iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္အစိတ္အပိုင္းေတြတိုင္းမွာ ေသြးေၾကာေလးေတြရွိေနပါတယ္။ ဒီေသြးေၾကာေလးေတြကို ေကာင္းမြန္စြာစီးဆင္းေစႏိုင္ဖို႔အတြက္ လုပ္ေဆာင္လို႔ရတဲ့ နည္းလမ္းေကာင္းေလးက ႏွိပ္နယ္ေပးတာပါပဲ။ အခုတစ္ေခါက္ေတာ့ ခႏၶာကိုယ္ရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းေလးတစ္ခုျဖစ္တဲ့ ဦးေခါင္းရဲ႕ ဦးေရျပားကိုႏွိပ္နယ္တာက ဘယ္လိုမ်ားေကာင္းက်ိဳးေတြရေစႏိုင္လဲဆိုတာကို ဒီေဆာင္းပါးေလးကေနတဆင့္ေျပာျပေပးပါရေစေနာ္။
ဦးေရျပားကိုႏွိပ္နယ္တာကေနရရွိမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြက

ဦးေရျပားကိုႏွိပ္နယ္ေပးတာက ရုပ္ပိုင္းဆိုင္ရာတင္မကပါဘူး။ စိတ္ပိုင္းဆိုင္ရာကိုပါ အေထာက္အကူေပးပါတယ္။

ေသြးတိုးက်ေစႏိုင္တယ္

ေသြးတိုးေရာဂါက ကမာၻေပၚကလူသန္းေပါင္းမ်ားစြာခံစားေနရတဲ့ ေရာဂါတစ္ခုပါ။ ေသြးတိုးေရာဂါက အသံတိတ္လူသတ္သမားလို႔ေတာင္ အမ်ားကတင္စားထားတဲ့ေရာဂါတစ္ခုေပါ့။ ေသြးတိုးေရာဂါက ရုတ္တရက္ႏွလံုးအေမာေဖာက္တာ ေက်ာက္ကပ္ပ်က္စီးတာေတြကိုျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အေညာင္းအညာလည္းေျပျပီး က်န္းမာေရးအတြက္လည္းေကာင္းတဲ့ ဦးေရျပားႏွိပ္နယ္မႈကို စမ္းသပ္ၾကည့္သင့္ပါတယ္ေနာ္။

အိပ္မေပ်ာ္တာကို သက္သာေစႏိုင္တယ္

အိပ္မေပ်ာ္တာ၊ အိပ္ေရးပ်က္တာေတြက က်န္းမာေရးကို ဆိုးဆိုးရြားရြားထိခိုက္ေစႏိုင္တဲ့ အေျခအေနပါ။ ေခါင္းဦးေရျပားကိုႏွိပ္နယ္ေပးမယ္ဆိုရင္ ဦးေရျပားမွာ ေသြးစီးဆင္းမႈေကာင္းမြန္ေစျပီး ေကာင္းမြန္ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ အိပ္မေပ်ာ္တဲ့ညေတြကို ႏႈတ္ဆက္ႏိုင္ဖို႔ ဦးေရျပားႏွိပ္နယ္မႈခံယူပါ။

ေခါင္းတစ္ျခမ္းကိုက္တာကို သက္သာေစႏိုင္တယ္

ေခါင္းတစ္ျခမ္းကိုက္တာနဲ႔ ေခါင္းကိုက္ေဝဒနာေတြ သက္သာေစဖို႔အတြက္လည္း ဦးေရျပားႏွိပ္နယ္မႈက အေထာက္အကူျပဳေပးႏိုင္ပါတယ္။ ေခါင္ူးကိုက္ရတဲ့အေၾကာင္းအရငးေတြထဲမွာ အမ်ားစုက စိတ္ဖိစီးတာနဲ႔ နာက်င္မႈေဝဒနာခံစားေနရတာေတြေၾကာင့္ပါ။ ဒါေၾကာင့္ ေခါင္းကိုက္တာ၊ ေခါင္းတစ္ျခမ္းကိုက္တာကို ခံစားရမယ္ဆိုရင္ ဦးေရျပားကို ခပ္ဖြဖြေလးႏွိပ္နယ္ေပးပါ။
ကိုယ္တြင္းအဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္တယ္

ခႏၶာကိုယ္က စြန္႔ထုတ္မယ့္ အညစ္အေၾကးေတြကို ျပန္ရည္ေၾကာစနစ္ထဲမွာ သိုေလွာင္ထားတတ္ပါတယ္။ ဦးေရျပားကိုႏွိပ္နယ္ေပးျဖင္းက လည္ပင္းနားကိုေသြးေကာင္းေကာင္းစီးဆင္းေအာင္လႈံ႔ေဆာ္ေပးျပီး ကိုယ္တြင္း ကအဆိပ္အေတာ္ကေတြကို ဖယ္ရွားေပးပါတယ္။ ဒီလုပ္ငန္းစဉ္က ကိုယ္ခံအားေကာင္းေစဖို႔လည္း အေထာက္အပ့ံေပးႏိုင္ပါတယ္။

