iMyanmarHouse.com - Best Property Website for Myanmar
×


လူငယ္မိန္းကေလးပရိသတ္ေတြရဲ႕အမ်ားအျပား အားေပးမႈကုိ ရ႐ွိေနတဲ့ တက္သစ္စ လူငယ္အဆုိေတာ္ သ႐ုပ္ေဆာင္ ေမာ္လ္ဒယ္ဟိန္းမင္းသူကေတာ့ Facebook လူမႈကြန္ယက္ စာမ်က္ႏွာမွာ ျမန္မာႏုိင္ငံက ပုရိသေတြရဲ႕ အသည္းေက်ာ္ သင္ဇာဝင့္ေက်ာ္နဲ႔ အတူတူ ဒုတိယအႀကိမ္ပုံေတြတင္ခဲ့တာနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ၿပီး သင္ဇာဝင့္ေက်ာ္ရဲ႕ အသံကာလာကလည္း မ်က္ႏွာေလးလုိပဲ လွတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ဟိန္းမင္းသူက “မသင္ဇာနဲ႔ကက်ေတာ့ အေစာႀကီးကတည္းက Idea ေလးတစ္ခု႐ွိတယ္။


 မသင္ဇာဒီလုိဒီလုိေလး လုပ္ခ်င္တယ္ဆုိေတာ့ သူကလည္း ဟုတ္ၿပီ သီခ်င္းပုံစံေလးလည္း ျပလုိက္ေတာ့ မသင္ဇာက သေဘာလည္း က်တယ္။ မသင္ဇာကလည္း သူႀကိဳက္တဲ့ Music ေတြထဲမွာ EDM ပုံစံမ်ိဳး အခုကြၽန္ေတာ္တုိ႔ လုပ္ထားတဲ့ Music က Future Base Music ေပါ့ေနာ္ မသင္ဇာနဲ႔လည္း လုိက္တယ္။ Future Base က တစ္ခါတစ္ေလက်ရင္ Dark ျဖစ္တာေတြက မ်ားတယ္ ဒါေပမဲ့ ကြၽန္ေတာ္တုိ႔က Dark ျဖစ္တာဘက္ကုိ မသြားဘဲ ေပ်ာ္ရႊင္ဖုိ႔ေကာင္းတဲ့ Mood ေလးေတြနဲ႔ သြားထားတယ္ေပါ့ေနာ္။ မသင္ဇာနဲ႔လည္း လုိက္တယ္ သူ႔အသံကာလာေလးက လွတယ္ေလ။ အဲ့လုိ Idea ေလးတစ္ခုနဲ႔ ကြၽန္ေတာ္တုိ႔ အတူတူ တြဲလုပ္ျဖစ္သြားတာေပါ့။ မသင္ဇာက Duet ဆုိေပးထားတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။


သင္ဇာဝင့္ေက်ာ္နဲ႔ ေနာက္ထက္ ဓာတ္ပုံေတြ ႐ုိက္ျဖစ္တာနဲ႔ ပတ္သက္ၿပီး “အဲ့တာက ဒီအတုိင္းပဲ Idea ေလးတစ္ခုရလာတာ ပထမတစ္ေခါက္က ႐ုိက္လုိက္တာ။ ဒုတိယတစ္ေခါက္က Idea မဟုတ္ပါဘူး ကြၽန္ေတာ္တုိ႔ MTV ႐ုိက္ေနတာ ႐ုိက္ေနရင္းတန္းလန္းနဲ႔ ကြၽန္ေတာ့္ရဲ႕ ဓာတ္ပုံဆရာက ေဘးနားကေန Snap Shot ေလးေတြ ႐ုိက္ေပးထားတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။မသင္ဇာရဲ႕ သီခ်င္းဆုိပုံကုိဘယ္လုိျမင္လဲလုိ႔ ေမးျမန္းရာ “ေကာင္းပါတယ္သူက မင္းသမီးဆုိၿပီးေတာ့ သီခ်င္းကုိ လုံးဝမဆုိတတ္တာမ်ိဳးမဟုတ္ဘူး ဆုိတတ္တယ္ေလ သူ႔ဟာနဲ႔သူ အသံကာလာေလးကလည္း လွတယ္ေပါ့ေနာ္။ မ်က္ႏွာေလးလုိပဲ လွတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။


