iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းခေလးတခ်ိဳ႕က ကိုယ့္ရဲ႕႐ုပ္ရည္ေပၚမွာသူမ်ားေလာက္ၾကည့္မေကာင္းဘူး ဒါမွမဟုတ္ ငါက႐ုပ္ဆိုးတယ္ဆိုၿပီးစိတ္ပ်က္အားငယ္တတ္ၾကပါတယ္။အဲ့ဒီလိုစိတ္ပ်က္အားငယ္ေနလို႔ ဘဝႀကီးဟာၿပီးဆံုးသြားမွာမဟုတ္ပါဘူး။အဲ့ဒီလုိ႐ုပ္ဆိုးရျခင္းမွာလည္းအက်ိဳးေက်းဇူးေတြ႐ိွေနပါတယ္။အဲ့ဒီအက်ိဳးေက်းဇူးေတြကဘာေတြလဲဆိုတာကို ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးဆီကိုအေရာက္ပို႔ေပးလိုက္ပါတယ္။

(၁) ထိကပါးရိကပါးလုပ္ခံရမႈနည္းျခင္း

မိန္းခေလး တစ္ေယာက္ဟာ လံုလုံေလာက္ေလာက္လွမေနဘူးဆိုပါစို႔။ သူ႕ကို ပတ္ဝန္းက်င္ဒါမွမဟုတ္အျခားလူမႈ႕ကြန္ရက္ေတြေပၚကေနအေႏွာက္ယွက္ေပးခံေျခနည္းပါတယ္။အဲ့တာေၾကာင့္ သူဟာ သူရဲ႕သင္ခန္းစာေတြ၊ ဘဝတိုးတက္ေရးအေၾကာင္းေတြ နဲ႔ပညာေရးဘက္မွာ ပိုၿပီးအားစိုက္ႏိုင္မွာျဖစ္ပါတယ္။

(၂) အခ်စ္စစ္ကိုရွာေတြ႕ႏိုင္ေခ်မ်ားျခင္း
ရုပ္ဆိုးတဲ့မိန္းခေလးတစ္ေယာက္ကိုခ်စ္ခြင့္ပန္ဖို႔ ေတာ္႐ံုေယာက္်ားေလးတစ္ေယာက္ကစဥ္စားမွာမဟုတ္ပါဘူး။ေကာင္မေလးရဲ႕ရုပ္ရည္ကိုေမ့ထားၿပီး သူ႔သူငယ္ခ်င္းေတြရဲ႕ေလွာင္ေျပာင္သေရာ္မႈေတြကိုခံႏိုင္တဲ့သူ ၊ေနာက္ၿပီး ေကာင္မေလးကိုတကယ္ေမတၱာစစ္နဲ႔ျမတ္ႏိုးႏိုင္တဲ့သူကပဲခ်စ္ခြင့္လာပန္ပါလိမ့္မယ္။

(၃)ေငြေၾကးကုန္က်မႈနည္းျခင္း
ေငြေၾကးကုန္က်မႈမွာလည္း လွပတဲ့ေကာင္မေလးတစ္ေယာက္ထက္စာရင္အမ်ားႀကီးသက္သာေနမွာပါ။ အထူးသျဖင့္အလွအပအတြက္ကုန္က်စရိတ္မ်ိဳးမွာကုန္က်ဖို႔မလိုလို႔ပါပဲ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ဟာအလွျပင္လိုက္လည္း နဂို႐ုပ္ေပ်ာက္မသြားႏိုင္လို႔ပါ။ ဒါေၾကာင့္ေငြးေၾကးကုန္က်မႈနဲ႔ပတ္ၿပီးအမ်ားႀကီးစိတ္သက္သာရာရေစမွာပါ။

(၄)စိတ္သက္သာရာရျခင္း
ဘာေၾကာင့္စိတ္သက္သာရာရလဲဆိုရင္ ဘယ္ေကာင္းေလးကမွ အေႏွာက္ယွက္ေပးတာမ်ိဳး ၊ ေနာက္ကေနတေကာက္ေကာက္ေလွ်ာက္လိုက္ေနတာမ်ိုးမလုပ္လို႔ပါပဲ။ ရည္းစားရခဲ့တယ္ဆိုရင္ေတာင္ ရည္းစားက စိတ္ခ်ႏိုင္မယ့္႐ုပ္ရည္မ်ိဳးျဖစ္ေနတာဂုဏ္ယူစရာတစ္ခုပါပဲ။

(၅)အိမ္ေထာင္ျပဳတဲ့အထိအပ်ိဳစင္ဘဝကိုထိန္းသိမ္းႏိုင္ဖို႔အခြင့္အလမ္းမ်ားျခင္း
သာမန္ရုပ္ရည္ရိွတဲ့ေကာင္မေလး ၆၀ ရာခိုင္ႏႈန္းေလာက္ဟာ အိမ္ေထာင္မက်ခင္ကတည္းကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္အပ်ိဳစင္ဘဝကိုဆံုး႐ႈံးတတ္ၾကပါတယ္။ ဒါေပမယ့္ရုပ္ဆိုးတဲ့ မိန္းခေလးတစ္ေယာက္ကေတာ့ ႐ုပ္ရည္ကေပးထားတဲ့အစြမ္းပကားေျကာင့္ အခြင့္အေရးယူခံျခင္းနည္းတာမို႔ အိမ္ေထာင္ျပဳတဲ့အခ်ိန္ထိ ျပစ္မ်ိဳးမွဲ႕မထင္ အပ်ိဳစင္ေလးျဖစ္ေနႏိုင္တာပါ။