ေဟာ္မုန္းပမာဏကိုထိန္းညွိေပးတယ္

မႏိုင္ဝန္ေတြထမ္းတဲ့အခါ ခႏၶာကိုယ္က စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းေတြကိုထုတ္လႊတ္ပါတယ္။ ေဟာ္မုန္းေတြမညီမွ်မႈက အိပ္မေပ်ာ္တာ၊ ပင္ပန္းတာေတြကို ခံစားရႏိုင္ပါတယ္။ ဒီျပႆနာကုိ ကင္းေဝးေစဖို႔က စိတ္ဖိစီးမႈကိုျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ထိန္းညွိေပးႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္တဲ့ ဦးေရျပားကိုႏွိပ္နယ္ေပးမႈကိုလုပ္ေဆာင္ေပးသင့္ပါတယ္။ ဦးေရျပားႏွိပ္နယ္ေပးမႈက စြမ္းအင္တိုးေစျပီး နာက်င္မႈကိုေလ်ာ႔ပါးေစႏိုင္သလို ေဟာ္မုန္းမွ်တေအာင္လုပ္ေဆာင္ေပးမႈေၾကာင့္ ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါက်န္းမာေစႏိုင္ပါတယ္။

ၾကြက္သားေတြနာက်င္မႈကို သက္သာေစႏိုင္တယ္

ၾကြက္သားေတြကို အလြန္အကၽြံအသံုးျပဳတာ၊ ကိုယ္ေနဟန္ထား ပံုစံမမွန္တာေတြကို အခ်ိန္ၾကာျမင့္စြာ လုပ္ေဆာင္မိတဲ့အခါ ၾကြက္သားေတြေတာင့္တင္းနာက်င္မႈကို ခံစားရႏိုင္ပါတယ္။ အေလးအပင္ေတြမတာေၾကာင့္လည္း ၾကြက္သားနာက်င္မႈကိုျဖစ္ေစႏိုင္ပါတယ္။ ဒီေဝဒနာေတြကို အေကာင္းဆံုးေျဖရွင္းဖို႔က ဦးေရျပားကိုႏွိပ္နယ္မႈခံယူတာပါပဲ။

အသက္ရႈလမ္းေၾကာင္းကိုက်န္းမာေစႏိုင္တယ္

ဦးေရျပားကိုႏွိပ္နယ္ေပးတာက ခႏၶာကိုယ္ကို ေျပေလ်ာ႔ေစျပီး အသက္ရႈလမ္းေၾကာင္းကို က်န္းမာေစႏိုင္ပါတယ္။ ထိပ္ကပ္နာ၊ ပန္းနာရင္က်ပ္တို႔အပါအဝင္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို သက္သာေစႏိုင္စြမ္းလည္းရွိပါတယ္။

ဆံပင္သန္ေစႏိုင္တယ္

ဦးေရျပားကိုႏွိပ္နယ္ေပးတာက ဆံပင္အျမစ္အိတ္ေတြဆီကို ေသြးစီးဆင္းေရာက္ရွိမႈေကာင္းမြန္ေစျပီး ဦးေရျပားကေသြးေၾကာေလးေတြကို ပြင့္ေစႏို္ငပါတယ္။ ဒီအက်ိဳးဆက္ကေတာ့ ဆံပင္ေတြကို လိုအပ္တဲ့ အာဟာရ ရေစျပီး ဆံပင္ေတြကို က်န္းမာသန္စြမ္းေစပါတယ္။ ပံုမွန္ႏွိပ္နယ္ေပးမယ္ဆိုရင္ က်န္းမာသန္စြမ္းထူထဲတဲ့ ဆံသားေတြကိုပိုင္ဆိုင္ႏိုင္မွာပါ။

အာရံုစိုက္ႏိုင္စြမ္းေကာင္းေစတယ္

ဆီအသံုးျပဳျပီး ဦးေရျပားကိုႏွိပ္နယ္ေပးတာက စိတ္ခံစားမႈကိုေကာင္းမြန္ေစႏိုင္ျပီး အာရံုစူးစိုက္ႏိုင္မႈကို ပိုမိုေကာင္းမြန္ေစႏိုင္ပါတယ္။

ခႏၶာကိုယ္ကို အားျပည့္ေစတယ္

ဦးေရျပားႏွိပ္နယ္ေပးမႈက စိတ္ေရာကိုယ္ပါ လန္းဆန္းေစျပီး ခႏၶာကိုယ္ကို အားျပည့္ေစႏိုင္ပါတယ္။

ဒီေလာက္ထိ အက်ိဳးေက်းဇူးေတြမ်ားေနမွေတာ့ အခ်ိန္ေလးေပးျပီး ဦးေရျပားကိုႏွိပ္နယ္ေပးပါေနာ္။

