iMyanmarHouse.com - Best Property Website for Myanmar
×

က်မ သူ႔ကို လက္ထပ္ခဲ့ တယ္။
ဘာေၾကာင့္ လက္ထပ္ခဲ့တာလဲ လို႔ေမးရင္ ခ်စ္တာ တခုထဲနဲ႔ေတာ့ မဟုတ္ခဲ့ ပါဘူး ။

က်မဟာ မခ်စ္တ့ဲ ေယာက်ား္ကို လက္မထပ္ဘူးလို႔ အရင္ကတည္းက ေတြးထားေပမယ့္ တကယ္ လက္ထပ္ဖို႔ ဆံုးျဖတ္တဲ့ အခါ အခ်စ္ ဆိုတာ နံပါတ္ သံုး ၊ ေလး ေလာက္မွာသာ ေနရာယူ ပါတယ္ ။

(1) တကယ္ အေရးအႀကီးဆံုးဟာ သစၥာ ရွိရွိနဲ႔ ကိုယ့္ကုိသာ မိန္းမလို႔ ထင္တဲ့ ေယာက်ား္မ်ိဳးပါ ။

သစၥာရွိတယ္ ဆိုတာ လူတိုင္း မလုပ္ႏိုင္ပါဘူး ။ စိတ္ဓာတ္ မာေက်ာတဲ့ သူမွသာ လုပ္ႏိုင္တဲ့ အရာပါ ။

အခ်စ္ အမည္ခံတဲ့ သံေယာဇဥ္တို႔ နီးစပ္မႈတို႔ သာယာမႈတို႔ဟာ အခ်ိန္ ရာသီဥတု အေျခအေနေတြ ေပါင္းစပ္လိုက္တဲ့အခါ လူတေယာက္ကို သစၥာေဖာက္ တေယာက္ ျဖစ္ေစ ပါတယ္ ။

ျဖစ္ႏိုင္ေျခ အရမ္း မ်ားပါတယ္ ။ ဒါကို စိတ္ဓာတ္ မာေက်ာတဲ့ ေယာက်္ား ပီသသူ သာလွ်င္ ေက်ာ္လႊားႏိုင္မွာပါ ။

(2) ေနာက္ၿပီး နားလည္ေပးႏိုင္တယ္ ဆိုတဲ့ အခ်က္က က်မကို လက္ထပ္ျဖစ္ေစတဲ့ ဒုတိယ အခ်က္ပါပဲ ။

သိပ္ နားလည္ ေပးတတ္တဲ့ သူ႔အနားမွာ ေနရတာ က်မ ဘယ္ေတာ့မွ စိတ္က်ဥ္းက်ပ္တယ္လို႔ မခံစားရေစ ပါဘူး။

ဒီအခ်က္ဟာ သူနဲ႔ က်မရဲ႕ တဘဝလံုးကို ေပ်ာ္ရႊင္ႏိုင္ေစဖို႔ အဓိက ပံ့ပိုးေပးထားတဲ့ အရာပါ ။

နားလည္ေပးတတ္တဲ့ ေယာက်ား္ဟာ ဘယ္ေတာ့မွ မခ်ဳပ္ခ်ယ္ တတ္ဘူး။ သဝန္တို လြန္းၿပီး ျပသနာ ရွာတာမ်ိဳး မလုပ္တတ္ဘူး ။

သူဟာ ႏွစ္ဦးႏွစ္ဖက္ကို မ်ွမ်ွ တတ ေတြးေပးႏိုင္တဲ့ အရည္အခ်င္းကို ပိုင္ဆိုင္ ထားလို႔ က်မ ဘဝေလး အျမဲ ေပ်ာ္ရႊင္ေန ေစမွာပါ ။

(3) တတိယအခ်က္ ကေတာ့ ခ်စ္သူကို နူးညံ့ ၾကင္နာတတ္ ရမယ္ ။ ဒီအခ်က္က သိပ္အေရးႀကီးပါတယ္။

တခ်ိဳ႕ ေယာက်ား္ေတြဟာ သူတို႔ မိန္းမအေပၚ သစၥာရွိလည္း ရွိတယ္ ။ နားလည္ေပးႏိုင္ေပမယ့္ ပင္ကိုယ္ သဘာဝအရ မႏူးညံ့တတ္ ၾကပါဘူး ။ မၾကင္နာတတ္ ၾကပါဘူး ။

