဖို႔ အေထာက္အပံ့ေပးႏိုင္မွာပါ။

သၾကား

သၾကားကို ႏႈတ္ခမ္းသားေပၚက ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ အသံုးျပဳႏိုင္ပါတယ္။ သၾကားလက္ဖက္ရည္ဇြန္း ၃ ဇြန္းစာကို ေထာပတ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာကိုေရာျပီး သမေအာင္ေမႊေပးပါ။ ဒီအေရာကို ႏႈတ္ခမ္းသားေပၚမွာ ထူထူေလးလူးေပးပါ။ ျပီးရင္လက္ေခ်ာင္းေလးေတြသံုးလို႔ ခပ္ဖြဖြေလးပြတ္ေပးပါ။ ႏႈတ္ခမ္းေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္မွာပါ။ ေထာပတ္က ႏႈတ္ခမ္းသားအစိုဓာတ္ကို ထိန္းေပးပါတယ္။ တစ္ပတ္ကို ၃ ၾကိမ္ေလာက္လုပ္ေပးရပါမယ္။

ပ်ားရည္

ႏႈတ္ခမ္းသားေလးေတြ ေတာက္ပေစဖို႔ အသံုးျပဳႏိုင္တဲ့ သဘာဝပစၥည္းေလးတစ္ခုပါ။ ႏႈတ္ခမ္းသားကို ႏူးညံ႔ေစဖို႔လည္း အေထာက္အပံ့ေပးႏိုင္ပါတယ္။  ညအိပ္ရာမဝင္ခင္မွာ ႏႈတ္ခမ္းေပၚမွာ ပ်ားရည္ခပ္ပါးပါးေလးလိမ္းျပီး အိပ္ေပးပါ။ သီတင္းပတ္နည္းနည္းၾကာတဲ့အထိ ဆက္တိုက္လုပ္ေပးမယ္ဆိုရင္ ႏငတ္ခမ္းသားအေရာင္ေျပာင္းလဲေကာင္းမြန္လာတာကိုေတြ႔ရမွာပါ။

သံပုရာရည္

သံပုရာသီးက အစြန္အထင္းေတြကို ေလ်ာ႔ပါးသက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ႏႈတ္ခမ္းသားညိဳေနသူေတြအတြက္လည္း အသံုးတည့္မွာပါ။ လတ္လတ္ဆတ္ဆတ္ညွစ္ထားတဲ့ သံပုရာရည္ကို ႏႈတ္ခမ္းေပၚမွာလိမ္း လက္ေခ်ာင္းေလးေတြသံုးလို႔ႏွိပ္နယ္ေပးျပီး တစ္ညလံုးထားလိုက္ပါ။ မနက္အိပ္ရာထတဲ့အခါ ေရေအးေအးေလးသံုးလို႔ ေဆးခ်လိုက္ပါ။
ဘယ္ရီသီးေတြ

စေတာ္ဘယ္ရီသီး၊ ရက္စ္ဘယ္ရီသီးလိုမ်ိဳး ဘယ္ရီသီးေတြက ႏႈတ္ခမ္းသားကို ပန္းေသြးေရာင္ၾကြယ္ေစဖို႔ အေထာက္အပံ့ေပးႏိုင္ပါတယ္။ ဘယ္ရီသီးေတြကို ပ်ားရည္စစ္စစ္၊ ရွားေစာင္းလက္ပပ္အႏွစ္တို႔နဲ႔ ေသခ်ာေရာစပ္ျပီးေမႊပါ။ အႏွစ္ကို ႏႈတ္ခမ္းေပၚမွာလိမ္းျပီး ၅ မိနစ္ၾကာလိမ္းထားေပးပါ။ ျပီးရင္ေရေဆးခ်လိုက္ပါ။ ျပီးရင္ အဆီတစ္မ်ိဳးမ်ိဳးလိမ္းေပးထားလို႔ရပါတယ္။

သံလြင္ဆီ

ႏႈတ္ခမ္းသားေလးေတြက်န္းမာေစသလို အစိုဓာတ္ထိန္းေပးျပီး ႏႈတ္ခမ္းအတြက္လိုအပ္တဲ့ အာဟာရကိုျဖည့္တင္းေပးပါတယ္။ သံလြင္ဆီစစ္စစ္ေလးကို ႏႈတ္ခမ္းသားေပၚမွာ လိမ္းေပးျပီး လက္ေခ်ာင္းထိပ္ေလးေတြသံုးလို႔ႏွိပ္နယ္ေပးပါ။ အိပ္ရာမဝင္ခင္ေန႔စဉ္လုပ္ေပးမယ္ဆိုရင္ ပန္းေရာင္ေသြးၾကြယ္ျပီး က်န္းမာတဲ့ႏႈတ္ခမ္းသားေလးကို ရရွိေစမွာျဖစ္ပါတယ္။