ဓာတ္ပုံနဲ႔ ပတ္သက္ၿပီး ေဝဖန္ၾကတာကုိ ဟိန္းမင္းသူက “ဒါက ေျပာခ်င္တဲ့သူေတြကေတာ့ ေျပာေနမွာပဲ ကြၽန္ေတာ့္ကုိဆုိလည္း ေျပာၾကတာပဲ လူဆုိတာက ကြၽန္ေတာ္ေျပာေနၾက စကားပုံလုိပဲ ျမင္းတစ္ေကာင္နဲ႔ သားအဖႏွစ္ေယာက္ စကားပုံေလးအတုိင္းပဲ လူဆုိတာက ဘယ္လုိလုပ္လုပ္ကုိ ေျပာေနမွာပဲ ေျပာေနတာေတြအကုန္လုံးကုိ ကြၽန္ေတာ္က လုိက္ယူေနလုိ႔မရဘူး။ ဒါေပမဲ့ လူပဲ ကြၽန္ေတာ္တုိ႔လည္း ပုထုစဥ္ျဖစ္တဲ့အတြက္ သူမ်ားေတြ ေျပာတဲ့အရာေတြကုိ Take လုပ္ျဖစ္တယ္။ ဒါေပမဲ့ ေနာက္ပုိင္းက်ေတာ့ ေလွ်ာ္ျဖစ္သြားပါတယ္။ သိပ္ၿပီးေတာ့ အရမ္းႀကီး ေခါင္းထဲ သိပ္မထည့္ျဖစ္ေတာ့ဘူး။


 ေျပာၾကမွာပဲ မသင္ဇာဆုိရင္ ကြၽန္ေတာ့္ထက္ အမ်ားႀကီး ရင့္က်က္တယ္ ၿပီးေတာ့ အရမ္းလည္း Confidence ျဖစ္တယ္။ အဲ့တာေတြကုိဆုိ သူက ဘာမွမျဖစ္ဘူး သိတယ္မလား။ တစ္ခါတစ္ေလက်ရင္ ပုံအေၾကာင္းေတာင္ ေျပာျဖစ္ရင္းနဲ႔ တစ္ခ်ိဳ႕Comment ေတြ ေတြ႔တာေပါ့ေနာ္။ ရယ္ရတယ္လုိ႔ေတာင္ ေျပာတယ္ေပါ့ေနာ္ ဟာသတစ္ခုလုိပဲ။ မသင္ဇာက အဲ့လုိမ်ိဳးလုပ္တာ ေကာင္းတယ္ Differenceျဖစ္တယ္။ ၁၀၀ၾကဳိက္ရင္ဗ်ာ ၃၀ေလာက္က မုန္းရင္မုန္းေနမွာပဲေလ ဘယ္သူမဆုိ ဒါကေတာ့ ဘာမွမျဖစ္ပါဘူး။

Credit:Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #


လူငယ်မိန်းကလေးပရိသတ်တွေရဲ့အများအပြား အားပေးမှုကို ရရှိနေတဲ့ တက်သစ်စ လူငယ်အဆိုတော် သရုပ်ဆောင် မော်လ်ဒယ်ဟိန်းမင်းသူကတော့ Facebook လူမှုကွန်ယက် စာမျက်နှာမှာ မြန်မာနိုင်ငံက ပုရိသတွေရဲ့ အသည်းကျော် သင်ဇာဝင့်ကျော်နဲ့ အတူတူ ဒုတိယအကြိမ်ပုံတွေတင်ခဲ့တာနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပြီး သင်ဇာဝင့်ကျော်ရဲ့ အသံကာလာကလည်း မျက်နှာလေးလိုပဲ လှတယ်လို့ ပြောသွားခဲ့ပါတယ်။ဟိန်းမင်းသူက “မသင်ဇာနဲ့ကကျတော့ အစောကြီးကတည်းက Idea လေးတစ်ခုရှိတယ်။