မိန္းခေလးတို႔ သဘာဝဟာ ကိုယ္တိုင္လည္း ႏူးညံ့ၾကသလို ကုိယ့္ခင္ပြန္းက ၾကင္ၾကင္ နာနာ ဆက္ဆံတာကို လိုလားၾကတဲ့ စရိုက္ ရွိတယ္ေလ ။

အဲ့ဒီေတာ့ အိမ္ေထာင္သက္ ၾကာလာေလ ေယာက်ာ္းက ၾကင္နာမႈမရွိပဲ ၾကမ္းၾကမ္း တမ္းတမ္းႀကီး ေျပာဆိုဆက္ဆံေနရင္ အရမ္း ဝမ္းနည္း စိတ္မေကာင္း ျဖစ္ရမွာပါ အေသခ်ာပါပဲ ။

(4) ေနာက္ဆံုးမွာေတာ့ အခ်စ္က ေနရာယူပါၿပီ ။

အခ်ိန္ေတြ ၾကာလာတဲ့ အခါ ေလာကဓံရဲ႕ ဒဏ္ရာေတြကို ေျဖသိမ့္ေပးႏိုင္တာ အခ်စ္ပါ ။

စိတ္အခန္႔ မသင့္လို႔ ရန္ျဖစ္ၾကတဲ့ အခါ အခ်စ္စိတ္ေလးသာ ရွိရင္ အျမန္ဆံုး ေျဖေလ်ာ့ႏိုင္ ပါတယ္ ။

ဒုကၡေတြ ေတြ႔လာရင္ အခ်စ္ေၾကာင့္ အားရွိေစတယ္ ။

အခ်စ္စိတ္ေလးေၾကာင့္ အိမ္ေထာင္ေရးဟာ ပိုၿပီး ျပည့္စံုေစပါ လိမ့္မယ္ ။

ေလာင္းကစားသမား ေဆးသမားတို႔ ႏွိပ္စက္တတ္တဲ့ စရိုက္ရွိသူတို႔ ကိုေတာ့ ေဝးေဝးက ေရွာင္ပါေနာ္ ။ ျပဳျပင္ေပးမယ္ ဆိုၿပီး ဇြတ္မ်က္စိမွိတ္ကာ မေရြးခ်ယ္မိၾက ပါေစနဲ႔ကြယ္ .... ။

အိမ္ေထာင္ဖက္ေကာင္းေတြ ေရြးခ်ယ္ႏိုင္ၾကပါေစ .... ။

Credit:MaYoon
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 ကျမ သူ့ကို လက်ထပ်ခဲ့ တယ်။
ဘာကြောင့် လက်ထပ်ခဲ့တာလဲ လို့မေးရင် ချစ်တာ တခုထဲနဲ့တော့ မဟုတ်ခဲ့ ပါဘူး ။

ကျမဟာ မချစ်တဲ့ ယောကျာ်းကို လက်မထပ်ဘူးလို့ အရင်ကတည်းက တွေးထားပေမယ့် တကယ် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့ အခါ အချစ် ဆိုတာ နံပါတ် သုံး ၊ လေး လောက်မှာသာ နေရာယူ ပါတယ် ။

(1) တကယ် အရေးအကြီးဆုံးဟာ သစ္စာ ရှိရှိနဲ့ ကိုယ့်ကိုသာ မိန်းမလို့ ထင်တဲ့ ယောကျာ်းမျိုးပါ ။

သစ္စာရှိတယ် ဆိုတာ လူတိုင်း မလုပ်နိုင်ပါဘူး ။ စိတ်ဓာတ် မာကျောတဲ့ သူမှသာ လုပ်နိုင်တဲ့ အရာပါ ။

အချစ် အမည်ခံတဲ့ သံယောဇဉ်တို့ နီးစပ်မှုတို့ သာယာမှုတို့ဟာ အချိန် ရာသီဥတု အခြေအနေတွေ ပေါင်းစပ်လိုက်တဲ့အခါ လူတယောက်ကို သစ္စာဖောက် တယောက် ဖြစ်စေ ပါတယ် ။

