iMyanmarHouse.com - Best Property Website for Myanmar
×


အမ်ိဳးသမီးေတြအတြက္ အသက္အ႐ြယ္တိုင္း အသားအေရကို ေသေခ်ာထိန္းသိမ္းဖို႔ အေရးႀကီးတာမို႔ skin care ပိုင္းကို ေသခ်ာလုပ္ေဆာင္သင့္တယ္ဆိုေပမယ့္ တစ္ေနရာသြားဖို႔ရွိတယ္၊ တစ္ေယာက္ေယာက္နဲ႔ အေရးႀကီးတဲ့ ခ်ိန္းဆိုထားတာမ်ိဳးရွိတယ္၊ ဒါမွမဟုတ္ ပြဲတက္ရမွာမ်ိဳးရွိတယ္ဆိုရင္ မိတ္ကပ္က မျဖစ္မေနကို လိမ္းျခယ္ရေတာ့မွာပါ။ ဒီေတာ့ ခုလိုပူအိုက္ၿပီး ေခြၽးထြက္အဆီျပန္တာပိုမ်ားႏိုင္တဲ့ ရာသီအတြက္ ဘယ္လို မိတ္ကပ္လိမ္းျခယ္မႈမ်ိဳးက အဆင္ေျပမလဲဆိုတာ တစ္ခ်က္ၾကည့္လိုက္ၾကရေအာင္။

ပထမဆုံးအေနနဲ႔ မိတ္ကပ္သားေလး ဘယ္ေလာက္အခ်ိန္ၾကာၾကာ ၾကည့္ေကာင္းေနေအာင္ မိတ္ကပ္ေဖာင္ေဒးရွင္းမလိမ္းခင္ Primer သုံးၿပီး arrowroot ေပါင္ဒါ ပုတ္ေပးဖို႔ လိုပါတယ္။ arrowroot ေပါင္ဒါက ကိုယ့္မ်က္ႏွာအတြက္ လင္းလင္းႀကီးျဖစ္ေနမယ္ဆိုရင္ loose ေပါင္ဒါေလး နည္းနည္းေရာသုံးေပးပါ။  မိတ္ကပ္သားတက္ေအာင္နဲ႔ ၾကာရွည္ပိုခံခ်င္တယ္ဆိုရင္ေတာ့ မိတ္ကပ္မလိမ္းခင္ေရာ လိမ္းၿပီးတဲ့အခါမွာပါ setting spray ေလးျဖန္းေပးဖို႔ လိုပါတယ္။

ဒုတိယအခ်က္အေနနဲ႔ ေဖာင္ေဒးရွင္းပိုင္းနဲ႔ ပတ္သက္တာေလး ေျပာရရင္ ေႏြရာသီမွာ အပူဒဏ္ျမင့္တာမို႔ ေန႔တိုင္းေဖာင္ေဒးရွင္းလိမ္းဖို႔ေတာ့ မသင့္ပါဘူး။ ျဖစ္ႏိုင္ရင္ ေပါင္ဒါေဖာင္ေဒးရွင္းလို ဟာမ်ိဳး ေ႐ြးပါ။ ႐ိုး႐ိုး ေပါင္ဒါေဖာင္ေဒးရွင္းေတြက မ်က္ႏွာေပၚက အေရးအေၾကာင္းနဲ႔ ဝက္ၿခံအတြက္ အဆင္မေျပဘူးဆိုရင္ mineral ေပါင္ဒါေဖာင္ေဒးရွင္းမ်ိဳးကို ေ႐ြးေစခ်င္ပါတယ္။

တတိယအခ်က္ကေတာ့ ႏႈတ္ခမ္းနီအေၾကာင္းေလး ေျပာခ်င္တာပါ။ ေႏြရာသီလို ကာလမ်ိဳးအတြက္ ေန႔စဥ္ေ႐ြးခ်ယ္သင့္တာက Lipstick မဟုတ္ပါဘူး။ Lip balm ကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။ ဒီေတာ့ ေနေရာင္ျခည္ဒဏ္က ကာကြယ္ေပးႏိုင္တ SPF ပါတဲ့ Lip balm ေလးေတာ့ သင့္ဆီမွာ ရွိကိုရွိသင့္ပါတယ္။

စတုတၳအခ်က္အေနနဲ႔ ေခါင္းေခြၽးျပန္ၿပီး ဆံပင္ေတြ ေစးကပ္ကပ္ျဖစ္တာမ်ိဳးကေန အဆင္ေျပေစဖို႔ ေခါင္းေလွ်ာ္တဲ့အခ်ိန္တိုင္း ပန္းသီးရွာလကာရည္နဲ႔ ထည့္သုံးေပးတာ ေကာင္းပါတယ္။ ခုေနာက္ပိုင္း ေခါင္းေခြၽးျပန္တဲ့သူေတြအတြက္ အထူးထုတ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ေတြလည္း ထြက္ေနပါၿပီ။