 မသင်ဇာဒီလိုဒီလိုလေး လုပ်ချင်တယ်ဆိုတော့ သူကလည်း ဟုတ်ပြီ သီချင်းပုံစံလေးလည်း ပြလိုက်တော့ မသင်ဇာက သဘောလည်း ကျတယ်။ မသင်ဇာကလည်း သူကြိုက်တဲ့ Music တွေထဲမှာ EDM ပုံစံမျိုး အခုကျွန်တော်တို့ လုပ်ထားတဲ့ Music က Future Base Music ပေါ့နော် မသင်ဇာနဲ့လည်း လိုက်တယ်။ Future Base က တစ်ခါတစ်လေကျရင် Dark ဖြစ်တာတွေက များတယ် ဒါပေမဲ့ ကျွန်တော်တို့က Dark ဖြစ်တာဘက်ကို မသွားဘဲ ပျော်ရွှင်ဖို့ကောင်းတဲ့ Mood လေးတွေနဲ့ သွားထားတယ်ပေါ့နော်။ မသင်ဇာနဲ့လည်း လိုက်တယ် သူ့အသံကာလာလေးက လှတယ်လေ။ အဲ့လို Idea လေးတစ်ခုနဲ့ ကျွန်တော်တို့ အတူတူ တွဲလုပ်ဖြစ်သွားတာပေါ့။ မသင်ဇာက Duet ဆိုပေးထားတယ်။”လို့ ပြောသွားခဲ့ပါတယ်။


သင်ဇာဝင့်ကျော်နဲ့ နောက်ထက် ဓာတ်ပုံတွေ ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး “အဲ့တာက ဒီအတိုင်းပဲ Idea လေးတစ်ခုရလာတာ ပထမတစ်ခေါက်က ရိုက်လိုက်တာ။ ဒုတိယတစ်ခေါက်က Idea မဟုတ်ပါဘူး ကျွန်တော်တို့ MTV ရိုက်နေတာ ရိုက်နေရင်းတန်းလန်းနဲ့ ကျွန်တော့်ရဲ့ ဓာတ်ပုံဆရာက ဘေးနားကနေ Snap Shot လေးတွေ ရိုက်ပေးထားတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။မသင်ဇာရဲ့ သီချင်းဆိုပုံကိုဘယ်လိုမြင်လဲလို့ မေးမြန်းရာ “ကောင်းပါတယ်သူက မင်းသမီးဆိုပြီးတော့ သီချင်းကို လုံးဝမဆိုတတ်တာမျိုးမဟုတ်ဘူး ဆိုတတ်တယ်လေ သူ့ဟာနဲ့သူ အသံကာလာလေးကလည်း လှတယ်ပေါ့နော်။ မျက်နှာလေးလိုပဲ လှတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ကြတာကို ဟိန်းမင်းသူက “ဒါက ပြောချင်တဲ့သူတွေကတော့ ပြောနေမှာပဲ ကျွန်တော့်ကိုဆိုလည်း ပြောကြတာပဲ လူဆိုတာက ကျွန်တော်ပြောနေကြ စကားပုံလိုပဲ မြင်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် စကားပုံလေးအတိုင်းပဲ လူဆိုတာက ဘယ်လိုလုပ်လုပ်ကို ပြောနေမှာပဲ ပြောနေတာတွေအကုန်လုံးကို ကျွန်တော်က လိုက်ယူနေလို့မရဘူး။ ဒါပေမဲ့ လူပဲ ကျွန်တော်တို့လည်း ပုထုစဉ်ဖြစ်တဲ့အတွက် သူများတွေ ပြောတဲ့အရာတွေကို Take လုပ်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ လျှော်ဖြစ်သွားပါတယ်။ သိပ်ပြီးတော့ အရမ်းကြီး ခေါင်းထဲ သိပ်မထည့်ဖြစ်တော့ဘူး။


 ပြောကြမှာပဲ မသင်ဇာဆိုရင် ကျွန်တော့်ထက် အများကြီး ရင့်ကျက်တယ် ပြီးတော့ အရမ်းလည်း Confidence ဖြစ်တယ်။ အဲ့တာတွေကိုဆို သူက ဘာမှမဖြစ်ဘူး သိတယ်မလား။ တစ်ခါတစ်လေကျရင် ပုံအကြောင်းတောင် ပြောဖြစ်ရင်းနဲ့ တစ်ချို့Comment တွေ တွေ့တာပေါ့နော်။ ရယ်ရတယ်လို့တောင် ပြောတယ်ပေါ့နော် ဟာသတစ်ခုလိုပဲ။ မသင်ဇာက အဲ့လိုမျိုးလုပ်တာ ကောင်းတယ် Differenceဖြစ်တယ်။ ၁၀၀ကြိုက်ရင်ဗျာ ၃၀လောက်က မုန်းရင်မုန်းနေမှာပဲလေ ဘယ်သူမဆို ဒါကတော့ ဘာမှမဖြစ်ပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top