ဖြစ်နိုင်ခြေ အရမ်း များပါတယ် ။ ဒါကို စိတ်ဓာတ် မာကျောတဲ့ ယောကျ်ား ပီသသူ သာလျှင် ကျော်လွှားနိုင်မှာပါ ။

(2) နောက်ပြီး နားလည်ပေးနိုင်တယ် ဆိုတဲ့ အချက်က ကျမကို လက်ထပ်ဖြစ်စေတဲ့ ဒုတိယ အချက်ပါပဲ ။

သိပ် နားလည် ပေးတတ်တဲ့ သူ့အနားမှာ နေရတာ ကျမ ဘယ်တော့မှ စိတ်ကျဉ်းကျပ်တယ်လို့ မခံစားရစေ ပါဘူး။

ဒီအချက်ဟာ သူနဲ့ ကျမရဲ့ တဘဝလုံးကို ပျော်ရွှင်နိုင်စေဖို့ အဓိက ပံ့ပိုးပေးထားတဲ့ အရာပါ ။

နားလည်ပေးတတ်တဲ့ ယောကျာ်းဟာ ဘယ်တော့မှ မချုပ်ချယ် တတ်ဘူး။ သဝန်တို လွန်းပြီး ပြသနာ ရှာတာမျိုး မလုပ်တတ်ဘူး ။

သူဟာ နှစ်ဦးနှစ်ဖက်ကို မျှမျှ တတ တွေးပေးနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင် ထားလို့ ကျမ ဘဝလေး အမြဲ ပျော်ရွှင်နေ စေမှာပါ ။

(3) တတိယအချက် ကတော့ ချစ်သူကို နူးညံ့ ကြင်နာတတ် ရမယ် ။ ဒီအချက်က သိပ်အရေးကြီးပါတယ်။

တချို့ ယောကျာ်းတွေဟာ သူတို့ မိန်းမအပေါ် သစ္စာရှိလည်း ရှိတယ် ။ နားလည်ပေးနိုင်ပေမယ့် ပင်ကိုယ် သဘာဝအရ မနူးညံ့တတ် ကြပါဘူး ။ မကြင်နာတတ် ကြပါဘူး ။

မိန်းခလေးတို့ သဘာဝဟာ ကိုယ်တိုင်လည်း နူးညံ့ကြသလို ကိုယ့်ခင်ပွန်းက ကြင်ကြင် နာနာ ဆက်ဆံတာကို လိုလားကြတဲ့ စရိုက် ရှိတယ်လေ ။

အဲ့ဒီတော့ အိမ်ထောင်သက် ကြာလာလေ ယောကျာ်းက ကြင်နာမှုမရှိပဲ ကြမ်းကြမ်း တမ်းတမ်းကြီး ပြောဆိုဆက်ဆံနေရင် အရမ်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရမှာပါ အသေချာပါပဲ ။

(4) နောက်ဆုံးမှာတော့ အချစ်က နေရာယူပါပြီ ။

အချိန်တွေ ကြာလာတဲ့ အခါ လောကဓံရဲ့ ဒဏ်ရာတွေကို ဖြေသိမ့်ပေးနိုင်တာ အချစ်ပါ ။

စိတ်အခန့် မသင့်လို့ ရန်ဖြစ်ကြတဲ့ အခါ အချစ်စိတ်လေးသာ ရှိရင် အမြန်ဆုံး ဖြေလျော့နိုင် ပါတယ် ။

ဒုက္ခတွေ တွေ့လာရင် အချစ်ကြောင့် အားရှိစေတယ် ။

အချစ်စိတ်လေးကြောင့် အိမ်ထောင်ရေးဟာ ပိုပြီး ပြည့်စုံစေပါ လိမ့်မယ် ။

လောင်းကစားသမား ဆေးသမားတို့ နှိပ်စက်တတ်တဲ့ စရိုက်ရှိသူတို့ ကိုတော့ ဝေးဝေးက ရှောင်ပါနော် ။ ပြုပြင်ပေးမယ် ဆိုပြီး ဇွတ်မျက်စိမှိတ်ကာ မရွေးချယ်မိကြ ပါစေနဲ့ကွယ် .... ။

အိမ်ထောင်ဖက်ကောင်းတွေ ရွေးချယ်နိုင်ကြပါစေ .... ။

Credit:MaYoon

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top