ေနာက္ဆုံးအေနနဲ႔ ကိုယ္ကခ်ိဳင္းေခြၽးနံ႔ထြက္တတ္သူဆိုရင္ ေႏြရာသီမွာအရင္ထက္ ပိုခ်ိဳင္းေခြၽးျပန္တတ္တာမို႔ Extra Strength Deodorant မ်ိဳး ေ႐ြးၿပီးသုံးဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါ့အျပင္ အပူခ်ိန္ေၾကာင့္ မ်က္ႏွာအဆီျပန္တာမ်ိဳးလည္း ႀကဳံတတ္တာေၾကာင့္ အဆီစုပ္စကၠဴေလးေတြလည္း အျပင္သြားရင္ ေဆာင္သြားဖို႔ မေမ့ပါနဲ႔။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အမျိုးသမီးတွေအတွက် အသက်အရွယ်တိုင်း အသားအရေကို သေချောထိန်းသိမ်းဖို့ အရေးကြီးတာမို့ skin care ပိုင်းကို သေချာလုပ်ဆောင်သင့်တယ်ဆိုပေမယ့် တစ်နေရာသွားဖို့ရှိတယ်၊ တစ်ယောက်ယောက်နဲ့ အရေးကြီးတဲ့ ချိန်းဆိုထားတာမျိုးရှိတယ်၊ ဒါမှမဟုတ် ပွဲတက်ရမှာမျိုးရှိတယ်ဆိုရင် မိတ်ကပ်က မဖြစ်မနေကို လိမ်းခြယ်ရတော့မှာပါ။ ဒီတော့ ခုလိုပူအိုက်ပြီး ချွေးထွက်အဆီပြန်တာပိုများနိုင်တဲ့ ရာသီအတွက် ဘယ်လို မိတ်ကပ်လိမ်းခြယ်မှုမျိုးက အဆင်ပြေမလဲဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။

ပထမဆုံးအနေနဲ့ မိတ်ကပ်သားလေး ဘယ်လောက်အချိန်ကြာကြာ ကြည့်ကောင်းနေအောင် မိတ်ကပ်ဖောင်ဒေးရှင်းမလိမ်းခင် Primer သုံးပြီး arrowroot ပေါင်ဒါ ပုတ်ပေးဖို့ လိုပါတယ်။ arrowroot ပေါင်ဒါက ကိုယ့်မျက်နှာအတွက် လင်းလင်းကြီးဖြစ်နေမယ်ဆိုရင် loose ပေါင်ဒါလေး နည်းနည်းရောသုံးပေးပါ။  မိတ်ကပ်သားတက်အောင်နဲ့ ကြာရှည်ပိုခံချင်တယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းခင်ရော လိမ်းပြီးတဲ့အခါမှာပါ setting spray လေးဖြန်းပေးဖို့ လိုပါတယ်။

ဒုတိယအချက်အနေနဲ့ ဖောင်ဒေးရှင်းပိုင်းနဲ့ ပတ်သက်တာလေး ပြောရရင် နွေရာသီမှာ အပူဒဏ်မြင့်တာမို့ နေ့တိုင်းဖောင်ဒေးရှင်းလိမ်းဖို့တော့ မသင့်ပါဘူး။ ဖြစ်နိုင်ရင် ပေါင်ဒါဖောင်ဒေးရှင်းလို ဟာမျိုး ရွေးပါ။ ရိုးရိုး ပေါင်ဒါဖောင်ဒေးရှင်းတွေက မျက်နှာပေါ်က အရေးအကြောင်းနဲ့ ဝက်ခြံအတွက် အဆင်မပြေဘူးဆိုရင် mineral ပေါင်ဒါဖောင်ဒေးရှင်းမျိုးကို ရွေးစေချင်ပါတယ်။

တတိယအချက်ကတော့ နှုတ်ခမ်းနီအကြောင်းလေး ပြောချင်တာပါ။ နွေရာသီလို ကာလမျိုးအတွက် နေ့စဉ်ရွေးချယ်သင့်တာက Lipstick မဟုတ်ပါဘူး။ Lip balm ကိုသာ ရွေးချယ်သင့်ပါတယ်။ ဒီတော့ နေရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တ SPF ပါတဲ့ Lip balm လေးတော့ သင့်ဆီမှာ ရှိကိုရှိသင့်ပါတယ်။

စတုတ္ထအချက်အနေနဲ့ ခေါင်းချွေးပြန်ပြီး ဆံပင်တွေ စေးကပ်ကပ်ဖြစ်တာမျိုးကနေ အဆင်ပြေစေဖို့ ခေါင်းလျှော်တဲ့အချိန်တိုင်း ပန်းသီးရှာလကာရည်နဲ့ ထည့်သုံးပေးတာ ကောင်းပါတယ်။ ခုနောက်ပိုင်း ခေါင်းချွေးပြန်တဲ့သူတွေအတွက် အထူးထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေလည်း ထွက်နေပါပြီ။

နောက်ဆုံးအနေနဲ့ ကိုယ်ကချိုင်းချွေးနံ့ထွက်တတ်သူဆိုရင် နွေရာသီမှာအရင်ထက် ပိုချိုင်းချွေးပြန်တတ်တာမို့ Extra Strength Deodorant မျိုး ရွေးပြီးသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် အပူချိန်ကြောင့် မျက်နှာအဆီပြန်တာမျိုးလည်း ကြုံတတ်တာကြောင့် အဆီစုပ်စက္ကူလေးတွေလည်း အပြင်သွားရင် ဆောင်သွားဖို့ မမေ့ပါနဲ့။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top