လွပတဲ့အျပံဳးေလးေတြရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ႏႈတ္ခမ္းေလးေတြလွပေစဖို႔ ဒီနည္းေလးေတြသံုးျပီး ႏႈတ္ခမ္းကိုေစာင့္ေရွာက္လိုက္ပါ။

Credit: Hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #

နှုတ်ခမ်းလေးက နှင်းဆီဖူးလေးလို နီနီဖူးဖူးလေးလှလိုက်တာ။ ပန်းရောင်သွေးကြွယ်နေတဲ့ နှုတ်ခမ်းလေးက ဆွဲဆောင်မှုရှိလိုက်တာနော်ဆိုပြီး အားကျနေတဲ့သူတွေများရှိလား။ ဒါဆို ဒီဆောင်းပါးလေးက သင့်ဖြစ်ချင်နေတဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်ဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

သကြား

သကြားကို နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကို ထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကိုရောပြီး သမအောင်မွှေပေးပါ။ ဒီအရောကို နှုတ်ခမ်းသားပေါ်မှာ ထူထူလေးလူးပေးပါ။ ပြီးရင်လက်ချောင်းလေးတွေသုံးလို့ ခပ်ဖွဖွလေးပွတ်ပေးပါ။ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ထောပတ်က နှုတ်ခမ်းသားအစိုဓာတ်ကို ထိန်းပေးပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးရပါမယ်။

ပျားရည်

နှုတ်ခမ်းသားလေးတွေ တောက်ပစေဖို့ အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပါ။ နှုတ်ခမ်းသားကို နူးညံ့စေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။  ညအိပ်ရာမဝင်ခင်မှာ နှုတ်ခမ်းပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလိမ်းပြီး အိပ်ပေးပါ။ သီတင်းပတ်နည်းနည်းကြာတဲ့အထိ ဆက်တိုက်လုပ်ပေးမယ်ဆိုရင် နငတ်ခမ်းသားအရောင်ပြောင်းလဲကောင်းမွန်လာတာကိုတွေ့ရမှာပါ။

သံပုရာရည်

သံပုရာသီးက အစွန်အထင်းတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားညိုနေသူတွေအတွက်လည်း အသုံးတည့်မှာပါ။ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည်ကို နှုတ်ခမ်းပေါ်မှာလိမ်း လက်ချောင်းလေးတွေသုံးလို့နှိပ်နယ်ပေးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်အိပ်ရာထတဲ့အခါ ရေအေးအေးလေးသုံးလို့ ဆေးချလိုက်ပါ။
ဘယ်ရီသီးတွေ

စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးလိုမျိုး ဘယ်ရီသီးတွေက နှုတ်ခမ်းသားကို ပန်းသွေးရောင်ကြွယ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေကို ပျားရည်စစ်စစ်၊ ရှားစောင်းလက်ပပ်အနှစ်တို့နဲ့ သေချာရောစပ်ပြီးမွှေပါ။ အနှစ်ကို နှုတ်ခမ်းပေါ်မှာလိမ်းပြီး ၅ မိနစ်ကြာလိမ်းထားပေးပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ ပြီးရင် အဆီတစ်မျိုးမျိုးလိမ်းပေးထားလို့ရပါတယ်။

သံလွင်ဆီ

နှုတ်ခမ်းသားလေးတွေကျန်းမာစေသလို အစိုဓာတ်ထိန်းပေးပြီး နှုတ်ခမ်းအတွက်လိုအပ်တဲ့ အာဟာရကိုဖြည့်တင်းပေးပါတယ်။ သံလွင်ဆီစစ်စစ်လေးကို နှုတ်ခမ်းသားပေါ်မှာ လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေသုံးလို့နှိပ်နယ်ပေးပါ။ အိပ်ရာမဝင်ခင်နေ့စဉ်လုပ်ပေးမယ်ဆိုရင် ပန်းရောင်သွေးကြွယ်ပြီး ကျန်းမာတဲ့နှုတ်ခမ်းသားလေးကို ရရှိစေမှာဖြစ်ပါတယ်။

လှပတဲ့အပြုံးလေးတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နှုတ်ခမ်းလေးတွေလှပစေဖို့ ဒီနည်းလေးတွေသုံးပြီး နှုတ်ခမ်းကိုစောင့်ရှောက်လိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top