Credit:nanmalgyi

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

မိန်းခလေးတချို့က ကိုယ့်ရဲ့ရုပ်ရည်ပေါ်မှာသူများလောက်ကြည့်မကောင်းဘူး ဒါမှမဟုတ် ငါကရုပ်ဆိုးတယ်ဆိုပြီးစိတ်ပျက်အားငယ်တတ်ကြပါတယ်။အဲ့ဒီလိုစိတ်ပျက်အားငယ်နေလို့ ဘဝကြီးဟာပြီးဆုံးသွားမှာမဟုတ်ပါဘူး။အဲ့ဒီလိုရုပ်ဆိုးရခြင်းမှာလည်းအကျိုးကျေးဇူးတွေရှိနေပါတယ်။အဲ့ဒီအကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးဆီကိုအရောက်ပို့ပေးလိုက်ပါတယ်။

(၁) ထိကပါးရိကပါးလုပ်ခံရမှုနည်းခြင်း

မိန်းခလေး တစ်ယောက်ဟာ လုံလုံလောက်လောက်လှမနေဘူးဆိုပါစို့။ သူ့ကို ပတ်ဝန်းကျင်ဒါမှမဟုတ်အခြားလူမှု့ကွန်ရက်တွေပေါ်ကနေအနှောက်ယှက်ပေးခံခြေနည်းပါတယ်။အဲ့တာကြောင့် သူဟာ သူရဲ့သင်ခန်းစာတွေ၊ ဘဝတိုးတက်ရေးအကြောင်းတွေ နဲ့ပညာရေးဘက်မှာ ပိုပြီးအားစိုက်နိုင်မှာဖြစ်ပါတယ်။

(၂) အချစ်စစ်ကိုရှာတွေ့နိုင်ချေများခြင်း
ရုပ်ဆိုးတဲ့မိန်းခလေးတစ်ယောက်ကိုချစ်ခွင့်ပန်ဖို့ တော်ရုံယောက်ျားလေးတစ်ယောက်ကစဉ်စားမှာမဟုတ်ပါဘူး။ကောင်မလေးရဲ့ရုပ်ရည်ကိုမေ့ထားပြီး သူ့သူငယ်ချင်းတွေရဲ့လှောင်ပြောင်သရော်မှုတွေကိုခံနိုင်တဲ့သူ ၊နောက်ပြီး ကောင်မလေးကိုတကယ်မေတ္တာစစ်နဲ့မြတ်နိုးနိုင်တဲ့သူကပဲချစ်ခွင့်လာပန်ပါလိမ့်မယ်။

(၃)ငွေကြေးကုန်ကျမှုနည်းခြင်း
ငွေကြေးကုန်ကျမှုမှာလည်း လှပတဲ့ကောင်မလေးတစ်ယောက်ထက်စာရင်အများကြီးသက်သာနေမှာပါ။ အထူးသဖြင့်အလှအပအတွက်ကုန်ကျစရိတ်မျိုးမှာကုန်ကျဖို့မလိုလို့ပါပဲ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာအလှပြင်လိုက်လည်း နဂိုရုပ်ပျောက်မသွားနိုင်လို့ပါ။ ဒါကြောင့်ငွေးကြေးကုန်ကျမှုနဲ့ပတ်ပြီးအများကြီးစိတ်သက်သာရာရစေမှာပါ။

(၄)စိတ်သက်သာရာရခြင်း
ဘာကြောင့်စိတ်သက်သာရာရလဲဆိုရင် ဘယ်ကောင်းလေးကမှ အနှောက်ယှက်ပေးတာမျိုး ၊ နောက်ကနေတကောက်ကောက်လျှောက်လိုက်နေတာမျိုးမလုပ်လို့ပါပဲ။ ရည်းစားရခဲ့တယ်ဆိုရင်တောင် ရည်းစားက စိတ်ချနိုင်မယ့်ရုပ်ရည်မျိုးဖြစ်နေတာဂုဏ်ယူစရာတစ်ခုပါပဲ။

(၅)အိမ်ထောင်ပြုတဲ့အထိအပျိုစင်ဘဝကိုထိန်းသိမ်းနိုင်ဖို့အခွင့်အလမ်းများခြင်း
သာမန်ရုပ်ရည်ရှိတဲ့ကောင်မလေး ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်မကျခင်ကတည်းကအကြောင်းအမျိုးမျိုးကြောင့်အပျိုစင်ဘဝကိုဆုံးရှုံးတတ်ကြပါတယ်။ ဒါပေမယ့်ရုပ်ဆိုးတဲ့ မိန်းခလေးတစ်ယောက်ကတော့ ရုပ်ရည်ကပေးထားတဲ့အစွမ်းပကားကြောင့် အခွင့်အရေးယူခံခြင်းနည်းတာမို့ အိမ်ထောင်ပြုတဲ့အချိန်ထိ ပြစ်မျိုးမှဲ့မထင် အပျိုစင်လေးဖြစ်နေနိုင်တာပါ။

Credit:nanmalgyi

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top