Credit:hellosayarwon

# Unicode Version # ျဖင့္ ဖတ္ပါ #

ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာ သွေးကြောလေးတွေရှိနေပါတယ်။ ဒီသွေးကြောလေးတွေကို ကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ဦးရေပြားကိုနှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနော်။
ဦးရေပြားကိုနှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ဦးရေပြားကိုနှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။

သွေးတိုးကျစေနိုင်တယ်

သွေးတိုးရောဂါက ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာခံစားနေရတဲ့ ရောဂါတစ်ခုပါ။ သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။ သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာ ကျောက်ကပ်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။

အိပ်မပျော်တာကို သက်သာစေနိုင်တယ်

အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကိုနှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှုခံယူပါ။

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်

ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ခေါင်းကိုက်ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း ဦးရေပြားနှိပ်နယ်မှုက အထောက်အကူပြုပေးနိုင်ပါတယ်။ ခေါင်ူးကိုက်ရတဲ့အကြောင်းအရငးတွေထဲမှာ အများစုက စိတ်ဖိစီးတာနဲ့ နာကျင်မှုဝေဒနာခံစားနေရတာတွေကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရမယ်ဆိုရင် ဦးရေပြားကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။
ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်

ခန္ဓာကိုယ်က စွန့်ထုတ်မယ့် အညစ်အကြေးတွေကို ပြန်ရည်ကြောစနစ်ထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ဦးရေပြားကိုနှိပ်နယ်ပေးဖြင်းက လည်ပင်းနားကိုသွေးကောင်းကောင်းစီးဆင်းအောင်လှုံ့ဆော်ပေးပြီး ကိုယ်တွင်း ကအဆိပ်အတော်ကတွေကို ဖယ်ရှားပေးပါတယ်။ ဒီလုပ်ငန်းစဉ်က ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

ဟော်မုန်းပမာဏကိုထိန်းညှိပေးတယ်

မနိုင်ဝန်တွေထမ်းတဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုထုတ်လွှတ်ပါတယ်။ ဟော်မုန်းတွေမညီမျှမှုက အိပ်မပျော်တာ၊ ပင်ပန်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ကင်းဝေးစေဖို့က စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့ ဦးရေပြားကိုနှိပ်နယ်ပေးမှုကိုလုပ်ဆောင်ပေးသင့်ပါတယ်။ ဦးရေပြားနှိပ်နယ်ပေးမှုက စွမ်းအင်တိုးစေပြီး နာကျင်မှုကိုလျော့ပါးစေနိုင်သလို ဟော်မုန်းမျှတအောင်လုပ်ဆောင်ပေးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေနိုင်ပါတယ်။

ကြွက်သားတွေနာကျင်မှုကို သက်သာစေနိုင်တယ်

ကြွက်သားတွေကို အလွန်အကျွံအသုံးပြုတာ၊ ကိုယ်နေဟန်ထား ပုံစံမမှန်တာတွေကို အချိန်ကြာမြင့်စွာ လုပ်ဆောင်မိတဲ့အခါ ကြွက်သားတွေတောင့်တင်းနာကျင်မှုကို ခံစားရနိုင်ပါတယ်။ အလေးအပင်တွေမတာကြောင့်လည်း ကြွက်သားနာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာတွေကို အကောင်းဆုံးဖြေရှင်းဖို့က ဦးရေပြားကိုနှိပ်နယ်မှုခံယူတာပါပဲ။

အသက်ရှုလမ်းကြောင်းကိုကျန်းမာစေနိုင်တယ်

ဦးရေပြားကိုနှိပ်နယ်ပေးတာက ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်တို့အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်သန်စေနိုင်တယ်

ဦးရေပြားကိုနှိပ်နယ်ပေးတာက ဆံပင်အမြစ်အိတ်တွေဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးရေပြားကသွေးကြောလေးတွေကို ပွင့်စေနိုငပါတယ်။ ဒီအကျိုးဆက်ကတော့ ဆံပင်တွေကို လိုအပ်တဲ့ အာဟာရ ရစေပြီး ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းထူထဲတဲ့ ဆံသားတွေကိုပိုင်ဆိုင်နိုင်မှာပါ။

အာရုံစိုက်နိုင်စွမ်းကောင်းစေတယ်

ဆီအသုံးပြုပြီး ဦးရေပြားကိုနှိပ်နယ်ပေးတာက စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို အားပြည့်စေတယ်

ဦးရေပြားနှိပ်နယ်ပေးမှုက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပါတယ်။

ဒီလောက်ထိ အကျိုးကျေးဇူးတွေများနေမှတော့ အချိန်လေးပေးပြီး ဦးရေပြားကိုနှိပ်နယ်ပေးပါနော်။

Credit:hellosayarwon

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top